ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများစာမျက်နှာ

ပြီးခဲ့သည့် (၁)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၂.၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများနှင့် ပြီးခဲ့သည့် (၇)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများကို USGS website မှ တိုက်ရိုက် ရယူ၍ Widget များဖြင့် mmweather ၏ ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများ စာမျက်နှာ တွင် တင်ပြထားပါသည်။

မြေငလျှင်လှုပ်ခြင်းအား ယနေ့ထက်တိုင် နေရာအတိအကျ၊ မြေပြင်/ရေပြင်အောက် အနက် အတိအကျ၊ အချိန်အတိအကျနှင့် ပြင်းအားအတိအကျ တို့ကို ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသေးပါ။ သို့သော် လူသားတို့၏ အသက်ပေါင်းများစွာကို ရုတ်တရက် နှုတ်ယူသွားတတ်သည့်အပြင် အိုးအိမ်စည်းစိမ် အမြောက်အများကိုလည်း ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် ငလျှင်လှုပ်ခတ်မှု သဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုထား၍လည်းမရနိုင်ပါ။

နိုင်ငံတကာရှိမြေငလျှင်လှုပ်ခတ်မှုများ၊ မြေငလျှင်လှုပ်ခတ်မှုပြင်းထန်သော/မကြာခဏလှုပ်တတ်သော ဒေသများတွင် ငလျှင်လှုပ်ခတ်လာပါက ပျက်စီးဆုံးရှုံးမှုဒဏ်ကို နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၊ NGO များက မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မျက်ချေမပြတ်လေ့လာနေကြရန်လိုအပ်ပါသည်။

ထိုသို့လေ့လာတွေ့ရှိချက်များအပေါ်အခြေခံပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အလားတူ ငလျှင်ပြင်းများလှုပ်ခတ်သည့် သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့လာရလျှင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်၊ ကာကွယ်မှုများကို မည်သို့မည်ပုံ ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် ဗဟုသုတ ရှာမှီးနိုင်ကြစေရန်ရည်ရွယ်ရေးသားလိုက်ရပါသည်။

mmweather administration team

ဟေတီငလျှင်နှင့်ပတ်သက်သည့် ကုလသမ္မဂ္ဂ အစီရင်ခံစာ

လူပေါင်း ၁၃ဝဝဝ ခန့် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကာ အာဏာပိုင်များက လူ့အသက်ပေါင်း ၅ သောင်းထက်မနည်း သေဆုံးလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ Carrefour, Gressier နှင့် Leogane မြို့များတွင် အဆိုးရွားဆုံးခံခဲ့ကြရပြီး လူဦးရေ ၁၃၄ဝဝဝ ရှိသည့် Leogane မြို့လေးတွင် လူနေအဆောက်အဦ ၈ဝ% မှ ၉ဝ% အထိ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

ဟေတီငလျှင်နှင့်ပတ်သက်သည့် ကုလသမ္မဂ္ဂ OHCA ၏ ကယ်ဆယ်ရေးဆောင်ရွက်နေမှုနှင့် ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာအား PDF ဖြင့် ရယူလေ့လာနိုင်ပါသည် -

ဟေတီငလျှင်နှင့်ပတ်သက်သည့် ကုလသမ္မဂ္ဂ အစီရင်ခံစာ (Download)

HIGHLIGHTS/KEY PRIORITIES
• Fuel for humanitarian operations will only last 2 to 3 more days before operations will be forced to cease. A fuel distribution mechanism is required urgently.
• 27 Urban Search and Rescue teams are deployed across priority locations with approximately 1,500 rescue workers and 115 dogs. There have been 58 live rescues so far by these teams.
• A joint UNDAC/EU/WFP assessment found 80-90 percent of the buildings destroyed in Leogane and 40-50 percent in Carrefour and Gressier.
• Priorities for assistance continue to be search and rescue, medical services, shelter, food and water.
• IOM estimates that 200,000 families (up to one million people) are in need of immediate shelter and non-food assistance.
• Major health concerns include untreated trauma wounds and infection of wounds.

ဖိလစ်ပိုင် မေယွန် မီးတောင်အနီး လေယာဉ် မပျံသန်းရန် ညွှန်ကြားထား

ပေါက်ကွဲရန် အဆင်သင့် အနေအထားနှင့် ချော်ရည်ပူ ပြာမှုန့်များ လွှတ်ထုတ်နေသည့် မေယွန်မီးတောင် (ဓါတ်ပုံ – wikimedia )

အချိန်မရွေး ပေါက်ကွဲ နိုင်ကြောင်း ပညာရှင် များက သတိ ပေးထားသည့် မေယွန် မီးတောင်အနီး လေယာဉ်များ ပျံသန်းခြင်း မပြုရန် သက်ဆိုင်ရာ တာဝန် ရှိသူများက ညွှန်ကြားထား ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် မီးတောင်ဗေဒ ပညာရေး ဌာနက မီးတောင်ရုတ်တရက် ပေါက်ကွဲ ပါက လွင့်စင် ထွက်လာသည့် ပြာနှင့် အခြား အမှုန်အမွှား များက အနီးအနား လေထုကို အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်သဖြင့် လေယာဉ် ပိုင်းလော့များမှာ မီးတောင် အနီးကပ်၍ ပျံသန်းမှုကို ရှောင်ကြဉ် သင့်ကြောင်း အကြံပြုထားသည်။

ပြည်သူ့ လေကြောင်း အာဏာပိုင်များ အနေနှင့် ပိုင်းလော့ များအား မီးတောင်နှင့် ခပ်ဝေးဝေးမှ ရှောင်ကွင်း ပျံသန်းရန် စီစဉ် ညွှန်ကြားသင့်ကြောင်း ပညာရှင်များက ပြောကြားခဲ့ပြီး၊  ဒီဇင်ဘာ (၂၈)ရက် နေ့က မီးတောင်အတွင်းမှ ပြာမှုန်များ ကန်ထွက်လာသည့် ပေါက်ကွဲမှုပေါင်း (၉)ခုကို တွေ့ရှိရသော်လည်း အကြီးစား ပေါက်ကွဲမှုကြီး တခုထပ်မံ ဖြစ်လာ နိုင်သေးကြောင်း ပညာရှင် များက ဒီဇင်ဘာ (၂၉) ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၈)ရက် နေ့က မီးတောင်အနီးတွင် ငလျင်လှုပ်ရှားမှု (၃၈)ကြိမ် နှင့် မြေပြိုမှု (၁၇၁)ကြိမ် ဖြစ်ပွားပြီးနောက် သတိပေးချက်ကို အမြင့်ဆုံး အဆင့်အဖြစ် ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်သည်။ ထို့အပြင် ထိုနေ့က တိုင်းတာမှုအရ မီးတောင်မှ မှုတ်ထုတ်နေသည့် ဒိုင်အောက်ဆိုက် အဆိပ်မီးခိုး ဓာတ်ငွေ့များ၏ ပမာဏမှာ တနေ့လျှင် (၃၄၁၆)တန် အထိ ရှိနိုင်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် အာဏာပိုင်များသည် မီးတောင်အနီးမှ ပြည်သူများကို ရွှေ့ပြောင်း ပေးထား သော်လည်း ၎င်းတို့က နေရပ် ပြန်လိုကြောင်း တောင်းဆိုမှုများ ကိုလည်း ဖြေရှင်း ပေးနေရဆဲ ဖြစ်သည်။

မှတ်ချက် – mmweather google group တွင် သူကြီးတင်ပေးသည့် post ဖြစ်ပါသည်