ယနေ့နံနက် ဝဝး၃ဝ နာရီ JTWC ထုတ်ပြန်ချက်အရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဖြေးညှင်းစွာ ဆက်လက်ရွေ့လျားနေပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့မြောက်ယွန်းယွန်း ၄၄၅ ခန့်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့အနောက်ဘက် ၈၂၅ မိုင် ခန့် နှင့် ပို့ဘလဲယားကျွန်းအနောက်ဘက် မိုင် ၄၅ဝ ခန့်တွင် တည်ရှိနေကြောင်း JTWC data များအရ သိရပါသည်။
လေဖိအားနည်းရပ်ဝန်း၏ ဗဟိုတွင် လေတိုက်နှုန်းမှာ ယမန်နေ့ကအတိုင်း တစ်နာရီလျှင် ၁၇ မိုင် မှ ၂၃ မိုင် အထိ မပြောင်းလဲပဲ ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းတစ်ခု အဖြစ်သို့ရောက်ရှိလာနိုင်ချေမှာလည်း အားနည်းလျှက်ပင်ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။