အမေရိကန်ပြည်ထောင်စု Department Of Commerce အောက်မှာ ရှိတဲ့ National Oceanic and Atmospheric Administration(NOAA) ဌာနရဲ့ သိပ္ပံပညာရှင်များက အခုနှစ် အယ်နီညိုဖြစ်ပေါ်မှုသည် ကမ္ဘာ့မိုးလေဝသ၊ ကမ္ဘာ့သမုဒ္ဒရာရေပြင်အခြေအနေနဲ့ ပင်လယ်/သမုဒ္ဒရာထဲက သက်ရှိသတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှု သိသိသာသာ ဖြစ်ပေါ်စေလိမ့်မယ်လို့ ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ဖေါ်ကြေညာခဲ့ကြပါတယ်။
မူရင်းစာမျက်နှာအားလေ့လာရန် http://www.noaanews.noaa.gov/stories2009/20090709_elnino.html

ကမ္ဘာ့ပင်လယ်/သမုဒ္ဒရာများ၏ ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုပြ animation ပုံ
၂ နှစ်မှ ၅ နှစ် အတွင်းမှာ တစ်ကြိမ်ဖြစ်ပေါ်တတ်တဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း၊ အပူပိုင်းဒေသရဲ့ သမုဒ္ဒရာရေပြင် အပူချိန်မြင့်တက်စေမှုဟာ ပုံမှန်အားဖြင့် ၁၂ လ ခန့် ကြာတတ်ကြောင်းနဲ့ အခု တစ်ကြိမ်ဖြစ်ပေါ်တဲ့ အယ်နီညိုဟာ အားပိုကောင်းလာနိုင်ကာ ၂ဝဝ၉ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလဆန်း မတိုင်မီ မှာ စတင်ဖြစ်ပေါ်ပြီး ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် ဆောင်းဦးကာလ အထိ ကြာရှည်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ကြပါတယ်။ အယ်နီညိုဖြစ်ပေါ်မှုဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်အလယ်ပိုင်း အင်ဒိုနီးရှားနိုင်ငံပေါ်က ခြောက်သွေ့ပူပြင်းမှုတွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာမယ်လို့လဲ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့လူ့အသိုင်းအဝန်းရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ စီးပွားရေးတွေ မှာ ထိခိုက်ဆုံးရှုံးမှု မဖြစ်ရအောင် အစိုးရအဖွဲ့အစည်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူတွေနဲ့ စက်မှု/စီးပွားကုန်ထုတ်လုပ်ငန်းကြီးများကို ဆောင်ရွက်ကြသူတွေက ခန့်မှန်းတွက်ချက်ပြီး ဆုံးဖြတ်ချက်ချကြရာမှာ ဒီကနေ့ တိုးတက်လာတဲ့ သိပ္ပံပညာတွေနဲ့ အယ်နီညိုဖြစ်ပေါ်လာမှု ခန့်မှန်းချက်တွေဟာ ကမ္ဘာ့မိုးသေဝသဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ်အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အကြောင်း ဖေါ်ထုတ်တင်ပြပေးလိုက်နိုင်ပါပြီ လို့ NOAA ရဲ့ ဥက္ကဌဖြစ်သူ Jane Lubchenco က ပြောကြားခဲ့ပါတယ်။
“Advanced climate science allows us to alert industries, governments and emergency managers about the weather conditions El Niño may bring so these can be factored into decision-making and ultimately protect life, property and the economy,”
အယ်နီညိုဖြစ်ပေါ်မှုကြောင့် ဖြစ်ပေါ်လာနိုင်မဲ့ အကျိုးသက်ရောက်မှုတွေဟာ သူဖြစ်ပေါ်တဲ့ အင်အား၊ သမုဒ္ဒရာ အပူချိန်မြင့်မားမှု ကြာမြင့်ချိန်နဲ့ ဖြစ်ပေါ်တဲ့ အချိန်တွေပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်ကြောင်း၊ အယ်နီညိုဖြစ်ပေါ်မှုကြောင့် ဆိုးကျိုးတွေချည်းသက်ရောက်မှုရှိတာ မဟုတ်ပဲ ကောင်းကျိုးတွေလဲဖြစ်ပေါ်နိုင်ကြောင်း – ဥပမာအားဖြင့် အတ္တလန်တိတ်သမုဒ္ဒရာမှာ ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်မှုကို လျော့ကျသွားစေနိုင်ပြီး အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းဒေသတွေမှာ လေပြင်းများကျရောက်မှု နည်းသွားစေနိုင်တာကြောင့် ဖလော်ရီဒါမှာ ဖြစ်လာနေကျ တောမီးလောင်ကျွမ်းမှုတွေကို လဲ လျော့နည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အယ်နီညိုရဲ့ ဆိုးကျိုးဖြစ်ပေါ်စေနိုင်မှု တွေကြောင့် ကာလီဖိုးနီးယားပြည်နယ်ရဲ့ ဆာင်းလေအေးတိုက်ခတ်မှုတွေလျော့ပါးသွားစေပြီး တောင်ပိုင်း အမေရိက ကို ဝင်ရောက်မဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေပိုလာစေနိုင်ကြောင်း၊ အင်ဒိုနီးရှားလိုဒေသမျိုးမှာတော့ မိုးခေါင်သွားစေနိုင်ကြောင်း ခန့်မှန်းထားတာ တွေ့ရပါတယ်။
အခု ဇူလိုင်လ အစပိုင်းမှာ ပြုလုပ်တဲ့ NOAA ရဲ့ လစဉ်ဆွေးနွေးပွဲမှာ ပစိဖိတ်အပူပိုင်းဒေသ ရဲ့ သမုဒ္ဒရာရေအပူချိန်ဟာ ဇွန်လကုန်ပိုင်းမှာ ပုံမှန်ထက် ၁ ဒီဂရီဆဲလ်ဆီးယပ်စ် မြင့်တက်နေတာနဲ့ နာက်ဆုံးဖြစ်ပေါ်ခဲ့တဲ့အယ်နီညိုဖြစ်စဉ်ဟာ ၂ဝဝ၆ ခုနှစ်အတွင်းမှာဖြစ်ခဲ့တာလို့လဲ မှတ်သားရပါတယ်။
အယ်နီညိုဖြစ်ပေါ်လာမှုကြောင့် ကမ္ဘာ့ကုန်သွယ်လေစီးကြောင်းကြီးတွေရဲ့ အင်အားလျော့ကျပြီး အလယ်ပစိဖိတ်သမုဒ္ဒရာရဲ့ အီကွေတာအနီးက အပူပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု ပိုမိုလာပြီး အင်ဒိုနီးရှားမှာတော့မိုးနည်းသွားမယ်လို့လဲ သိရပါတယ်။
NOAA ဟာ အယ်နီညိုဖြစ်ပေါ်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီးတော့လာမဲ့ သြဂုတ်လ ၆ ရက်နေ့မှာ ကြေညာချက်တစ်ကြိမ် ထပ်ပြီးထုတ်ပြန်ဦးမှာဖြစ်တဲ့အကြောင်း နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ မေလ ၂၁ ရက်ထုတ်ပြန်ချက်ကို http://www.cpc.noaa.gov/products/outlooks/hurricane.shtml မှာ ဖတ်ရှုလေ့လာနိုင်ကြပါကြောင်း တင်ပြလိုက်ပါတယ်။
မူရင်းစာမျက်နှာအားလေ့လာရန် http://www.noaanews.noaa.gov/stories2009/20090709_elnino.html
