ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများစာမျက်နှာ

ပြီးခဲ့သည့် (၁)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၂.၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများနှင့် ပြီးခဲ့သည့် (၇)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများကို USGS website မှ တိုက်ရိုက် ရယူ၍ Widget များဖြင့် mmweather ၏ ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများ စာမျက်နှာ တွင် တင်ပြထားပါသည်။

မြေငလျှင်လှုပ်ခြင်းအား ယနေ့ထက်တိုင် နေရာအတိအကျ၊ မြေပြင်/ရေပြင်အောက် အနက် အတိအကျ၊ အချိန်အတိအကျနှင့် ပြင်းအားအတိအကျ တို့ကို ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသေးပါ။ သို့သော် လူသားတို့၏ အသက်ပေါင်းများစွာကို ရုတ်တရက် နှုတ်ယူသွားတတ်သည့်အပြင် အိုးအိမ်စည်းစိမ် အမြောက်အများကိုလည်း ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် ငလျှင်လှုပ်ခတ်မှု သဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုထား၍လည်းမရနိုင်ပါ။

နိုင်ငံတကာရှိမြေငလျှင်လှုပ်ခတ်မှုများ၊ မြေငလျှင်လှုပ်ခတ်မှုပြင်းထန်သော/မကြာခဏလှုပ်တတ်သော ဒေသများတွင် ငလျှင်လှုပ်ခတ်လာပါက ပျက်စီးဆုံးရှုံးမှုဒဏ်ကို နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၊ NGO များက မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မျက်ချေမပြတ်လေ့လာနေကြရန်လိုအပ်ပါသည်။

ထိုသို့လေ့လာတွေ့ရှိချက်များအပေါ်အခြေခံပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အလားတူ ငလျှင်ပြင်းများလှုပ်ခတ်သည့် သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့လာရလျှင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်၊ ကာကွယ်မှုများကို မည်သို့မည်ပုံ ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် ဗဟုသုတ ရှာမှီးနိုင်ကြစေရန်ရည်ရွယ်ရေးသားလိုက်ရပါသည်။

mmweather administration team

ကပ္ပလီပင်လယ်အတွင်း ၆.၂ အင်အားရှိမြေငလျှင်လှုပ်

ယနေ့နံနက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၁၈ မိနစ်၊ ၄၆ စက္ကန့်၊ ဒေသစံတော်ချိန်  နံနက် ၈ နာရီ ၄၈ မိနစ် ၄၆ စက္ကန့် တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ အနောက်တောင်ဘက် ၆၄ဝ မိုင်ခန့် ၊ ကော့သောင်းမြို့ အနောက်ဘက် မိုင် ၄၇ဝ ခန့်၊  အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့တောင်ဘက် မိုင် ၁၇ဝဝ ခန့်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၇ဝဝ ခန့် ကပ္ပလီပင်လယ်အတွင်း ၊ ပင်လယ်ကြမ်းပြင်အောက် ၁၇.၈ ကီလိုမီတာ (၁၁.၁ မိုင်ခန့်) အနက်တွင် ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၆.၂ ရှိသည့် မြေငလျှင်တစ်ခုလှုပ်သွားကြောင်း သတင်းရရှိပါသည်။

Earthquake Details

Magnitude 6.2
Date-Time
Location 8.099°N, 91.886°E
Depth 17.8 km (11.1 miles) (poorly constrained)
Region NICOBAR ISLANDS, INDIA REGION
Distances 165 km (100 miles) W of Misha, Nicobar Islands, India
405 km (250 miles) SSW of Port Blair, Andaman Islands, India
1125 km (700 miles) WSW of BANGKOK, Thailand
2745 km (1700 miles) SE of NEW DELHI, Delhi, India
Location Uncertainty horizontal +/- 6 km (3.7 miles); depth +/- 22.4 km (13.9 miles)
Parameters NST=114, Nph=114, Dmin=>999 km, Rmss=0.92 sec, Gp= 58°,
M-type=teleseismic moment magnitude (Mw), Version=7
Source
  • USGS NEIC (WDCS-D)
Event ID us2009nvaj
  • This event has been reviewed by a seismologist.
Posted in Quakes. Tags: . 1 Comment »

ကပ္ပလီပင်လယ်အတွင်း ၅.၄ အင်အားရှိငလျှင်လှုပ်

ယနေ့နံနက် မြန်မာစံတော်ချိန် ၃ နာရီ ၃၅ မိနစ် ၄၇ စက္ကန့် အချိန်တွင် ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၂၇ဝ ခန့် ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၂၂ဝ ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း လေဆိပ် အနောက်-အနောက်တောင်ဘက် ၁၈ မိုင် ခန့် ကပ္ပလီပင်လယ်အတွင်းတွင် ပင်လယ်ကြမ်းပြင်အောက် ၃၂.၄ ကီလိုမီတာ (၂ဝ.၁ မိုင်ခန့်)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅.၄ ရှိသည့် အင်အားအသင့်အတင့်ရှိသော မြေငလျှင်တစ်ခု လှုပ်သွားကြောင်း သိရပါသည်။

Earthquake Details

Magnitude 5.4
Date-Time
Location 14.030°N, 93.109°E
Depth 32.4 km (20.1 miles)
Region ANDAMAN ISLANDS, INDIA REGION
Distances 265 km (165 miles) N of Port Blair, Andaman Islands, India
350 km (220 miles) SSW of Pathein (Bassein), Myanmar
800 km (495 miles) W of BANGKOK, Thailand
2295 km (1430 miles) SE of NEW DELHI, Delhi, India
Location Uncertainty horizontal +/- 7.3 km (4.5 miles); depth +/- 5 km (3.1 miles)
Parameters NST= 73, Nph= 79, Dmin=818.2 km, Rmss=0.83 sec, Gp= 65°,
M-type=body wave magnitude (Mb), Version=6
Source
  • USGS NEIC (WDCS-D)
Event ID us2009nmbw
Posted in Quakes. Tags: . 1 Comment »
Follow

Get every new post delivered to your Inbox.