ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများစာမျက်နှာ

ပြီးခဲ့သည့် (၁)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၂.၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများနှင့် ပြီးခဲ့သည့် (၇)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများကို USGS website မှ တိုက်ရိုက် ရယူ၍ Widget များဖြင့် mmweather ၏ ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများ စာမျက်နှာ တွင် တင်ပြထားပါသည်။

မြေငလျှင်လှုပ်ခြင်းအား ယနေ့ထက်တိုင် နေရာအတိအကျ၊ မြေပြင်/ရေပြင်အောက် အနက် အတိအကျ၊ အချိန်အတိအကျနှင့် ပြင်းအားအတိအကျ တို့ကို ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသေးပါ။ သို့သော် လူသားတို့၏ အသက်ပေါင်းများစွာကို ရုတ်တရက် နှုတ်ယူသွားတတ်သည့်အပြင် အိုးအိမ်စည်းစိမ် အမြောက်အများကိုလည်း ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် ငလျှင်လှုပ်ခတ်မှု သဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုထား၍လည်းမရနိုင်ပါ။

နိုင်ငံတကာရှိမြေငလျှင်လှုပ်ခတ်မှုများ၊ မြေငလျှင်လှုပ်ခတ်မှုပြင်းထန်သော/မကြာခဏလှုပ်တတ်သော ဒေသများတွင် ငလျှင်လှုပ်ခတ်လာပါက ပျက်စီးဆုံးရှုံးမှုဒဏ်ကို နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၊ NGO များက မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မျက်ချေမပြတ်လေ့လာနေကြရန်လိုအပ်ပါသည်။

ထိုသို့လေ့လာတွေ့ရှိချက်များအပေါ်အခြေခံပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အလားတူ ငလျှင်ပြင်းများလှုပ်ခတ်သည့် သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့လာရလျှင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်၊ ကာကွယ်မှုများကို မည်သို့မည်ပုံ ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် ဗဟုသုတ ရှာမှီးနိုင်ကြစေရန်ရည်ရွယ်ရေးသားလိုက်ရပါသည်။

mmweather administration team

ပထမဦးဆုံး ဆူနာမီ လေ့ကျင့်မှု မြန်မာနိုင်ငံတွင် ပြုလုပ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆူနာမီ ကြိုတင်လေ့ကျင့်မှုတခုကို ကမ်းရိုးတန်း ဒေသများဖြစ်သော ပြည်နယ် နှင့် တိုင်း ၅ ခုတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆက်သွယ်ရေး စမ်းသပ်မှု (Communication Test) တခု လေ့ကျင့် ပြုလုပ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

အိန္ဒိယသမုဒ္ဒရာနှင့် နီးစပ်တည်ရှိနေသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံတို့တွင် ဆူနာမီလေ့ကျင့်မှုတခုကို ပြုလုပ်စေပြီးနောက် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွင် လေ့ကျင့်မှု ဖြစ်ပေါ်လာခဲ့သည်။

သတိပေးချက် မြန်ဆန် ထိရောက်မှုနှင့် ပတ်သက်၍ သိရှိလေ့လာနိုင်ရေး ရည်ရွယ်ကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ မိုးဇလက ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်မိုးဦးက မဇ္စျိမကို ပြောသည်။

“ဒီမနက် ၇း၃၀ နာရီမှာ စတယ်။ အဓိက သတ်မှတ်တဲ့ဒေသတွေက ၂၀၀၄ ခုနှစ်က ဆူနာမီ အများဆုံးဖြစ်ခဲ့တဲ့ ဒေသတွေမှာ လုပ်ပါတယ်။ သဘာဝ ဘေးအန္တာရာယ်နဲ့ ပတ်သက်တဲ့ ဌာနဆိုင်တွေ အားလုံးပါတယ်။ အဲဒီ အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီးတော့ လူရွှေ့ပြောင်းမှု မပါဘဲနဲ့ အဓိကတော့ Communication test (ဆက်သွယ်ရေး) ကိုစမ်းသပ်တာပါ” ဟု ပြောသည်။

စမ်းသပ် လေ့ကျင့်စေရာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျေးရွာတရွာ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်ဆဲကျေးရွာ၊ ရန်ကုန်တိုင်းအတွင်းရှိ လက်ခုပ်ကုန်း ကျေးရွာ၊ တနင်္သာရီတိုင်းရှိ ကဒုံကနိကျေးရွာနှင့် ဧရာဝတီတိုင်း၊ ပြင်စလူမြို့နယ်အတွင်းရှိ ကျေးရွာတရွာတို့ ပါဝင်သည်။

“ပြည်သူလူထု မပါဘူးဆိုပေမဲ့ NGOs၊ INGOs အဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ ကျေးရွာတွေက Volunteers (လုပ်အားပေး) တွေပါတယ်” ဟု မိုးဇလ အရာရှိကပြောသည်။

ဂျပန် မိုးလေဝသ အေဂျင်စီ (JMA) နှင့် ပစ္စဖိတ် ဆူနာမီ သတိပေးချက် ဗဟို (PTWC) တို့မှ ပေးပို့သည့် ဆူနာမီ သတိပေး အချက်အလက်များကို မိုးဇလအနေဖြင့် အစမ်းလေ့ကျင့်သည့် ကမ်းရိုးတန်း ဒေသတို့ကို တဆင့်ပေးပို့ကာ အချိန်ကြာမြှင့်ချိန်ကို ဆန်းစစ်သွားမည် ဖြစ်သည်။

“ကျနော်တို့ သတင်းစပြီး ထုတ်လွှင့်တဲ့ အချိန်ကနေ ရပ်ကွက်၊ ကျေးရွာရောက်တဲ့အထိ ဘယ်လောက်ကြာသွားသလဲ ဆိုတာကို ကျနော်တို့က ဆန်းစစ်တာပါ။ တကယ်လို့ ကျနော်တို့ပို့တဲ့ သတင်းအချက်အလက်က အချိန်မှီရဲ့လား ဆိုတာကို ကျနော်တို့အနေနဲ့ အန္တာရာယ် ဖြစ်လာလို့ ရှောင်ရှားဖို့ အချိန်လုံလောက်မှုရှိ၊ မရှိဆိုတာကို ဆန်းစစ်ဖို့အတွက် အချိန်ကို ကြည့်တာပါ” ဟု ဦးကျော်မိုးဦးက ပြောသည်။

သက်ဆိုင်ရာ စမ်းသပ်ဒေသများမှ ထွက်ရှိလာမည့် ရလဒ် အစီရင်ခံစာကို အိန္ဒိယ သမုဒ္ဒရာပြင် (IO-Wide) ကို တလအတွင်း ပေးပို့ရမည် ဖြစ်သည်။

အစိုးရအနေဖြင့် ဆူနာမီ လေ့ကျင့်ပြုလုပ်သည့် ကမ်းရိုးတန်းဒေသများတွင် အချိန်မီ ဆက်သွယ် သတင်း အချက်အလက် ပေးနိုင်ရန် စီဒီအမ်အေ (CDMA) တယ်လီဖုန်းများ ချထားပေးပြီး ဖြစ်သည်ဟု ပြောသည်။

၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီ ငလျင်လှိုင်းကြောင့် နိုင်ငံပေါင်း ၁၂ နိုင်ငံထက် မနည်းတွင် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ၆၁ ဦးသေဆုံးကာ၊ ပျောက်ဆုံးသူ ၄၀၀ ဦးခန့်နှင့် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မဇ္စျိမ RSS FEED မှ ကူးယူဖေါ်ပြပါသည် –  by thant.aung@gmail.com ( နန်းဒေဝီ)

အဆိုးထဲက-အကောင်းကိုလေ့လာခြင်း

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်တဲ့အခါ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန်လက်မများစွာရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။
ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWAHRA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။ အဲဒီလို effect တွေကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။
PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။
အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကိုဖြတ်တိုက်ပြီးအပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ နောက်တော့ အနောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကိုခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။
တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီးမိုးများများရွာခဲ့တာတွေ့ရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့်  လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊ ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWAHRA EFFECT ကြောင့် ပုံမှန်လမ်းကြောင်းသွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန် လက်မများစွာကို ရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။

နှစ် ၄ဝ အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း KETSANA ဖြစ်ပေါ်ခဲ့ရာလမ်းကြောင်း

ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWHARA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။

“The Fujiwhara effect or Fujiwara interaction is a type of interaction between two nearby cyclonic vortices, causing them to appear to “orbit” each other.” (Wiki)

FUJIWHARA EFFECT ကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။

PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။

အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်တိုက်ပြီး အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ပြီးတော့မှ နောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကို ခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။

တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိန်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီး မိုးများများရွာခဲ့ကာ ဒေသအလိုက် တချို့နေရာတွေမှာ ရေကြီးတာတွေတွေ့ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ခဲ့သမျှ မုန်တိုင်းများ၏လမ်းကြောင်းပြပုံ

စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့် -

  • လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊
  • မုန်တိုင်းတစ်ခုရယ်လို့ ဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊
  • ပြီးတော့ – ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWHARA EFFECT ကြောင့် ပုံမှန်လမ်းကြောင်း သွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရခဲ့ပါတယ်၊

ဒါကြောင့် “အဆိုးထဲကအကောင်း” လို့ ရှုမြင်မှတ်ယူပြီး ဒီလေ့လာတွေ့ရှိချက်များကို mmweather ပရိသတ်များ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတပွားများစေဘို့ ရည်ရွယ်ရေးသားလိုက်ကြောင်းပါခင်ဗျား ….

ဦးဝင်းနိုင် (mmweather administration team)

Follow

Get every new post delivered to your Inbox.