MIRINAE လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီ

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း MIRINAE သည် ယမန်နေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် အပူပိုင်းမုန်တိုင်းအဖြစ်အားပျော့သွားကာ ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဆက်လက် အားပျော့လျှက်ရှိကာ မကြာမီ လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင်ရရှိသည့် data များအရ သိရပါသည်။

နိုဝင်ဘာလ ၃ ရက်  မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် တိုင်ဖွန်းမုန်တိုင်း MIRINAE ၏ အကြွင်းအကျန် တိမ်တိုက်ကြီးများကို ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ အပြင် မလေးရှားနိုင်ငံ  မြောက်ပိုင်းဒေသများတွင်လည်း  တွေ့နိုင်ပါသည်။ ထို့ကြောင့် အထက်ပါဒေသများတွင် မုန်တိုင်း အကြွင်းအကျန် မိုးများရွာနိုင်ကြောင်းလည်း သိရှိခန့်မှန်းနိုင်မည်ဖြစ်ပါသည်။

ယခု post သည် MIRINAE (23W) (SANTI) အစရှိသည့် အမည်များဖြင့် ဖြစ်ပေါ်လာခဲ့သော တိုင်ဖွန်းမုန်တိုင်းအတွက် နောက်ဆုံးတင်ပြသော post ဖြစ်ပြီး MIRINAE ပြန်လည်အားကောင်းလာနိုင်ခြင်းရှိ/မရှိ ဆက်လက်စောင့်ကြည့်လေ့လာကာ ထူးခြားမှုရှိလျှင် ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။

 

ဗီယက်နမ်သို့ဝင်ခါနီး MIRINAE တိုင်ဖွန်းအဆင့်သို့ ပြန်ရောက်လာ

အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့သော MIRINAE သည် ယနေ့ 0600 GMT (မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ) တွင် ရရှိသော data များအရ တိုင်ဖွန်းမုန်တိုင်း အဆင့်-၁ သို့ ပြန်လည်ရောက်ရှိအားကောင်းလာကာ လမ်းကြောင်းမှာ တောင်ဘက်သို့ ၂၂ မိုင်ခန့် ဆင်းလာပြီး ကုန်းတွင်းသို့ ဝင်ရောက်လျှက်ရှိနေပါသည်။

ယခုကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်မှ မိုင် ၉ဝ အထိ ရှိနေပါသည်။

အပူပိုင်းမုန်တိုင်း MIRINAE ဗီယက်နမ်ကမ်းခြေအားစတင်ဖြတ်ကျော်လျှက်ရှိ

အပူပိုင်းမုန်တိုင်း MIRINAE သည် ယနေ့နံနက် ဝ၆း၃ဝ နာရီ JTWC  data များအရ ဗီယက်နမ်နိုင်ငံ Phu Yen ပြည်နယ်၊ Tuy Hoa မြို့ ကမ်းခြေ၏ အရှေ့ဘက် မိုင် ၁ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေအား စတင် ကျော်ဖြတ်လျှက် ရှိနေပါသည်။ မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၉ နာရီခွဲတွင် ကမ်းခြေမှ ၅၅ မိုင်ခန့် ၊ မြို့တော် ဟိုချီမင်း၏ အရှေ့မြောက်ဘက် မိုင် ၂၈ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း MIRINAE သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅ဝ မှ ၆၅ မိုင်နှုန်း အထိ ရှိနေပြီး နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါသည်။

Follow

Get every new post delivered to your Inbox.