အပူပိုင်းမုန်တိုင်း PARMA ကုန်းတွင်းသို့ဝင်ရောက်သွားပြီ

အပူပိုင်းမုန်တိုင်း PARMA သညှ် ယမန်နေ့ညနေ မြန်မာစံတော်ချိန် ၆ နာရီခန့်တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်၍ ကုန်းတွင်းသို့ဝင်ရောက်သွားပြီး လေဖိအားနည်းရပ်ဝန်းမှ အားပျော့ပျက်ပျယ်သွားတော့မည်ဖြစ်ပါသည်။ မုန်တိုင်းအကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးရွာနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်များ နှင့် တွဲဘက် လေ့လာကြပါရန် တင်ပြလိုက်ပါသည်။

စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော PARMA ၏ ဖြတ်သန်းသွားခဲ့ရာ လမ်းကြောင်းကို အောက်ဆုံးပုံတွင် ဖေါ်ပြပေးထားပါသည်။

အပူပိုင်းမုန်တိုင်း PARMA ဗီယက်နမ်ကမ်းခြေကိုစတင်ဖြတ်ကျော်

အပူပိုင်းမုန်တိုင်း PARMA ၏ ရှေ့ပိုင်းသည် ဗီယက်နမ်ကမ်းခြေကို မြန်မာစံတော်ချိန် ယနေ့ညနေ ၆ နာရီခွဲ မတိုင်မီVan-Uc မြစ်ဝတောင်ဘက် ၈ မိုင်ခန့်မှ ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်း၏ ဗဟိုမှာ ကမ်းခြေနှင့် ၁၃ မိုင်ခန့်သာ ကွာဝေးပြီး တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့် အနောက်ဘက်သို့ ရွေ့လျားနေပါသည်။ မုန်တိုင်းသည် ကမ်းခြေသို့ မဝင်ရောက်မီ အားအနည်းငယ်လျော့နည်းလာပြီး ကုန်းတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့ပျက်ပျယ်သွားမည်ဟုခန့်မှန်းထားပါသည်။

၂ဝဝ၉ ခုနှစ် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုံးဝပျက်ပျယ်သွားမည်ဟု ခန့်မှန်းထားကြသည့် PARMA သည် ယခုနှစ်အတွက် ၁၈ ရက်တိုင်တိုင်ကြာမြင့်သည့် သက်တမ်းအကြာရှည်ဆုံး မုန်တိုင်းစာရင်းဝင်သွားပြီဖြစ်ပါသည်။ လေဖိအားနည်းရပ်ဝန်းအဆင့်မှ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းအဆင့်သို့တိုင်ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအား ၃ ကြိမ်၊ ဟိုင်နန်ကျွန်းနှင့် ယခု ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတို့ကို ဝင်ရောက်တိုက်ခတ်ပြီး မုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပေါ်လာသည့် – လေပြင်းတိုက်ခတ်မှုအပြင်  ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ဖြစ်စေခဲ့ပါသည်။

အပူပိုင်းမုန်တိုင်း PARMA update 14OCT-01

အပူပိုင်းမုန်တိုင်း PARMA ဟာ ဒီနေ့ အောက်တိုဘာလ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ JTWC မှ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၈ဝလောက်မှာ ဗဟိုပြုနေပြီး – အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီကို ၃ မိုင်နှုန်းနဲ့ ဆက်လက်ရွေ့လျားနေပါတယ်။

လတ်တလော မုန်တိုင်းရဲ့ လေတိုက်နှုန်းကတော့ တစ်နာရီကို ၅၅ မိုင်မှ ၇၅ မိုင်နှုန်းအထိရှိပြီး ဦးတည်ရာ လမ်းကြောင်းဟာ မနေ့က ခန့်မှန်းချက်တွေထက် အပေါ်ကို အနည်းငယ်ရောက်သွားတဲ့အတွက် ကုန်းတွင်းသို့ ဝင်ရောက်မဲ့ နေရာဟာလဲ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Phong မြို့ရဲ့ တောင်ဘက် ၁ဝ မိုင်ခန့်၊ Thai Binh မြို့ရဲ့အရှေ့ မြောက်ဘက် မိုင် ၃ဝ ခန့်မှ ကမ်းရိုးတန်းကိုဖြတ်ကျော်ပြီး ကုန်းတွင်းသို့ ဝင်ရောက်မယ်လို့ JTWC data တွေအရ အခုလို ပုံဖေါ်တင်ပြပေးလိုက်ပါတယ်။

အခုလိုမုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်း အပေါ်ဘက်သို့ ပြောင်းသွားတဲ့အတွက် မြန်မာနိုငံ အောက်ပိုင်းဒေသတွေထက် အပေါ်ပိုင်းဒေသတွေမှာ မုန်တိုင်းအရှိန်ကြောင့် နေရာကွက်ပြီး မိုးကြီးနိုင်ဘွယ်ရှိကြောင်းခန့်မှန်းနိုင်ပါတယ်။ ရန်ကုန်မြို့အတွက် လာမဲ့ ၅ ရက်မိုးလေဝသခန့်မှန်းချက်ကို ဒီ LINK မှာ ကြည့်နိုင်ပါတယ်။

14OCT-0915-path

ပုံပေါ်တွင် click လုပ်၍ မူလ အရွယ်အစားကို ကြည့်ပါ 1000px x 511px – 127 kb

Follow

Get every new post delivered to your Inbox.