အပူပိုင်းမုန်တိုင်း MIRINAE ဗီယက်နမ်ကမ်းခြေအားစတင်ဖြတ်ကျော်လျှက်ရှိ

အပူပိုင်းမုန်တိုင်း MIRINAE သည် ယနေ့နံနက် ဝ၆း၃ဝ နာရီ JTWC  data များအရ ဗီယက်နမ်နိုင်ငံ Phu Yen ပြည်နယ်၊ Tuy Hoa မြို့ ကမ်းခြေ၏ အရှေ့ဘက် မိုင် ၁ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေအား စတင် ကျော်ဖြတ်လျှက် ရှိနေပါသည်။ မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၉ နာရီခွဲတွင် ကမ်းခြေမှ ၅၅ မိုင်ခန့် ၊ မြို့တော် ဟိုချီမင်း၏ အရှေ့မြောက်ဘက် မိုင် ၂၈ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း MIRINAE သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅ဝ မှ ၆၅ မိုင်နှုန်း အထိ ရှိနေပြီး နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါသည်။

တိုင်ဖွန်းမုန်တိုင်းဖြတ်ကျော်တိုက်ခတ်မှုခံရမည့် ဖိလစ်ပိုင်

ဖိလစ်ပိုင်တွင် ည ၈ နာရီမှ နံနက် ၈ နာရီအထိ တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) ဖြတ်ကျော်တိုက်ခတ်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ဖြတ်ကျော်တိုက်ခတ်စဉ် လေတိုက်နှုန်း အနည်းဆုံး တစ်နာရီ ၁၆၅ ကီလိုမီတာ (၁ဝ၂ မိုင်နှုန်းခန့်) ဖြင့် တိုက်ခတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနမှ သတိပေးချက်များထုတ်ပြန်ထားပါသည်။

မုန်တိုင်း၏ လမ်းကြောင်းမှာ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ခန့်မှန်းထားချက်မှ သိသာစွာပြောင်းလဲ ခြင်းမရှိဘဲ မုန်တိုင်းမျက်စေ့သည် ယနေ့ည ဖိလစ်ပိုင်စံတော်ချိန် ၈ နာရီမှ နောက်တစ်နေ့ နံနက် ၈ နာရီအထိ ယင်းလမ်းကြောင်းအတိုင်းဖြတ်ကျော်တိုက်ခတ်လိမ့်မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။

click on picture to view original size

30OCT-track

အောက်တိုဘာလ ၃၁ ရက်နံနက် မြန်မာစံတော်ချိန် ၆း၃ဝ နာရီ (00:00 GMT) တွင် တောင်တရုတ်ပင်လယ်သို့ ဆက်လက် ဝင်ရောက်လာသည့် အခါ MIRINAE သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၆း၃ဝ နောက်ပိုင်း (00:00 GMT) တွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားရာ နိုဝင်ဘာ ၂ ရက်နေ့ (တနင်္လာနေ့) တွင် ၄င်း၏ အခြေအနေအားဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ – လာမည့် ရက်သတ္တပတ်အတွက် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြီးနိုင်မည့် အခြေအနေသည် MIRINAE တောင်တရုတ်ပင်လယ်အတွင်း မည်ကဲ့သို့ ဆက်လက်ရွေ့လျားဦးမည်၊ အင်အားလျော့ကျ(သို့မဟုတ်) ပိုကောင်းလာမည် စသည့် အချက်များပေါ်တွင် မူတည်နေပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE ယနေ့ညနေပိုင်းတွင်ဖိလစ်ပိုင်ကိုဝင်တော့မည်

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) သည် မနီလာမြို့အရှေ့-အရှေ့မြောက်ယွန်းယွန်း မိုင် ၃၂ဝ ခန့်တွင်ရောက်ရှိဗဟိုပြုနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း တိုင်းတာရရှိချက်များအရ အနောက်ဘက်သို့ တစ်နာရီလျှင် မိုင် ၂ဝ နှုန်းခန့် (၁၇ နော်တီကယ်မိုင်နှုန်း) ဖြင့် ဆက်လက် ရွေ့လျားလျှက် ရှိနေပါသည်။ မုန်တိုင်းသည် အဆင့်-၂ (CAT2)အခြေအနေတွင်ရှိနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁ဝ၅ မိုင်မှ ၁၂၅ မိုင်အထိရှိမှာဖြစ်ကြောင်း WUND ၏ ပုံဖေါ်တင်ပြမှုတွင် အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။

လာမည့် ၁၂ နာရီအတွင်း အောက်တိုဘာလ ၃ဝ ရက်  သောကြာနေ့ ညနေပိုင်းတွင် ဖိလစ်ပိုင်အရှေ့ဘက်ကမ်းခြေအား စတင်ဖြတ်ကျော်ဝင်ရောက်တော့မည်ဟု TSR ခန့်မှန်းချက်အရသိရပါသည်။

Daet (14.2 N, 122.9 E) San Jose (15.8 N, 121.5 E)  Manila (14.6 N, 121.0 E) မြို့များအတွက် တိုက်ခတ်ခံရမှု ဖြစ်နိုင်ချေ ၅ဝ% မှ ၆၅% အထိရှိလာကြောင်း၊ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

Follow

Get every new post delivered to your Inbox.