တိုင်ဖွန်းမုန်တိုင်း NIDA ဂျပန်ပင်လယ်သို့ ဆက်လက်ရွေ့လျားနေ

ယနေ့နံနက် ဖိလစ်ပိုင်နိုင်ငံစံတော်ချိန် ၆းဝဝ နာရီ T2K မှ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ရာတွင် တိုင်ဖွန်းမုန်တိုင်း NIDA သည် အဆင့်-၁ မှ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ဆက်လက်၍အားလျော့လာနေပြီး မြောက်-အနောက်မြောက်ဘက်သို့ လမ်းကြောင်းပြောင်းရွေ့လျားနေသည်ဟု ဖေါ်ပြပါရှိပါသည်။

မုန်တိုင်း NIDA ၏ ဖြစ်ပေါ်ပြောင်းလဲ မှု အခြေအနေများကို ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည်။

မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေခြင်းကြောင့် အမြင့်ပိုင်းတွင်တိုက်ခတ်နေသော လေစီးကြောင်းအရှိန်မြင့်တက်လာကာ မုန်တိုင်း၏ အပေါ်ပိုင်းအစိတ်အပိုင်းများသို့ အေးမြခြောက်သွေ့သော လေများစီးဝင်လာစေခြင်း၊ ပင်လယ်ရေမျက်နှာပြင်အေးလာခြင်းနှင့် လေထုစိုထိုင်းဆ ကျဆင်းလာခြင်းတို့သည် မုန်တိုင်း NIDA ကို အားလျော့လာစေသည့် အချက်များဖြစ်ကြောင်း လေ့လာနိုင်ပါသည်။

လက်ရှိအချိန်တွင် မုန်တိုင်း NIDA သည် ဖိလစ်ပိုင် မိုးလေဝသပိုင်နက်၏ အရှေ့ဘက် ၁ဝ၅ မိုင်ခန့်တွင် ဗဟိုပြုနေပြီး၊ မြောက်/အနောက်မြောက်ဘက် သို့ တစ်နာရီလျှင် ၁၁ ကီလိုမီတာနှုန်း( တစ်နာရီလျှင် ၇ မိုင်နှုန်းခန့်) ဖြင့် ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်းရွေ့လျားနေမှုအခြေအနေအရ ပင်လယ်ပြင်တွင်သာရှိနေပြီး ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်နိုင်မည့်အခြေအနေမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

အောက်ဖေါ်ပြပါပုံတွင် ဒီဇင်ဘာလ ၂ ရက် 0000 UTC အချိန် နိုင်ငံ ၆ နိုင်ငံမှ မုန်တိုင်းလမ်းကြောင်းခန့်မှန်းပုံဖေါ်ထားမှု ကိုတွေ့မြင်နိုင်ပါသည်။

တိုင်ဖွန်းမုန်တိုင်း NIDA(26W)နှင့်လေဖိအားနည်းရပ်ဝန်း(27W)

ယနေ့နံနက် မြန်မာစံတော်ချိန် ၉ နာရီ ၄၃ မိနစ် (03:13 UTC) တွင် ရရှိသည့် ဂြိုလ်တုမြေပုံတွင် တိုင်ဖွန်းမုန်တိုင်း NIDA ၏ လက်ရှိအခြေအနေနှင့် လေဖိအားနည်းရပ်ဝန်း 27W တို့၏ အခြေအနေအား အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။

View update sat-picture from WUND

အပူပိုင်းမုန်တိုင်း NIDA အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းဖြစ်လာ

အပူပိုင်းမုန်တိုင်း NIDA သည် နိုဝင်ဘာလ ၂၅ ရက် 00:00 UTC အချိန်တွင် မနီလာမြို့ အရှေ့ဘက် မိုင် ၁၅ဝဝ ခန့် ၊ ထိုင်ဝမ်ကျွန်း-ထိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၇ဝဝ ခန့် နှင့် ဂျပန်နိုင်ငံတောင်ဘက် မိုင် ၁၆၆ဝ ခန့်တွင် ဆက်လက်တည်ရှိနေပါသည်။ တိုင်ဖွန်းမုန်တိုင်း NIDA သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိ၍ ဖိလစ်ပိုင်ပင်လယ်သို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

လာမည့် ၇၂ နာရီ နိုဝင်ဘာလ ၂၈ ရက် 00:00 UTC တွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပြန်လည်အားလျော့လာပြီး မနီလာမြို့ အရှေ့ဘက် မိုင် ၁၁ဝဝ၊ ထိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၁၅ဝ သို့ ရောက်ရှိဗဟိုပြုနိုင်မည်ဟု TSR နှင့် JTWC ခန့်မှန်းချက်များမှ ပုံဖေါ်ရရှိပါသည်။

လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်မှ ၁၄၅ မိုင်အထိရှိကြောင်း WUND မှ လာမည့် ၅ ရက်အတွက် ကြိုတင်ခန့်မှန်းထားသည့် ပုံတွင် လေ့လာနိုင်ပါသည်။

စင်္ကာပူနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်သည့် သတိပေးချက် Cyclone Formation Alert မှာလည်း ဆက်လက်တည်ရှိနေပါသည်။

လေဖိအားနည်းရပ်ဝန်း 27W မှာလည်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေအနီးတွင်ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ၄င်းမှာ နောက် ၂၄ နာရီအတွင်း အားပျော့ပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း JTWC ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

Follow

Get every new post delivered to your Inbox.