အပူပိုင်းမုန်တိုင်းမှ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည့် WARD သည် ယနေ့နံနက် ဝဝး၃ဝ နာရီ JTWC ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့သွားပြီဖြစ်ပြီး နောက် ၁၂ နာရီအတွင်း လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း သိရပါသည်။

အပူပိုင်းမုန်တိုင်း WARD သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ သီရိလင်္ကာကျွန်း မြောက်ပိုင်းကို လေဖိအားနည်းရပ်ဝန်း အဖြစ်သာ ဖြတ်ကျော်မည်ဟု JTWC data များအရသိရပါသည်။
ယနေ့ နံနက် မြန်မာစံတော်ချိန် ၉း၃ဝ နာရီ ရရှိသော အချက်အလက်များအရ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်ဟု သိရပါသည်။

အပူပိုင်းမုန်တိုင်း WARD အခြေအနေ update
![]()
အပူပိုင်းမုန်တိုင်း WARD ၏ လက်ရှိအခြေအနေ – Current probability of tropical storm winds – auto update
![]()