44th comment by author for 22 July Eclips-Earthquake Theory

ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖြစ်လာနိုင်တဲ့ နေကြတ်ခြင်းနဲ့ ငလျှင်လှုပ်ခြင်း ဆက်စပ်ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး စတင်ရေးသားခဲ့သူ Britton LaRoche က ဇူလိုင်လ ၂ ရက်နေ့မှာ သူ့ရဲ့ Blog Post မှာဘဲ အခုအောက်မှာဖေါ်ပြထားတဲ့အတိုင်း ဆက်ရေးသားထားတာ ဖတ်ရတဲ့အတွက် ဆက်ပြီး ဖေါ်ပြပေးလိုက်ပါတယ်။

Hans Lenher ကလဲ သူ့လိုဘဲ တူညီတဲ့ အယူအဆကို စတင် ရေးသားခဲ့သူဖြစ်ပါတယ်။ အဲဒီမှာ Britton က USGS ရဲ့ အငြိမ်းစား ဘူမိဗေဒ ပညာရှင် ဖြစ်တဲ့ Jim Berkland နဲ့ သြစတေးလျှက ဘူမိ-သိပ္ပံပညာရှင် Ole Nielsen တို့နဲ့ ဆက်သွယ်ပြီး အဲဒီ ပညာရှင်ကြီး ၂ ယောက်ရဲ့ ထင်မြင်ချက်တွေကို မေးခဲ့ပါတယ် တဲ့။

ပြီးတော့ ကမ္ဘာ့မြေဆွဲအား သုတေသနအဖွဲ့ Ed Oberg နဲ့လဲ အီးမေးလ် ပေါ်မှာ အဆက်အသွယ်တွေလုပ်ခဲ့ရာမှာ Ed Oberg ပြောတဲ့ထဲက တစ်ခုကိုတော့ သူ့ blog ပိရိတ်သတ်အတွက် ပြောပြချင်ပါတယ်လို့ ရေးထားပါတယ်။

အဲဒါကတော့ Allias Effect လို့ခေါ်တဲ့ နေကြတ်တဲ့အချိန်မှာ ချိန်သီးတစ်ခု ကမ္ဘာ့မြေဆွဲအားမှာ လှုပ်ရမ်းနေတဲ့ အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အဖြစ်အပျက်ဖြစ်ပြီး ကမ္ဘာ့မြေဆွဲအားနဲ့ ပတ်သက်တဲ့ ပုံမှန် ရူပဗေဒ စမ်းသပ်မှု ပစ္စည်းတွေနဲ့ တိုင်းတာဖြေရှင်းလို့မရတဲ့ အဖြစ်အပျက်ပါလို့ ဆိုပါတယ်။ အဲဒီ Allias Effect ကိုတော့ ၁၉၅၄ ခုနှစ်မှာ ပြင်သစ် သိပ္ပံပညာရှင် Maurice Allias ဆိုသူ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ရှင်းလင်းချက်ကတော့ ဒီလိုဖြစ်ပါတယ် –

Prof. Allais’s explanation for this and other anomalies is that space evinces certain anisotropic characteristics, which he ascribes to motion through an aether which is partially entrained by planetary bodies. He has presented this hypothesis in his 1997 book “L’Anisotropie de l’espace”.

Allais’s paraconical pendulum

ဒီရှင်းလင်းချက်တွေ အသေးစိတ်ဖတ်ချင်ရင်တော့ http://en.wikipedia.org/wiki/Allais_Effect မှာဖတ်ရှုနိုင်ပါတယ်။

ကျနော်တို့ကတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖြစ်မဲ့ နေကြတ်မှုကြောင့် ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုတဲ့ ယူဆချက်တွေအပေါ် Britton ရဲ့ သုံးသပ်ချက်ဆီကိုဘဲ ဆက်သွားရအောင်ပါ။

Britton က သူ့ရဲ့ 43 ခုမြောက် comment မှာ ဘာပြောထားသလဲဆိုတော့  ..

” ကျနော်က သိပ္ပံပညာရှင်တစ်ဦးမဟုတ်သလို ဘူမိဗေဒပညာရှင်တစ်ဦးလဲ မဟုတ်တဲ့အတွက် လူအများအတွက် တရားဝင်သတိပေးချက်တွေ ထုတ်ပြန်နိုင်သူတစ်ဦးမဟုတ်ပါဘူး၊ ဒါပေမဲ့ လူအများ ဘေးအန္တရာယ်နဲ့ ကြုံတွေ့လာရနိုင်တဲ့ အခြေအနေဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်ယုံကြည်ပါတယ်၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေအပေါ်မှာဘဲ ယုံယုံကြည်ကြည်နဲ့ အားကိုးရမှာပါ။ ဒါကြောင့် သက်ဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက Hans Lehner လိုမျိုး တကယ့်သိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းပြီး အမှန်တကယ် အန္တရာယ်နဲ့ ကြုံတွေ့ရမဲ့ကိစ္စကို အတည်ပြုပြီး သတိပေးချက်တွေ ထုတ်ပြန်စေချင်ပါတယ်။ မြေငလျှင်ကြီးတွေနဲ့ ဆူနာမီလှိုင်းကြီးတွေကို (တကယ်ဖြစ်လာတဲ့အခါ) ဘယ်သူမှ တားမထားနိုင်ပါဘူး – ဒါပေမဲ့ အဲဒီဒေသတွေက လူတွေ သတိချပ်ပြီး ဘေးလွတ်ရာကိုရှောင်နေကြအောင်တော့ တစ်ခုခု လုပ်ပေးနိုင်ပါတယ် ..” လို့ ရေးထားပါတယ် ။

သူကဆက်ပြီး .. “ကျနော်အကြုံပြချင်တာကတော့ဗျာ အဲဒီကာလကို မရောက်ခင် ဂျပန်တွေရဲ့ Hamoaka နျူကလီးယားစက်ရုံကို ဇူလိုင် ၁၇ ရက်နေ့ကစပြီး ဇူလိုင် ၂၉ ရက်နေ့အထိ ပိတ်ထားလိုက်ရင် ကောင်းမှာပါဘဲ၊ ဒီတောင်းဆိုချက်ဟာ သိတ်ကိုမြင့်နေမှန်းသိပေမဲ့ တကယ်လို့များ အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့ အခြေအနေဆိုရင် ကောင်းတဲ့ အထောက်အကူတစ်ခုတော့ဖြစ်မှာပါဗျာ ..” လို့ ရေးသားထားတာကို ဆီလျှော်အောင် ဘာသာပြန်ပြီး တင်ပြလိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s