Typhoon Morakot leaves 461 deaths

download large image (4 MB, JPEG)

နှစ်ပေါင်း ၅ဝ အတွင်း အဆိုးရွားဆုံး တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း MORAKOT ကို ကျနော်တို့ MMWEATHER ပရိသတ်များရော၊ member များပါ အစ/အဆုံး mmweather အပြင် အခြား website များမှ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်၊ တဖြည်းဖြည်း အင်အားကောင်းလာခဲ့ပြီး ထိုင်ဝမ်ကျွန်းကို တည့်တည့်ဝင်ရောက်တိုက်ခတ်တော့မဲ့အကြောင်း ၊ ထိုင်ဝမ်ကျွန်းသူ/ကျွန်းသားတွေ မုန်တိုင်းတိုက်ခတ်မဲ့ အန္တရာယ်မှ လွတ်ကင်းရာလွတ်ကင်းကြောင်း ပြင်ဆင်ခဲ့ကြပုံတွေကို NING ပေါ်မှာရော WordPress ပေါ်မှာရော ကျနော်တို့ တင်ပြပေးခဲ့ကြပါတယ်။

အခု မုန်တိုင်းတိုက်ခတ်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ် ကျော်ခဲ့ပြီဖြစ်ပြီး သေပျောက်မှုတွေ ရေတွက်လို့ မဆုံးနိုင်သေးပါဘူး၊ အခုအချိန်အထိ ထိုင်ဝမ် သဘာဝဘေးအန္တရာယ် ကွပ်ကဲရေးဌာနမှ ပြီးခဲ့တဲ့ အင်္ဂါနေ့ ထိုင်ဝမ်စံတော်ချိန် ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ ၄၆၁ ဦးသေဆုံးခဲ့ပြီး၊ ၁၉၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ၄၆ ဦး ဒဏ်ရာရခဲ့ကြကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။ အဲသည်အထဲမှာ Kaohsiung Country တစ်ခုထဲမှာ သေဆုံးသူ ၃၉၂ ဦးရှိကြောင်း သိရပါတယ်။

သြဂုတ်လ ၈ ရက်နေ့က Morakot မုန်တိုင်းတိုက်ခတ်ဖျက်ဆီးခဲ့မှုကြောင့်  စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်းနဲ့ တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၄၄ဝ သန်း တန်ဘိုးအထိ ဆုံးရှုံးခဲ့ရကြောင်း ထိုင်ဝမ်အစိုးရကြေငြာချက်များအရ သိရပါတယ်။

Photo taken on Aug. 24, 2009 shows the severely-damaged Nanheng Road section across the Taoyuan Village of Kaohsiung County, southeast China’s Taiwan.(Xinhua Photo)

Relatives mourn for their victims in front of mudslide area at the devastated village of Hsiaolin, in Kaohsiung county, southeast China’s Taiwan Province, Aug. 15, 2009. (Xinhua Photo)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s