အင်ဒိုနီးရှားငလျှင် ၄၄ ဦးသေဆုံး၊ ၄ဝဝ ကျော် ဒဏ်ရာရ

Residents look at a collapsed house in West Java after a major earthquake rocked Indonesia on Wednesday.

အင်ဒိုနီးရှားမှာ မနေ့က လှုပ်သွားခဲ့တဲ့ မြေငလျှင်ကြောင့် လူပေါင်း ၄၄ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ကြောင်း CNN ရဲ့ အင်တာနက် သတင်းမှာ တင်ပြထားတာတွေ့ရပါတယ်။ အပျက်အစီးများနဲ့ မြေပြိုမှုတွေရဲ့ အောက်မှာ ပိမိပြီးပျောက်ဆုံးနေဆဲ့ဖြစ်တဲ့လူတွေကို ကယ်ဆယ်ရေးအဖွဲ့ တွေက ကြိုးစားကယ်တင်နေကြကြောင်းလဲ သိရပါတယ်။

Cianjur မြို့ကလေးမှာ အိမ် ၁၁ လုံးမြေပြိုတဲ့အောက်ကိုရောက်သွားပြီး လူ ၃၂ ယောက် အရှင်လတ်လတ်မြေမြှုပ်ခံလိုက်သလိုဖြစ်သွားတယ် ဆိုတဲ့အကြောင်း CNN သတင်းထောက် Andy Saputra  ကို ဒေသခံ တာဝန်ရှိသူတွေကပြောကြားကြောင်းသိရပါတယ်။

အင်အားပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်မှုကြောင့် လူ ၄၄ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီဖြစ်ပြီး လူပေါင်း ၄ဝဝ ကျော် ဒဏ်ရာရရှိခဲကြောင်း အဲဒီသတင်းမှာ ဆက်လက်ဖေါ်ပြထားပါတယ်။

ငလျှင်ဗဟိုချက်နဲ့ မိုင် ၇ဝ လောက်ဝေးကွာတဲ့ Tasikmalaya တောင်ပေါ်မြို့လေးမှာ အခုအချိန်အထိ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ကြောင်းသိရပါတယ်။

Original CNN News Link

Video Watch description of the evacuation after the quake hit » မြေငလျှင်လှုပ်ခတ်စဉ် စီအင်န်အင်န်၏ ဗီဒီယိုကြည့်ရန်

Video Watch how buildings swayed during quake » မြေငလျှင်ကြောင့် အဆောက်အဦများ လှုပ်ရမ်းသွားခဲ့ခြင်းအားရိုက်ကူးထားသည့်ဗီဒီယိုကြည့်ရန်

2 Responses to “အင်ဒိုနီးရှားငလျှင် ၄၄ ဦးသေဆုံး၊ ၄ဝဝ ကျော် ဒဏ်ရာရ”

  1. mmweather Says:

    Indonesia quake death toll at 46, likely to rise
    အင်ဒိုနီးရှားငလျှင် သေဆုံးသူ ၄၆ ဦးရှိသွားပြီဖြစ်ပြီး ထပ်တိုးလာနိုင်သေးကြောင်း Reuters သတင်းတစ်ပုဒ်တွင် ဖေါ်ပြထားပါသည်။

    ကြာသပတေးနေ့ (စက်တင်ဘာလ ၃ ရက်နေ့တွင်) အဆိုပါဒေသ၌ ရွာသားများသည် ပြိုကျပျက်စီးလျှက်ရှိသည့် အဆောက်အဦများ အိမ်များအောက်တွင် ပိနေပြီး အသက်ရှင်နေနိုင်သေးသည့် လူများကို ရှာဖွေလျှက်ရှိနေကြောင်း သတင်းတွင် ဖေါ်ပြပါရှိပါသည်။ အနောက် ဂျားဗားကျွန်း တောင်ကုန်းများထူထပ်သည့်ဒေသတွင် အိမ်များ ထောင်နှင့်ချီ၍ ပြိုကျပျက်စီးခဲ့ကြောင်း၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ အချို့ဒေသများမှာ အဆက်အသွယ်ပြတ်တောက်လျှက်ရှိနေဆဲဖြစ်သဖြင့် သေဆုံးသူ/ဒဏ်ရာရသူဦးရေမှာ ထပ်မံတိုးပွားလာနိုင်ကြောင်း သိရပါသည်။

    မြို့တော် ဂျာကာတာမှ ကီလိုမီတာ ၁ဝဝ (မိုင် ၆ဝ)ခန့်ဝေးကွာသော South Cianjur ပြည်နယ် Cikangkareng မြေပြိုခြင်းနှင့် ကျောက်တောင်ပြိုကျခြင်းများကြောင့် ဗလီတစ်ခုအပါအဝင် ရွာတစ်ရွာလုံးနီးပါးပျက်စီးခဲ့ရပြီး အစာရေစာ ပြတ်လပ်လျှက်ရှိကြောင်းသိရပါသည်။

  2. 自存倉 Says:

    Indonesian rescue workers have pulled bodies from village homes buried in a landslide triggered by a powerful earthquake.

    The tremor killed at least 57 people and severely damaged more than 10,000 buildings across West Java.

    At least 110 people were hospitalized with injuries from Wednesday’s quake, centered just off the coast of the densely populated island, Disaster Management Agency spokesman Priyadi Kardono said. Ten were in critical condition.

    More than 24,800 homes, offices, schools and mosques were damaged, about 10,000 seriously by the 7.0 magnitude tremor.

    In the village of Cikangkareng, villagers were searching for more than 30 friends and relatives listed as missing and feared dead.

    香港仔時昌自存倉


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s