စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update#4

စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN ဟာ အင်အားလျော့လာပြီး မုန်တိုင်း အဆင့်-၄ CAT-4 သို့ ရောက်ရှိလာကြောင်း Typhoon2000(T2K) မှသတိပေးချက်တွင် ဖေါ်ပြထားပါသည်။ နောက်လာမဲ့ ၂၄ နာရီအတွင်းမှာ မြောက်-အနောက်မြာက်ဘက်သို့ လမ်းကြောင်းပြောင်း ရွေ့လျားပြီးတဲ့နောက် အင်အားထပ်ပြီးလျော့ကျလာမှာဖြစ်ကြောင်း၊ ဒါဟာ စနေနေ့ မြန်မာစံတော်ချိန်နဲ့ ည ၇နာရီခွဲ နောက်ပိုင်းမှာဖြစ်လာမှာလို့ ခန့်မှန်းထားပြီး – လာမဲ့တနင်္လာနေ့ စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲနောက်ပိုင်းမှာတော့ အပူပိုင်းမုန်တိုင်း အဆင့်အထိလျော့ကျသွားမှာဖြစ်တဲ့အကြောင်း ခန့်မှန်းတွက်ချက်ထားတာကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံတောင်ဘက်က Iwo To ကျွန်းရဲ့ အနောက်တောင်ဘက် ၁၇၅ မိုင်လောက်မှာ ဗဟိုပြုနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီလျှင် ၁ဝ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။ ပြီးတော့ မုန်တိုင်းဗဟိုမှာ ဒီလှိုင်းအမြင့် ၃၉ ပေအထိရှိကြောင်း JTWC သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အခုအချိန်အထိ ပင်ရေပြင်ပေါ်မှာသာ ရွေ့လျားနေဆဲဖြစ်ပြီးတော့ ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်မဲ့အခြေအနေလဲမရှိတာကြောင့် TSR သတိပေးချက်တွေထုတ်ပြန်ခြင်းမရှိပါဘူး။ လာမဲ့ ၄၈ နာရီခန့်မှန်းချက်အနေနဲ့တော့ ဂျပန်နိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်း တိုကျိုပတ်ဝန်းကျင်ဒေသတွေမှာမုန်တိုင်းအဖျားခတ်တာရှိမှာဖြစ်ကြောင်း အောက်ပါပုံမှာတွေ့မြင်နိုင်ပါတယ်။

အခုအချိန်အထိ ပင်ရေပြင်ပေါ်မှာသာ ရွေ့လျားနေဆဲဖြစ်ပြီးတော့ ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်မဲ့အခြေအနေလဲမရှိတာကြောင့် TSR သတိပေးချက်တွေထုတ်ပြန်ခြင်းမရှိပါဘူး။ လာမဲ့ ၄၈ နာရီခန့်မှန်းချက်အနေနဲ့တော့ ဂျပန်နိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်း တိုကျိုပတ်ဝန်းကျင်ဒေသတွေမှာမုန်တိုင်းအဖျားခတ်တာရှိမှာဖြစ်ကြောင်း အောက်ပါပုံမှာတွေ့မြင်နိုင်ပါတယ်။

လာမည့် ၄၈ နာရီခန့်မှန်းချက်ပြ ပုံ (TSR)


လာမည့် ၅ ရက်အတွက် မုန်တိုင်းလမ်းကြောင်းနှင့် အင်အားပြ ပုံ

One Response to “စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update#4”

  1. mmweather Says:

    စက်တင်ဘာလ ၁၈ ရက် သန်းခေါင်ကျော်အချိန်ကစပြီး အဆင့်-၃ CAT-3 အထိ အင်အားလျော့ကျသွားပြီဖြစ်ကြောင်း သိရပါသည်။

    00 GMT 09/17/09 20.3N 141.0E 155 Category 4
    06 GMT 09/17/09 21.0N 140.3E 150 Category 4
    12 GMT 09/17/09 21.6N 139.8E 150 Category 4
    18 GMT 09/17/09 22.5N 139.3E 130 Category 3
    18 GMT 09/18/09 22.5N 139.3E 130 Category 3
    00 GMT 09/18/09 23.2N 138.9E 125 Category 3


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s