၁၉၃ဝ ခုနှစ် ပဲခူးငလျှင်အကြောင်း


မြန်မာနိုင်ငံ ပဲခူးမြို့မှာ ၁၉၃ဝ ခုနှစ် ၊ မေလ ၅ ရက်နေ့ – နေ့လည် ၁နာရီ ၄၅ မိနစ် ၅၈ စက္ကန့်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျှင်ကြီးဟာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၃ ရှိခဲ့ပါတယ်။ ဒီမြေငလျှင်ကြီးကြောင့် ပဲခူးမြို့ တော်တော်ပျက်စီးခဲ့ရပြီး လူပေါင်း ၅ဝဝ

ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သမိုင်းမှတ်တမ်းများမှာ တွေ့ရပါတယ်။ ရွှေမော်ဓေါဘုရားကြီး ငှက်ပျောဖူးတော်ကနေပြတ်ကျခဲ့တဲ့အတွက် ယနေ့ထက်တိုင် ဘုရားရင်ပြင်တော်မှာ တွေ့မြင်နိုင်ပါတယ်။  ဒီ ပဲခူးမြေငလျှင်ကြီးကို ကျောက်ဖြူ၊ မြိတ် နဲ့
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့များနှင့် ထိုင်းနိုင်ငံက တောင်မှ ခံစားသိရှိကြတယ်လို့ မှတ်တမ်းများမှာ ရေးသားဖေါ်ပြထားပါတယ်။ ပဲခူး-စစ်တောင်း တူမြောင်းရဲ့ တာဝ ရေတံခါးဟာ အဲဒီအချိန်က ဝ.၇၇ ပေအထိ မြင့်တက်သွားတယ်လို့
ဖေါ်ပြထားတာလဲ တွေ့ရပါတယ်။
၁၉၃ဝ ခုနှစ်မေလ ၈ ရက်နေ့ထုတ် သြစတေးလျှနိုင်ငံထုတ် The Sunday Morning Herald သတင်းစာကြီးမှာ ….
“ပဲခူးငလျှင်ကြီးနဲ့ ပတ်သက်လို့ ရန်ကုန်က ရရှိတဲ့သတင်းများအရ – လူ ၅ဝဝ မှ ၇ဝဝ အထိသေဆုံးတယ်လို့ သိရကြောင်း၊ တစ်နာရီခန့်စီခြားပြီး မြေငလျှင် ၃ ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း၊ ပဲခူးမြို့ ပန်းလှိုင်ရပ်မှ မျက်မြင်သက်သေတစ်ဦးက
အဲဒီနေရာက ၂မိုင်ပတ်ဝန်းကျင်လောက် ကျယ်ဝန်းတဲ့နေရာမှာ မီးလောင်ခဲ့တာဖြစ်ပြီး၊ လူရာပေါင်းများစွာဟာ အပျက်အစီးများကြားမှာ တိုးဝှေ့ပြေလွှားရင်း မီလောင်သေဆုံးကြရကြောင်း၊ “မျိုးချစ်” ရုပ်ရှင်ရုံ တစ်ရုံထဲမှာပင် လူပေါင်း ၅ဝ
ခန့်သေဆုံးရကြောင်း၊ ပထမအကြိမ် ငလျှင်လှုပ်လိုက်ပြီးတဲ့အခါမှာ တစ်မြို့လုံးမှောင်ကျသွားကြောင်း၊ လျှပ်စစ်မီးကြိုးတွေပြတ်ကျကုန်ပြီး ဈေးအတွင်းက သစ်သားဈေးရုံးတွေမှာ မီးစလောင်တာတွေ့ရကြောင်း၊ ရေကန်တွေနဲ့ ချောင်းကမ္ဘားတွေ
ကျိုးကုန်လို့ လျှံထွက်လာတဲ့ရေထုဟာ ၄ ပေ လောက်အထိကြီးလာပြီး နောက်ပိုင်းမှာ လှိုင်းတွေနဲ့ရောနှောသွားကြောင်း၊ အတည်မပြုနိုင်တဲ့ သတင်းတွေက ပုခုက္ကူ၊ မေမြို့(ယခု-ပြင်ဦးလွင်)နဲ့ မန္တလေးမြို့များမှာလဲ
အကြိးအကျယ်ပျက်စီဆုံးရှုံးမှုတွေရှိကြောင်း”
…..  စသည်ဖြင့် ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။ http://news.google.com/newspapers?id=bUQRAAAAIBAJ&sjid=3pYDAAAAIBAJ&pg=4601%2C3836697
ဒီပဲခူးမြေငလျှင်ကြီးမလှုပ်မီ ၁၉၂၉ ခုနှစ်၊ သြဂုတ်လမှာ ဆွာမြို့ငလျှင်နဲ့ ပဲခူးငလျှင်ကြီးလှုပ်ပြီးနောက်၁၉၃ဝ ခုနှစ် ဒီဇင်ဘာလ ၃ ရက်/ ၄ရက်နေ့တွေမှာ ဖြူးမြို့မှာ လှုပ်ခဲ့တဲ့ ငလျှင်တွေကို အိန္ဒိယ သတင်း မှတ်တမ်းတစ်ခုမှာ မှတ်တမ်းတင်ထားတာလဲ
တွေ့ရပါတယ်။ အဲဒီ သတင်းမှတ်တမ်းမှာဘဲ ……
“ရန်ကုန်မြို့ရဲ့မြောက်ဘက် ၅၈ မိုင်ခန့်မှာရှိတဲ့ ပဲခူးမြို့ဟာ ငလျှင်ဒဏ်ကိုခံရပြီးတဲ့နောက် မီးလောင်မှုကြောင့် လုံးဝပျက်စီးသွားပြီဟု ယူဆရကြောင်း၊ အဆောက်အဦအပျက်အစီးများပြိုကျပိမိမှုနဲ့ စစ်တောင်းမြစ်တစ်လျှောက်ရုတ်ချည်း တက်လာတဲ့
ဆူနာမီလှိုင်းများရိုက်ခတ်ဖုံးလွှမ်းမှုကြောင့် လူ ၅ဝဝဝ မှ ၇ဝဝဝ လောက်အထိသေဆုံးနိုင်ကြောင်း၊ ပဲခူးမြစ်ကမ်းပါးများပြိုကျကုန်ကြောင်း၊ ပဲခူးမြို့မြောက်ဘက် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က သံမဏိတံတားကြီးလဲ ပြိုကျပျက်စီးသွားခဲ့ရကြောင်း၊
ရန်ကုန်မြို့မှာပင် သေဆုံးသူ ၅၈ ဦးနဲ့ ဒဏ်ရာရသူ ၂ဝ၄ ဦးရှိကြောင်း၊ အဆိုးဆုံးက ရွှေတိဂုံကုန်းတော်ပေါ်မှာဖြစ်ပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်လဲ ပေ ၃၇ဝခန့်သို့ ကျဆင်းပြီးမြေခခဲ့ရကြောင်း၊ ရန်ကုန်မြို့မှာ ကြီးမားတဲ့ အဆောက်အဦ ၅ဝ
ခန့် ပျက်စီးကြောင်း၊ စစ်တောင်းမြစ်တစ်လျှောက်တက်လာတဲ့ ဆူနာမီလှိုင်းတွေကြောင့် ရှေးယခင်က ပင်လယ်ဆိပ်ကမ်းတံတားဖြစ်ခဲ့တဲ့ ပဲခူး ဆိပ်ခံတံတားအားလုံးနီးပါးပျက်စီးခဲ့ရကြောင်း” …  စသည်ဖြင့် ရေးသားထားတာတွေ့ရပါတယ်။
နောက်ပိုင်း သတင်းစာတွေမှာ အတည်ပြုရေးသားခဲ့တာကတော့ လူ ၂ဝဝ ခန့်သေဆုံးတယ်လို့ ဖေါ်ပြထားကြောင်း အထက်ပါသတင်းမှာ ဖြည့်စွက်ရေးသားထားတာတွေ့ရပါတယ်။
NASA ရဲ့ ADS (NASA Astrophysics Data System) မှာ မြန်မာနိုင်ငံ ပဲခူးမြို့မြေငလျှင်လှုပ်ခတ်ခဲ့တာနဲ့ အလားတူမြေငလျှင်လှုပ်ခတ်မှု သမိုင်းအထောက်အထားများများကို ၁၅၈၂ / ၁၆၄၄ / ၁၈၃၀ / ၁၈၈၈ / ၁၉၁၃ နဲ့ ၁၉၁၇ ခုနှစ်များမှာလည်း
မှတ်တမ်းတင်ထားရှိကြောင်း သိရပါတယ်။ ပဲခူးမြို့မြောက်ဘက် ၁၅ ကီလိုမီတာလောက်မှာ ရှိတဲ့ ဘုရားကြီးမြို့က ဒေသခံ ရှေးလူကြီးများပြောပြချက်အရ အခုသိပံမှတ်တမ်းများမှာ မတွေ့ရသေးတဲ့ မြေပြင်ပေါ်မှာ အလျားလိုက် ၆ မီတာ ပြတ်ရွေ့ –
ရွေ့လျားမှုကို အဲဒီဒေသမှာတွေ့မြင်ရကြောင်း ၊ အဲသလောက်အကွာအဝေးအထိ ရွေ့သွားခဲ့ရတဲ့ လယ်ကွင်းတချို့ကိုလည်းတွေ့မြင်နိုင်ကြောင်း၊ နှစ်ပေါင်း ၄၅ဝ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပဲခူးမြို့ဟောင်းမြို့ရိုးဟာလဲ ပဲခူးမြို့ပေါ်က ဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးရဲ့ လားရာအတိုင်း ၆ မီတာခန့် အလျားလိုက်ရွေ့လျားကွဲပြတ်နေတာတွေ့ရပြီး၊ ဒေါင်လိုက်ရွေ့လျားမှု မတွေ့ရကြောင်း .. ရေးသားထားပါတယ်။
ဗြိတိသျှတို့ရဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂-၁၈၅၃) မှတ်တမ်းမှာ – ဘိုးတော်ဘုရား (၁၇၈၁-၁၈၁၉) လက်ထက်မှာ အင်းဝခေတ် လို့ ကျော်ကြားခဲ့ကြောင်း၊ အင်းဝနေပြည်တော်ကို အမရပူရ သို့ ရွှေပြောင်းခဲ့ကြောင်း၊ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်မှာ တရားစီရင်ရေး ရုံးချုပ်ကို အင်းဝ (ပဲခူး) သို့ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း၊ နောက်ဆုံး ၁၈၄၁ ခုနှစ်မှာ မြေငလျှင်ကြီးလှုပ်ခတ်ခဲ့ကာ အပျက်အစီးများပြားတဲ့အတွက် အမရပူရသို့ လုံးဝရွှေ့ပြောင်းသွားခဲ့ရကြောင်း၊ အင်းဝနေပြည်တော်မှာ ကျန်ရှိတဲ့ နန်းတော်အဆောက်အဦးတချို့ဟာ ၁၉၃ဝ နဲ့ ၁၉၃၉ ခုနှစ် ငလျှင်များကြောင့် လုံးဝ ပျက်စီးသွားခဲ့ရတယ် လို့ ရေးသားဖေါ်ပြထားတာကို လေ့လာရပါတယ်။
အခြားမှတ်တမ်းတစ်ခုမှာတော့ –
၁၉၃ဝ ခုနှစ် မေလ ၅ ရက်နေ့ ငလျှင်လှုပ်ခတ်မှုသည် ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့တွင် အပျက်အစီးများခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ ၄၄ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရကြောင်း၊ ရန်ကုန်မြို့မှာ အဲဒီအချိန်က အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်တဲ့အခြေအနေတွေလည်း သာယာဝတီ စတဲ့ ဒေသတွေမှာ ရှိနေခဲ့တာကြောင့် ဆူပူမှုတွေပါ ဖြစ်ပေါ်နေခဲ့ပြီး စစ်ပုလိပ်တွေက အခြေအနေကို ခက်ခက်ခဲခဲ ရင်ဆိုင်ထိန်းသိမ်းခဲ့ရတယ်လို့ .. ရေးသားထားတာတွေ့ရပါတယ်။
MMWEATHER မှ ပန်ကြားချက် –
ပဲခူးမြို့မှာ ၁၉၃၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးနဲ့ပတ်သက်လို့ နီးစပ်ရာ ရှာဖွေလေ့လာပြီး အဆင်ပြေအောင် ဆက်စပ်ရေးသားဖေါ်ပြပေးလိုက်တာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဲခူးမြို့ငလျှင်လှုပ်ခဲ့တာနဲ့ ပတ်သက်လို့ ရှာဖွေတင်ပြပေးပါရန် တောင်းဆိုချက်တွေကြောင့် ကျနော်လက်လှမ်းမီသလောက် ရှာဖွေရေးသားပေးလိုက်ပါတယ် …. ဒီပို့စ်နဲ့ပတ်သက်လို့ မပြည့်စုံတာနဲ့ မှားယွင်းမှုများရှိနေရင် ခွင့်လွှတ်ဖတ်ရှုပေးကြပါရန် ဦးစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျား ။

မြန်မာနိုင်ငံ ပဲခူးမြို့မှာ ၁၉၃ဝ ခုနှစ် ၊ မေလ ၅ ရက်နေ့ – နေ့လည် ၁နာရီ ၄၅ မိနစ် ၅၈ စက္ကန့်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျှင်ကြီးဟာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၃ ရှိခဲ့ပါတယ်။ ဒီမြေငလျှင်ကြီးကြောင့် ပဲခူးမြို့ တော်တော်ပျက်စီးခဲ့ရပြီး လူပေါင်း ၅ဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သမိုင်းမှတ်တမ်းများမှာ တွေ့ရပါတယ်။ ရွှေမော်ဓေါဘုရားကြီး ငှက်ပျောဖူးတော်ကနေပြတ်ကျခဲ့တဲ့အတွက် ယနေ့ထက်တိုင် ဘုရားရင်ပြင်တော်မှာ တွေ့မြင်နိုင်ပါတယ်။  ဒီ ပဲခူးမြေငလျှင်ကြီးကို ကျောက်ဖြူ၊ မြိတ် နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့များနှင့် ထိုင်းနိုင်ငံက တောင်မှ ခံစားသိရှိကြတယ်လို့ မှတ်တမ်းများမှာ ရေးသားဖေါ်ပြထားပါတယ်။ ပဲခူး-စစ်တောင်း တူးမြောင်းရဲ့ တာဝ ရေတံခါးဟာ အဲဒီအချိန်က ဝ.၇၇ ပေအထိ မြင့်တက်သွားတယ်လို့ ဖေါ်ပြထားတာလဲ တွေ့ရပါတယ်။

450px-ShweMawDaw03

၁၉၃ဝ ခုနှစ် ငလျှင်ဒဏ်ခံခဲ့ရသည့် ပဲခူးမြို့ ရွှေမော်ဓေါစေတီတော်၏ ငှက်ပျောဖူးတော်

၁၉၃ဝ ခုနှစ်မေလ ၈ ရက်နေ့ထုတ် သြစတေးလျှနိုင်ငံထုတ် The Sunday Morning Herald သတင်းစာကြီးမှာ ….

“ပဲခူးငလျှင်ကြီးနဲ့ ပတ်သက်လို့ ရန်ကုန်က ရရှိတဲ့သတင်းများအရ – လူ ၅ဝဝ မှ ၇ဝဝ အထိသေဆုံးတယ်လို့ သိရကြောင်း၊ တစ်နာရီခန့်စီခြားပြီး မြေငလျှင် ၃ ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း၊ ပဲခူးမြို့ ပန်းလှိုင်ရပ်မှ မျက်မြင်သက်သေတစ်ဦးက အဲဒီနေရာက ၂မိုင်ပတ်ဝန်းကျင်လောက် ကျယ်ဝန်းတဲ့နေရာမှာ မီးလောင်ခဲ့တာဖြစ်ပြီး၊ လူရာပေါင်းများစွာဟာ အပျက်အစီးများကြားမှာ တိုးဝှေ့ပြေးလွှားရင်း မီလောင်သေဆုံးကြရကြောင်း၊ “မျိုးချစ်” ရုပ်ရှင်ရုံ တစ်ရုံထဲမှာပင် လူပေါင်း ၅ဝ ခန့်သေဆုံးရကြောင်း၊ ပထမအကြိမ် ငလျှင်လှုပ်လိုက်ပြီးတဲ့အခါမှာ တစ်မြို့လုံး မှောင်ကျသွားကြောင်း၊ လျှပ်စစ်မီးကြိုးတွေပြတ်ကျကုန်ပြီး ဈေးအတွင်းက သစ်သားဈေးရုံးတွေမှာ မီးစလောင်တာတွေ့ရကြောင်း၊ ရေကန်တွေနဲ့ ချောင်းကမ္ဘားတွေ ကျိုးကုန်လို့ လျှံထွက်လာတဲ့ရေထုဟာ ၄ ပေ လောက်အထိကြီးလာပြီး နောက်ပိုင်းမှာ ဆူနာမီလှိုင်းတွေနဲ့ ရောနှောသွားကြောင်း၊ အတည်မပြုနိုင်တဲ့ သတင်းတွေက ပုခုက္ကူ၊ မေမြို့(ယခု-ပြင်ဦးလွင်)နဲ့ မန္တလေးမြို့များမှာလဲ  အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း” …..  စသည်ဖြင့် ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ်။

http://news.google.com/newspapersid=bUQRAAAAIBAJ&sjid=3pYDAAAAIBAJ&pg=4601%2C3836697

1930-May8-news-cut

ဒီပဲခူးမြေငလျှင်ကြီးမလှုပ်မီ ၁၉၂၉ ခုနှစ်၊ သြဂုတ်လမှာ ဆွာမြို့ငလျှင်နဲ့ ပဲခူးငလျှင်ကြီးလှုပ်ပြီးနောက်၁၉၃ဝ ခုနှစ် ဒီဇင်ဘာလ ၃ ရက်/ ၄ရက်နေ့တွေမှာ ဖြူးမြို့မှာ လှုပ်ခဲ့တဲ့ ငလျှင်တွေကို အိန္ဒိယ သတင်း မှတ်တမ်းတစ်ခုမှာ မှတ်တမ်းတင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီ သတင်းမှတ်တမ်းမှာဘဲ ……

“ရန်ကုန်မြို့ရဲ့မြောက်ဘက် ၅၈ မိုင်ခန့်မှာရှိတဲ့ ပဲခူးမြို့ဟာ ငလျှင်ဒဏ်ကိုခံရပြီးတဲ့နောက် မီးလောင်မှုကြောင့် လုံးဝပျက်စီးသွားပြီဟု ယူဆရကြောင်း၊ အဆောက်အဦအပျက်အစီးများပြိုကျပိမိမှုနဲ့ စစ်တောင်းမြစ်တစ်လျှောက်ရုတ်ချည်း တက်လာတဲ့  ဆူနာမီလှိုင်းများ ရိုက်ခတ်ဖုံးလွှမ်းမှုကြောင့် လူ ၅ဝဝဝ မှ ၇ဝဝဝ လောက်အထိသေဆုံးနိုင်ကြောင်း၊ ပဲခူးမြစ်ကမ်းပါးများပြိုကျကုန်ကြောင်း၊ ပဲခူးမြို့မြောက်ဘက် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က သံမဏိတံတားကြီးလဲ ပြိုကျပျက်စီးသွားခဲ့ရကြောင်း၊ ရန်ကုန်မြို့မှာပင် သေဆုံးသူ ၅၈ ဦးနဲ့ ဒဏ်ရာရသူ ၂ဝ၄ ဦးရှိကြောင်း၊ အဆိုးဆုံးက ရွှေတိဂုံကုန်းတော်ပေါ်မှာဖြစ်ပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်လဲ ပေ ၃၇ဝခန့်သို့ ကျဆင်းပြီးမြေခခဲ့ရကြောင်း၊ ရန်ကုန်မြို့မှာ ကြီးမားတဲ့ အဆောက်အဦ ၅ဝ ခန့် ပျက်စီးကြောင်း၊ စစ်တောင်းမြစ်တစ်လျှောက်တက်လာတဲ့ ဆူနာမီလှိုင်းတွေကြောင့် ရှေးယခင်က ပင်လယ်ဆိပ်ကမ်းတံတားဖြစ်ခဲ့တဲ့ ပဲခူး ဆိပ်ခံတံတားအားလုံးနီးပါးပျက်စီးခဲ့ရကြောင်း” …  စသည်ဖြင့် ရေးသားထားတာတွေ့ရပါတယ်။

http://www.ngdc.noaa.gov/nndc/struts/results?EQ_0=3052&t=101650&s=8&d=22,26,13,12&nd=display

နောက်ပိုင်း သတင်းစာတွေမှာ အတည်ပြုရေးသားခဲ့တာကတော့ လူ ၂ဝဝ ခန့်သေဆုံးတယ်လို့ ဖေါ်ပြထားကြောင်း အထက်ပါသတင်းမှာ ဖြည့်စွက်ရေးသားထားတာတွေ့ရပါတယ်။

NASA ရဲ့ ADS (NASA Astrophysics Data System) မှာ မြန်မာနိုင်ငံ ပဲခူးမြို့မြေငလျှင်လှုပ်ခတ်ခဲ့တာနဲ့ အလားတူမြေငလျှင်လှုပ်ခတ်မှု သမိုင်းအထောက်အထားများများကို ၁၅၈၂ / ၁၆၄၄ / ၁၈၃၀ / ၁၈၈၈ / ၁၉၁၃ နဲ့ ၁၉၁၇ ခုနှစ်များမှာလည်း မှတ်တမ်းတင်ထားရှိကြောင်း သိရပါတယ်။ ပဲခူးမြို့မြောက်ဘက် ၁၅ ကီလိုမီတာလောက်မှာ ရှိတဲ့ ဘုရားကြီးမြို့က ဒေသခံ ရှေးလူကြီးများပြောပြချက်အရ အခုသိပံ္ပမှတ်တမ်းများမှာ မတွေ့ရသေးတဲ့ မြေပြင်ပေါ်မှာ အလျားလိုက် ၆ မီတာ ပြတ်ရွေ့ – ရွေ့လျားမှုကို အဲဒီဒေသမှာတွေ့မြင်ရကြောင်း ၊ အဲသလောက်အကွာအဝေးအထိ ရွေ့သွားခဲ့ရတဲ့ လယ်ကွင်းတချို့ကိုလည်းတွေ့မြင်နိုင်ကြောင်း၊ နှစ်ပေါင်း ၄၅ဝ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပဲခူးမြို့ဟောင်းမြို့ရိုးဟာလဲ ပဲခူးမြို့ပေါ်က ဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးရဲ့ လားရာအတိုင်း ၆ မီတာခန့် အလျားလိုက် ရွေ့လျားကွဲပြတ်နေတာတွေ့ရပြီး၊ ဒေါင်လိုက်ရွေ့လျားမှု မတွေ့ရကြောင်း .. ရေးသားထားပါတယ်။

ဗြိတိသျှတို့ရဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂-၁၈၅၃) မှတ်တမ်းမှာ – ဘိုးတော်ဘုရား (၁၇၈၁-၁၈၁၉) လက်ထက်မှာ အင်းဝခေတ် လို့ ကျော်ကြားခဲ့ကြောင်း၊ အင်းဝနေပြည်တော်ကို အမရပူရ သို့ ရွှေပြောင်းခဲ့ကြောင်း၊ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်မှာ တရားစီရင်ရေး ရုံးချုပ်ကို အင်းဝ (ပဲခူး) သို့ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း၊ နောက်ဆုံး ၁၈၄၁ ခုနှစ်မှာ မြေငလျှင်ကြီးလှုပ်ခတ်ခဲ့ကာ အပျက်အစီးများပြားတဲ့အတွက် အမရပူရသို့ လုံးဝရွှေ့ပြောင်းသွားခဲ့ရကြောင်း၊ အင်းဝနေပြည်တော်မှာ ကျန်ရှိတဲ့ နန်းတော်အဆောက်အဦးတချို့ဟာ ၁၉၃ဝ နဲ့ ၁၉၃၉ ခုနှစ် ငလျှင်များကြောင့် လုံးဝ ပျက်စီးသွားခဲ့ရတယ် လို့ ရေးသားဖေါ်ပြထားတာကို လေ့လာရပါတယ်။

အခြားမှတ်တမ်းတစ်ခုမှာတော့ –

၁၉၃ဝ ခုနှစ် မေလ ၅ ရက်နေ့ ငလျှင်လှုပ်ခတ်မှုသည် ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့တွင် အပျက်အစီးများခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ ၄၄ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရကြောင်း၊ ရန်ကုန်မြို့မှာ အဲဒီအချိန်က အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်တဲ့အခြေအနေတွေလည်း သာယာဝတီ စတဲ့ ဒေသတွေမှာ ရှိနေခဲ့တာကြောင့် ဆူပူမှုတွေပါ ဖြစ်ပေါ်နေခဲ့ပြီး စစ်ပုလိပ်တွေက မြို့တွင်းအခြေအနေကို ခက်ခက်ခဲခဲ ရင်ဆိုင်ထိန်းသိမ်းခဲ့ရတယ်လို့ .. ရေးသားထားတာတွေ့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s