ဖိလစ်ပိုင်သို့ ထပ်မံချဉ်းကပ်လာနေတဲ့ မုန်တိုင်းများ

ဖိလစ်ပိုင်ပင်လယ်ကို ရောက်လာမဲ့ မုန်တိုင်း ၃ ခု (18W, 19W နဲ့ 20W) အနက် အခုအချိန်မှာ အဆင့်-၁ CAT-1 မုန်တိုင်းဖြစ်လာတဲ့ PARMA ဟာ လာမဲ့ သောကြာနေ့လောက်မှာ ဖိလစ်ပိုင်နိုင်ငံကို တည့်တည့်ဝင်တိုက်မှာမဟုတ်ပေမဲ့ မိုးရေချိန်များတဲ့ မိုးတွေတော့ ရွာနိုင်တယ်လို့ ခန့်မှန်းထားပြီး ပူပူနွေးနွေး ရေလွှမ်းမိုးမှုဒဏ်ခံထားရတယ် လူထုအတွက် ထိတ်လန့်စရာဖြစ်နေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ CAT-1 မုန်တိုင်း PARMA ဟာ မနီလာမြို့တော်ရဲ့ အရှေ့တောင်ဘက် မိုင် ၁ဝ၈ဝ ခန့်မှာ ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်ဘက်ကို တစ်နာရီလျှင် ၁၁ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။  mmweather မှ ဒီအခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး သတင်းများရရှိရင် တင်ပေးသွားမှာဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာ နဲ့ ဘင်္ဂလားပင်လယ်အော်မှာတော့ မုန်တိုင်းဖြစ်လာနိုင်တဲ့ အခြေအနေသတင်း မရှိပါ။

နောက်မုန်တိုင်းတစ်ခုဖြစ်တဲ့ 18W (EIGHTEEN) ကတော့ အပူပိုင်းမုန်တိုင်းအဆင့်မှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ကျသွားမှာဖြစ်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

နောက်ထပ် မုန်တိုင်းတစ်ခုဖြစ်တဲ့ MELOR ကတော့ ဂူအမ်ကျွန်းရဲ့ အရှေ့ဘက် မိုင် ၇ဝဝ ကျော်မှာရှိနေပြီး – ဖိလစ်ပိုင်ရဲ့ အရှေ့ဘက် မိုင် ၂ဝဝဝ လောက်မှာ ရှိနေတာမို့ အလွန်ဝေးပါသေးတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s