အပူပိုင်းမုန်တိုင်း PARMA ဘယ်ဘက်ဆက်သွားမလဲ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို CAT-1 အဆင့်နဲ့ ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့လျော့ကျလျှက် တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်လာတဲ့ အပူပိုင်းမုန်တိုင်း PARMA ဟာ တောင်တရုတ်ပင်လယ်ကို စတင်ဝင်ရောက်လာစဉ်မှာ ရွေ့လျားမှုမရှိသလောက်ဖြစ်သွားပြီး ဘယ်ဘက်ဆက်သွားမယ်ဆိုတာ ခန့်မှန်းမရအောင် ဖြစ်သွားခဲ့ပါတယ်။

အောက်ပုံ – အောက်တိုဘာလ ၅ ရက် ဒီကနေ့ နေ့လည် မြန်မာစံတော်ချိန် ၁၂း၃ဝနာရီ Integrated Multi-Agency Tropical Cyclone Forecast (Western North Pacific and South China Sea) ရဲ့ ခန့်မှန်းချက်မှာ PARMA ရဲ့ လမ်းကြောင်းကို ခန့်မှန်းတိုင်းထွာချက်တွေ အသီးသီး ပေးထားကြတာတွေ့ရပါတယ်၊ အနီရောင် (ဟောင်ကောင်) ရဲ့ ခန့်မှန်းချက်ကတော့ PARMA ကို ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပြန်ဝင်ဦးမယ်လို့တောင်မှ ခန့်မှန်းထားတာတွေ့ရပါတယ် – ဖိလစ်ပိုင်က လူတွေအတွက်တော့ စိတ်မချမ်းသာစရာပါဘဲ။ mmweather ကတော့ ဒါဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး မပြောလိုပါဘူး ဆက်ပြီးစောင့်ကြည့် လေ့လာရဦးမဲ့ အခြေအနေမို့ပါ။

ပြီးခဲ့တဲ့ လမ်းကြောင်းခန့်မှန်းချက်တွေမှာ မှန်တတ်တာကတော့ JTWC ခန့်မှန်းချက် USA JTWC ခရမ်းရောင်ဖြစ်တဲ့အတွက် သူ့အတိုင်းသာ ဆက်လက်ရွေ့လျားမယ်ဆိုရင် တောင်တရုတ်ပင်လယ်က တဆင့် ဗီယက်နမ်ကို ဦးတည်နေတာတွေ့ရပြန်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီခန့်မှန်းချက်တွေကို ဆက်လက်စောင့်ကြည့်နေရဦးမှာဖြစ်ပြီး JTWC ခန့်မှန်းချက်အတိုင်းမှန်မယ်ဆိုရင် လာမဲ့ တစ်ပတ်အတွင်းမှာ ဗီယက်နမ် နိုင်ငံအနီးချဉ်းကပ်လာတဲ့အခါ ကျနော်တို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေအတွက် မိုးကြီးဦးမှာလားဆိုတာကိုလဲ သတိရှိရှိနဲ့ စောင့်ကြည့်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

အောက်ပုံကတော့ JTWC ရဲ့ data နဲ့ ပုံဖေါ်ထားတဲ့ WUND ရဲ့ graphic ဖြစ်ပါတယ် – ဒီမှာတော့ အပူပိုင်းမုန်တိုင်း PARMA ဟာ အရှေ့-အရှေ့မြောက်ကို တစ်နာရီ ၂ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်း ဖေါ်ပြထားတာတွေ့ရပါတယ်။ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်မှ မိုင် ၈ဝ အထိရှိနိုင်ကြောင်းကိုလဲ ဖေါ်ပြထားပါတယ်။ ဒီပုံကတော့ 3 PM JST (ဂျပန်စံတော်ချိန် ညနေ ၃ နာရီဖြစ်ပါတယ် – JST က GMT+၉ နာရီ ဖြစ်ပြီး မြန်မာစံတော်ချိန်က GMT + ၆နာရီခွဲ ဖြစ်တဲ့အတွက် ဂျပန်စံတော်ချိန်က ကျနော်တို့နဲ့ ၂ နာရီခွဲ ကွာခြားပါတယ်) ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s