ဖိလစ်ပိုင်မှလာသော အတွေ့အကြုံ

အောက်ဖေါ်ပြပါ post ကို mmweather ရဲ့ administration member တစ်ဦးဖြစ်တဲ့ ကိုစိုးထိုက်က ဖိလစ်ပိုင်နိုင်ငံ Baguio City ကနေ mmweather group ကို ရေးသားပေးပို့လိုက်တာဖြစ်ပါတယ် –


mmweather အဖွဲ့ဝင်များအားလုံးခင်ဗျား။ ဒီတစ်ခေါက်မှာတော့ အတော်ကိုစိတ်ဝင်စားစရာကောင်းတဲ့ PARMA ကြောင့် ဒီထဲမှာပို့စ်တော်တော်လေးကိုရေးဖြစ်ပါတယ်။ PARMA ဟာ ဖိလစ်ပိုင်နိုင်ငံသမိုင်းမှာ ၄၂ နှစ်အတွင်းအဆိုးရွားဆုံးသောရေလျှံမှုကိုဖြစ်ပေါ်စေခဲ့တဲ့ တိုင်ဖွန်း ONDOY အပြီး တစ်ပါတ်အတွင်းမှာ ပြန်လည်ဝင်ရောက်လာတဲ့ တိုင်ဖွန်းအသစ်ဖြစ်ပါတယ်။ တစ်နေရာမှာဒုက္ခရောက်နေတုန်း ထပ်ဝင်လာမယ်လည်းဆိုရော ဖိလစ်ပိုင်တစ်နိုင်ငံလုံး ထိတ်ထိတ်သဲပြာဖြစ်ရတဲ့ PARMA ပါ။

ဒါပေမယ့်လည်း မိတ်ဆွေတို့ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာအရ ဆုတောင်းမေတ္တာပေးပို့မှုတွေကြောင့် ပြင်းအားအမြင့်ဆုံးဖြစ်တဲ့ စူပါတိုင်ဖွန်း အဆင့် ၅ ကနေ တကယ်လည်းဖြတ်ရော အဆင့် ၃ နဲ့နိုင်ငံမြောက်စွန်ဖျား ဒေသကိုဖြတ်ကျော်သွားခဲ့ပါတယ်။ မုန်တိုင်းကြောင့်ထိရှ၊ သေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း မူလခန့်မှန်းထားသလောက် အဆုံးမရှုံးတွေမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း မုန်တိုင်းနောက်ဆက်တွဲပါလာတဲ့ မိုးတွေကြောင့် အခြားဒေသ တွေမှာရေလျှံမှုတွေ အနည်းငယ်ရှိခဲ့ပါတယ်။ ကျနော်တို့ဒေသမှာတော့ စနေနေ့မနက်ပိုင်းမှာ မုန်တိုင်းအဆင့် ၁ ကနေ ရုတ်တရက် ၂ ကိုပြောင်းကြေညာပြီး မကြာခင်မှာဘဲ PARMA ရဲ့အဖျားခတ်မှုကိုခံရတာကတော့ ဒီကနေ့မနက် အာရုံတက်ချိန်အထိပါဘဲ။

မိုးနဲ့လေစဲပြီးတဲ့နောက်မှာတော့ ဒီနေ့တနေကုန် မြူနှင်းတွေထူထပ်စွာကျရောက်နေတဲ့အတွက် ကားတွေကိုမလိုအပ်ရင် အပြင်မထွက်ဖို့ထုတ်ပြန်ခဲ့ပါတယ်။ ကျနော်လည်း ၃၀ ကီလိုမီတာလောက်ဝေးတဲ့ခရီးကို ၄ နာရီကျော်လောက် မောင်းပြီး စောစောလေးကဘဲ နေရပ်ကိုပြန်ရောက်လာလို့ အခုမှဘဲဒီပို့စ်ကို နောက်ကျစွာနဲ့ဘဲ MMWEATHER မိတ်ဆွေများကို တင်ပြလိုက်ရပါတယ်ခင်ဗျား။

ကျနော်တို့ဒေသအတွက် ဆုတောင်းမေတ္တာပေးပို့ကြပါသော MMWEATHER အဖွဲ့ဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ လေးစားစွာဖြင့်

စိုးထိုက် (သူကြီး)
MMWEATHER

2 Responses to “ဖိလစ်ပိုင်မှလာသော အတွေ့အကြုံ”

  1. shwebo Says:

    အသစ်တင်တိုင်းမေးလ်ပို့ပေးပါနော်

  2. mmweather Says:

    ကျနော်တို့ WordPress ပေါ်မှာ post အသစ်တင်ပေးတိုင်း mmweather group မှာပါ post တင်ပေးတဲ့အတွက် mmweather group member အဖြစ်ဝင်ထားမယ်ဆိုရင် memberများဆီသို့ EMail အလိုအလျောက် ရောက်ရှိလာမှာဖြစ်ပါတယ်။

    member ဝင်ရန်
    မှတ်ချက်။ Yahoo Group မှာ စမ်းသပ်နေဆဲဖြစ်ပါသည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s