ဖိလစ်ပိုင်မြောက်ပိုင်းသို့ ပြန်လည်ဝင်ရောက်လာသည့် TS-PARMA

ဖိလစ်ပိုင်မြောက်ပိုင်းသို့ ပြန်လည်ဝင်ရောက်လာတဲ့ အပူပိုင်းမုန်တိုင်း(TS) PARMA ရဲ့ ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့အတွက် နောက်ဆုံးရရှိတဲ့ လမ်းကြောင်း ခန့်မှန်းချက်ကို ပုံဖေါ်ပြီး တင်ပြပေးလိုက်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း ဒီကနေ့ မြန်မာစံတော်ချိန်နဲ့ ည သန်းခေါင် မတိုင်မီမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းစွန်းက Bangui, Ilocos Norte အနီးမှ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး ကျနော်တို့ မိတ်ဆွေကြီး ကိုစိုးထိုက်နေတဲ့ Baguio City ရဲ့ မြောက်ဘက် မိုင် ၁၄ဝ လောက်ကို ရောက်လာမှာဖြစ်ပါတယ်။ လာမဲ့ ၃၆ နာရီနောက်ပိုင်း ၇ ရက်နေ့ မြန်မာစံတော်ချိန် ည သန်းခေါင်ယံ နောက်ပိုင်းမှာတော့ Baguio City ရဲ့ မြောက်ဘက် မိုင် ၈ဝ လောက်အထိ ရောက်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်ထဲကို ထွက်သွားမယ်လို့ ခန့်မှန်းရပါတယ်၊ ဝင်လာတဲ့ လမ်းကြောင်းပေါ်မှာ Laoag City နဲ့ Laoag International Airport တို့လဲ ရှိနေတာတွေ့ရပါတယ်။

မုန်တိုင်းရဲ့ အချင်းဟာ ၇၆ဝ ကီလိုမီတာ (မိုင် ၄ဝဝ ကျော်) ရှိတာကြောင့် အခုလောက်ဆိုရင် Baguio City နဲ့ သူ့တောင်ဘက် မိုင် ၈ဝ လောက်မှာရှိတဲ့ Clark AirBase (ကလပ် လေတပ်စခန်း) လဲ လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံနေရပြီလို့ ခန့်မှန်းမိပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၆၅ မိုင်မှ မိုင် ၈ဝ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s