အပူပိုင်းမုန်တိုင်း-PARMA ဗီယက်နမ်ပင်လယ်ကွေ့သို့ရောက်ရှိ

အပူပိုင်းမုန်တိုင်း PARMA ဟာ အခုဆိရင် TOKIN GULF ကိုဝင်ရောက်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းဆီသို့ ဦးတည်နေပြီဖြစ်ပါတယ်။

အနောက်-အနောက်မြောက်အရပ်ကို တစ်နာရီ ၄ မိုင်နှုန်းနဲ့ ဦးတည်ရွေ့လျားနေပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ရဲ့ အရှေ့တောင်ဘက်ယွန်းယွန်းမိုင် ၁၆ဝ ခန့်မှာ ရောက်ရှိဗဟိုပြုနေတာဖြစ်ပါတယ်။ ဒီကနေ့နံနက် မြန်မာစံတော်ချိန် ၆း၃ဝ နာရီမှာ JTWC က ရရှိတဲ့ ခန့်မှန်းချက်မှာ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီကို ၃၅ မှ ၄၅ နော်တီကယ်မိုင် (၄ဝ မိုင်မှ ၅၁ မိုင်နှုန်း) အထိရှိကြောင်း သိရပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီက ရတဲ့ ဂြိုလ်တုဓါတ်ပုံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အချိန်များအတွင်း ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ခဲ့စဉ်မှာ မိုးရေချိန်တော်တော်များများရွာသွန်းခဲ့ကြောင်းနဲ့ အသေးစိတ်သတင်းများရရှိရင် ဆက်လက်တင်ပြပေးသွားမှာဖြစ်ကြောင်းပါခင်ဗျား .. ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s