19OCT-စူပါတိုင်ဖွန်းမုန်တိုင်း LUPIT update-2

စူပါတိုင်ဖွန်းမုန်တိုင်း LUPIT သည် အပေါ်သို့ ထောင်တက်သွားပြီး အနောက်ဘက်သို့ စတင်၍ ပြန်လှည့်လာကာ၊ အောက်ဘက်သို့ လမ်းကြောင်း အနည်းငယ်ဆင်းလာခြင်းဖြင့် ဖိလစ်ပိုင်မြောက်ပိုင်းကို ခြိမ်းခြောက်နေမှု သေချာလာပြီဖြစ်ပါသည်။

အကယ်၍ ယခုလမ်းကြောင်းအတိုင်း ပြောင်းလဲမှုမရှိသည့်အပြင် အင်အားပြောင်းလဲမှုလည်းမရှိပဲ ဆက်လက်ရွေ့လျားနေမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများသို့ အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်း (တစ်နာရီ ၁၅၅ မိုင်မှ မိုင် ၁၉ဝ နှုန်း) အထိရှိမည့် ပြင်းထန်သော လေတိုက်နှုန်းကို အဆိုပါဒေသများတွင် ခံကြရမည်ဖြစ်ပါသည်။ (နာဂစ်လေမုန်တိုင်း ရန်ကုန်မြို့အားတိုက်ခတ်သွားခဲ့သည့်လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁ဝဝ ဝန်းကျင်ခန့်သာရှိပါသည်)

ယခုအချိန်တွင် ဖိလစ်ပိုင်မြောက်ပိုင်း ကမ်းရိုးတန်းမှ ၇၅ဝ မိုင်ခန့်သာဝေးကွာတော့သည်နေရာတွင်ဗဟိုပြုလျှက်ရှိကာ အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၅ မိုင်နှုန်းဖြင့်ရွေ့လျားနေသော စူပါတိုင်ဖွန်းမုန်တိုင်း LUPIT သည် အရွယ်အစားအားဖြင့် အချင်းမိုင် ၅၅၂ မိုင် (၈၉ဝ ကီလိုမီတာ) ရှိနေပြီဖြစ်ပြီး မုန်တိုင်း၏ အဖျားပိုင်း တိမ်တိုက်ကြီးများမှာ လာမည့် ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံအား စတင်တိုက်ခတ်နိုင်ဘွယ်ရှိနေပါသည်။ ထိုအချိန်တွင် T2K ၏ မိုးရေချိန်ကြိုတင်ခန့်မှန်းချက်အရ တစ်နာရီလျှင် ၂ မီလီမီတာမှ ၃ဝ မီလီမီတာ (.ဝ၂ လက်မမှ ၁.၂ လက်မ)ဖြင့် မိုးရွာနိုင်ပြီး ရွာသွန်းမည့်အချိန်ပေါ်မူတည်ကာ မိုးရေချိန်လက်မ (သို့မဟုတ်) မီလီမီတာကို တွက်ချက်နိုင်မည်ဖြစ်ပါသည်။

စူပါတိုင်ဖွန်းမုန်တိုင်း LUPIT သည် အောက်တိုဘာလ ၂၂ ရက် ကြာသပတေးနေ့ ဖိလစ်ပိုင်စံတော်ချိန် ညနေ ၅ နာရီ နောက်ပိုင်းတွင် Northern Cagayan ဒေသ၌ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းထားပြီး၊ Aparri မြို့ (Aparri is a 2nd class municipality in the province ofCagayanLuzonPhilippines. Aparri sits at the mouth of the Cagayan River, the longest river in the country, about 55 miles north of Tuguegarao, the capital. According to the 2000 census, Aparri has a population of 59,046 people in 11,019 households.)  နှင့် အလွန်နီးကပ်သောနေရာမှ ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် ဖြတ်သန်းနိုင်ကြောင်း၊ မုန်တိုင်းမျက်စေ့သည် သောကြာနေ့ နံနက်ပိုင်းခန့်တွင် တောင်တရုတ်ပင်လယ်ထဲသို့ စတင်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း T2K ခန့်မှန်းချက်တွင် ဖေါ်ပြပါရှိပါသည်။

ယနေ့နံနက် ၁ဝ နာရီတွင်ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် စူပါတိုင်ဖွန်းမုန်တိုင်း LUPIT အားတွေ့မြင်ရပုံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s