အပူပိုင်းမုန်တိုင်းဖြစ်လာသော 23W TWENTY-THREE

အပူပိုင်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာပြီဖြစ်တဲ့ အမည်မပေးရသေးတဲ့ အပူပိုင်းမုန်တိုင်း 23W TWENTY-THREE ဟာ အခုအချိန်မှာ ဂူအမ်ကျွန်းနဲ့ နီးနီးကပ်ကပ်နေရာကနေ အနောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။ 23W ဟာ ဒီနေ့ မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၆း၃ဝ နာရီ မှာ ရရှိတဲ့ data တွေအရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ အရှေ့ဘက် မိုင် ၁၆ဝဝ ခန့်မှာဗဟိုပြုနေကြောင်း သိရပါတယ်။

လတ်တလောအချိန်မှာ အနောက်-အနောက်မြောက်ယွန်းယွန်းကို တစ်နာရီ ၁၉ မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး၊ မုန်တိုင်း ဗဟိုမှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၄ဝ မှ မိုင် ၅ဝ အထိရှိနေပါတယ်။

လာမဲ့ ၅ ရက်အတွက် WUND က ခန့်မှန်းပုံဖေါ်ထားတဲ့ အခြေအနေအရ အောက်တိုဘာ-၃ဝ ရက် သောကြာနေ့မှာ အဆင့် ၄ ရှိတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာကာ ဖိလစ်ပိုင်နိုင်ငံကို မြို့တော်မနီလာရဲ့မြောက်ဘက်ကနေပြီး ခါးလည်က ဖြတ်တိုက်မဲ့ အနေအထားမျိုးတွေ့နေရပါတယ်။

TSR data မှာတော့ အောက်တိုဘာလ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၆း၃ဝ နာရီ (လာမဲ့ ၉၆ နာရီမှာ အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်ရောက်ရှိလာမှာဖြစ်ပြီး မနီလာမြို့ရဲ့ အရှေ့မြောက်ဘက် ၁၃၅ မိုင်ခန့်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလိုခန့်မှန်းထားတဲ့အတိုင်းသာဖြစ်လာမယ်ဆိုရင် လာမဲ့ ၉၆ နာရီမတိုင်မီမှာဘဲ ဖိလစ်ပိုင်ကမ်းရိုးတမ်းဒေသဟာ အဆင့်-၄ စူပိုင်တိုင်ဖွန်းမုန်တိုင်းရဲ့ တိုက်ခတ်မှုကို ခံကြရတော့မှာဖြစ်ပါတယ်။

ဆက်လက်ပြီး 23W ကို ဘယ်လို အမည်ပေးမယ်ဆိုတာနဲ့ ဘယ်လိုအဆင့်အထိဖြစ်လာဦးမယ် ဘယ်လမ်းကြောင်းနဲ့ ဘယ်နေရာကိုဝင်တိုက်မယ် ဆိုတာ စောင့်ကြည့်ရင်း ဆက်လက် တင်ပြပေးသွားပါဦးမယ် ။

2 Responses to “အပူပိုင်းမုန်တိုင်းဖြစ်လာသော 23W TWENTY-THREE”

  1. mmweather Says:

    NASA’s CloudSat satellite captured a side view of 23W’s clouds on Oct. 26, and revealed some high, strong thunderstorm cloud tops almost 9 miles high.
    The blue area along the top of the clouds indicates cloud ice, while the wavy blue lines on the bottom center of the image indicate intense rainfall — more than 1.18 inches/hour.


    Credit: NASA/JPL/Colorado State Univ/NRL


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s