တိုင်ဖွန်းမုန်တိုင်း MIRINAE update#2

တိုင်ဖွန်းမုန်တိုင်း MIRINAE သည် တိုင်ဖွန်ုးန်တိုင်းအဆင့်သို့ လျှင်မြန်စွာ ပြောင်းလဲလာပြီးနောက် ဖိလစ်ပိုင်ပင်လယ်သို့ ပိုမိုလျှင်မြန်သော နှုန်းဖြင့် ဆက်လက်ရွေ့လျားလျှက်ရှိနေပါသည်။ ဖိလစ်ပိုင် Area of Responsiblity (PAR) သို့ ယနေ့ ညပိုင်းတွင် စတင်ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE အား ဖိလစ်ပိုင်မိုးလေဝသ ဌာနမှ SANTI ဟု အမည်ပေးထားလိုက်ပြီဖြစ်ပြီး နောက်လာမည့် ၂ ရက်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ လာမည့် ၂ ရက်မှ ၅ ရက် ကြိုတင် ခန့်မှန်းချက်အရ အနောက်-အနောက်တောင်ဘက်ဆီသို့ လမ်းကြောင်းပြောင်းရွေ့လျားနိုင်ကြောင်း သိရပါသည်။

လာမည့် စနေနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း (လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ သို့မဟုတ် ၁၁၅ မိုင်) သို့ ရောက်ရှိကာ အဆိုပါနေ့ ညနေပိုင်းတွင် Casiguran နှင့် Aurora မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

မုန်တိုင်း၏ အရွယ်အစားမှာ အချင်း ၅၂ဝ ကီလိုမီတာ (၃၂၅ မိုင်ခန့်) အထိရှိလာပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်မှ ၉၂ မိုင်နှုန်းအထိ ရှိနေကြောင်း၊ အနောက်ဘက် သို့ တစ်နာရီလျှင် ၁၉ မိုင်နှုန်း ဖြင့် ဆက်လက်ရွေ့လျားနေပြီး မုန်တိုင်း မျက်စေ့အနီးတွင် မုန်တိုင်းဒီလှိုင်းအမြင့်-  ၅.၁ မီတာ (၁၇ ပေခန့်) အထိရှိနိုင်ကြောင်းသိရပါသည်။ တိုင်ဖွန်းမုန်တိုင်း MIRINAE လတ်တလော ဦးတည်ရွေ့လျားလျက်ရှိသည့်ဒေသမှာ Southern Isabela-Northern Aurora Area ဒေသ ဖြစ်ကြောင်းသိရပါသည်။

နိုဝင်ဘာလ ၁ ရက် – တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် Southern Isabela, Quirino, Benguet, La Union တို့ကို ကျော်ဖြတ်ပြီး Lingayen ပင်လယ်ကွေ့ Cape Bolinao Area in Northern Pangasinan မှ ထွက်ကာ တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်မှာဖြစ်ပြီး တနင်္လာနေ့ နိုဝင်ဘာ ၂ ရက် နေ့တွင် တောင်တရုတ်ပင်လယ် အလယ်ပိုင်းသို့ ရောက်ရှိမည်ဟု T2K မှ ခန့်မှန်းထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ LUZON ကျွန်းမကြီးပေါ်သို့ အောက်တိုဘာလ ၃ဝ ရက်၊ သောကြာနေ့မှစတင်၍ ၆ နာရီမှ ၁၂ နာရီကြာ မိုးသည်းထန်နိုင်ပြီး မုန်တိုင်းဗဟို အနီးတွင် မိုးရေချိန် ၂ဝဝ မီလီမီတာ (၈ လက်မ ခန့်) အထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းပေးထားသည်ကိုလည်းတွေ့ရပါသည်။

El Niño( အယ်နီညို ) ဖြစ်ပေါ်မှုကြောင့် မုန်တိုင်းများ ပိုမိုအားကောင်းလာနေ

လက်ရှိပစိဖိတ်သမုဒ္ဒရာနှင့် ဖိလစ်ပိုင်ပင်လယ်အတွင်း တိုင်ဖွန်းမုန်တိုင်းရောက်ရှိဗဟိုပြုရာဒေသတွင် ပင်လယ်ရေအပူချိန်မြင့်တက်နေလျှက် ရှိကြောင်း၊ ထိုဒေသတွင် အယ်နီညို ဖြစ်ပေါ်မှုမှာလည်း ယခုအချိန်မှစတင်ကာ မြင့်တက်လာနေသည့်အတွက် မုန်တိုင်းများ အားပိုမိုကောင်းကာ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ချေပိုမိုများလာကြောင်းတွေ့ရပါသည်။

အောက်တိုဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၃ဝ တွင် ရရှိသည့် အနောက်-ပစိဖိတ်ရေပြင် အပူချိန်ပြပုံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s