တိုင်ဖွန်းမုန်တိုင်း MIRINAE ဖိလစ်ပိုင်ကိုဖြတ်ကျော်တိုက်ခတ်

အောက်တိုဘာ ၃၁ ရက် စနေနေ့ ဒေသစံတော်ချိန်  နံနက် ၁ နာရီ (1700GMT) တွင် တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) သည် ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ် အရှေ့ဘက် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီဖြစ်ပါသည်။ မုန်တိုင်း စတင်၍ ဖြတ်ကျော်စဉ်တွင် အဆင့်-၂ ရှိပြီး ကုန်းတွင်းသို့ ရောက်ပြီးနောက် အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားကာ၊ မုန်တိုင်းမျက်စေ့သည် တစ်နာရီလျှင် ၈၅ မိုင်နှုန်းဖြင့် မနီလာမြို့တောင်ဘက် မိုင် ၂ဝ ခန့်မှ ဖြတ်ကျော်သွားခဲ့ပါသည်။

Tinaga, Guintinua နှင့် Maculabo ကျွန်းများကို စတင် ဖြတ်ကျော်ပြီးနောက် Mauban ကျွန်းကို ဖြတ်ကျော်တိုက်ခတ်ကာ Luzon ကျွန်း Lucena City မြောက်ဘက် မိုင်၂ဝ ခန့်မှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း TSR data များအရ သိရပါသည်။ လေတိုက်နှုန်း မပြင်းသော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင်း မူလ ရေကြီးခဲ့သည့် မနီလာမြို့တော်နှင့် ပတ်ဝန်းကျင် ဒေသများအတွက် အခြေအနေကို ပိုမိုဆိုးရွားစေလိမ့်မှာဖြစ်ကြောင်း ကျွမ်းကျင်သူများမှ ခန့်မှန်းထားကြပါသည်။

မုန်တိုင်းသည် တစ်နာရီလျှင် ၁၅ မိုင်နှုန်းဖြင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး မနီလာမြို့၏ အရှေ့-အရှေ့တောင်ဘက် ၁ဝ၃ မိုင်ခန့်တွင် ရောက်ရှိဗဟိုပြုလျက်ရှိပါသည်။ လက်ရှိလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၅ မိုင်မှ မိုင် ၈ဝ အထိရှိနေပါသည်။

အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာသော MIRINAE သည် အနောက်ဘက်သို့ တစ်နာရီ ၂ဝ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေပြီး လာမည့် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ အရှေ့ဘက် မိုင် ၅၆ဝ ၊ ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ အရှေ့ဘက် မိုင် ၆၆ဝ အကွာ သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ နိုဝင်ဘာလ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၆နာရီခွဲ မတိုင်မီ လာမည့် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ Phu Yen ပြည်နယ် နှင့် Khanh Hoa ပြည်နယ် အစပ်၊Tuy Hoa Airbase နှင့် Phu Hiep မြို့ အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s