MIRINAE လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီ

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း MIRINAE သည် ယမန်နေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် အပူပိုင်းမုန်တိုင်းအဖြစ်အားပျော့သွားကာ ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဆက်လက် အားပျော့လျှက်ရှိကာ မကြာမီ လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင်ရရှိသည့် data များအရ သိရပါသည်။

နိုဝင်ဘာလ ၃ ရက်  မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် တိုင်ဖွန်းမုန်တိုင်း MIRINAE ၏ အကြွင်းအကျန် တိမ်တိုက်ကြီးများကို ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ အပြင် မလေးရှားနိုင်ငံ  မြောက်ပိုင်းဒေသများတွင်လည်း  တွေ့နိုင်ပါသည်။ ထို့ကြောင့် အထက်ပါဒေသများတွင် မုန်တိုင်း အကြွင်းအကျန် မိုးများရွာနိုင်ကြောင်းလည်း သိရှိခန့်မှန်းနိုင်မည်ဖြစ်ပါသည်။

ယခု post သည် MIRINAE (23W) (SANTI) အစရှိသည့် အမည်များဖြင့် ဖြစ်ပေါ်လာခဲ့သော တိုင်ဖွန်းမုန်တိုင်းအတွက် နောက်ဆုံးတင်ပြသော post ဖြစ်ပြီး MIRINAE ပြန်လည်အားကောင်းလာနိုင်ခြင်းရှိ/မရှိ ဆက်လက်စောင့်ကြည့်လေ့လာကာ ထူးခြားမှုရှိလျှင် ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။

 

2 Responses to “MIRINAE လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီ”

  1. mmweather Says:

    MIRINAE (SANTI) rapidly weakened into a Tropical Depression after making landfall over Vietnam early last night…now dissipating. လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည့် MIRINAE သည် မကြာခင် အားပျော့ပျက်ပျယ်သွားတော့မည်ဖြစ်ပါသည်။ ယခု update သည် MIRINAE အတွက် နောက်ဆုံး update ဖြစ်ပါသည်။

    view on MMWEATHER NING SITE

  2. mmweather Says:

    View related news

  3. Tropical storm Mirinae kills 11 in central Vietnam
  4. Typhoon Mirinae Weakens After Crossing Vietnam Coast (Update2)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s