CAT-5 အဆင့်အထိရောက်လာတဲ့ စူပါတိုင်ဖွန်း NIDA

လာမဲ့ ၁၂ နာရီအတွင်းမှာ တိုင်ဖွန်းမုန်တိုင်း NIDA ဟာ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာတော့မယ်လို့ TSR data တွေမှာ ဖေါ်ပြထားပြီ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့ညနေ ဂျပန်စံတော်ချိန် ၃ နာရီ (မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီခွဲ) အချိန်မှာ အဆင့်-၅ တိုင်ဖွန်းမုန်တိုင်းကြီး အဖြစ် ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

လေတိုက်နှုန်း တစ်နာရီကို ၁၄၅ မိုင်မှ ၁၇ဝ မိုင်နှုန်းအထိရှိတဲ့ လေပြင်းများဟာ ကီလိုမီတာ ၃ဝ အချင်းရှိတဲ့ “မုန်တိုင်းမျက်စေ့” တည်ရာ ဗဟိုချက်မှာ တိုက်နေတယ်လို့ သိရပါတယ်။ (အခုသတင်းကို ရေးနေတဲ့ အချိန်မှာဘဲ မုန်တိုင်း NIDA ဟာ စူပါတိုင်ဖွန်းအဆင့် Saffir-Simpson Typhoon Scale: Category 5 ကိုရောက်သွားပြီ လို့ သိရပါတယ်)

မုန်တိုင်းဟာ မြောက်- အနောက်မြောက်ဘက်ကို တစ်နာရီ ၁၄ မိုင်နှုန်းနဲ့ ဆက်လက်ရွေ့လျားနေကြောင်းလဲ သိရပါတယ်။

မုန်တိုင်းရဲ့ အရွယ်အစားကတော့ အချင်း ၇၄ဝ ကီလိုမီတာ (၄ဝဝ နော်တီကယ်မိုင်) သို့မဟုတ် မိုင်အားဖြင့် မိုင် ၅ဝဝ ခန့်ရှိနေတဲ့ အလွန်ကြီးမားတဲ့ အရွယ်အစားဖြစ်နေတာတွေ့ရပါတယ်။ နိုဝင်ဘာလ ၂၇ ရက် ဖိလစ်ပိုင်စံတော်ချိန်  နံနက် ၈ နာရီ မှာတော့ တိုင်ဖွန်းမုန်တိုင်း NIDA ဟာ သူ့ရဲ့ အမြင့်မားဆုံး စွမ်းအားအဆင့်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီအချိန်မှာ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းကြီးရဲ့ အရှေ့ဘက် ၁၈၁ဝ ကီလိုမီတာ အကွာအဝေး(မိုင် ၁၁၃ဝ ခန့်) မှာ ရောက်ရှိဗဟိုပြုလိမ့်မယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

 

2 Responses to “CAT-5 အဆင့်အထိရောက်လာတဲ့ စူပါတိုင်ဖွန်း NIDA”

  1. mmweather Says:

    တောင်တရုတ်ပင်လယ်အနောက်ပိုင်း စင်္ကာပူအနီးက လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို အနည်းငယ်ရွေ့လျားပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တောင်ဘက် မိုင် ၂၃ဝ ခန့်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး လာမဲ့ ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ချေကတော့ POOR အဆင့် (ဖြစ်နိုင်ချေ နည်းသောအဆင့်) ကို လျော့ကျသွားပြီလို့ JTWC သတင်းအချက်အလက်များအရ သိရပါတယ်။

  2. mmweather Says:

    မြန်မာစံတော်ချိန် ၁၆းဝ၂ နာရီတွင် တွေ့မြင်ရသော စူပါတိုင်ဖွန်းမုန်တိုင်း NIDA


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s