အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း NIDA ဖိလစ်ပိုင်ကိုဒုက္ခမပေးနိုင်

နိုဝင်ဘာလ ၂၆ ရက် (ယနေ့) နံနက် ဖိလစ်ပိုင်စံတော်ချိန် ၆းဝဝ နာရီတွင် ဖိလစ်ပိုင်မိုးလေဝသဌာန ထုတ်ပြန်ချက်၌ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း NIDA သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ကျွန်းစုများဖြစ်ကြသည့် Micronesia နှင့်  Guam တို့ကို ဖြတ်ကျော်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်း အရွယ်အစားမှာ အချင်း ကီလိုမီတာ ၇၄ဝ (မိုင် ၄၆ဝ ခန့်) ရှိနေကြောင်း သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ Bicol ဒေသ၏ အရှေ့ဘက် ကီလိုမီတာ ၁၇၈ဝ ခန့်တွင် ဗဟိုပြုနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၂၉၅ – ၃၆ဝ ကီလိုမီတာနှုန်း (တစ်နာရီ မိုင် ၁၈ဝ မှ ၂၂၅ မိုင်နှုန်းအထိ) ရှိနေကြောင်း၊ သို့ရာတွင် လာမည့် ၅ ရက်အတွက် ကြိုတင်ခန့်မှန်းချက်များအရ ဖိလစ်ပိုင် မိုးလေဝသပိုင်နက် အတွင်းသို့လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံကိုလည်းကောင်း ဝင်ရောက်တိုက်ခတ်နိုင်သည့် အနေအထား မရှိကြောင်း ကြေငြာထားပါသည်။

အောက်ပုံတွင် TSR မှ ပုံဖေါ်ထားသည့်အတိုင်း အနောက်မြောက်- မြောက်ဘက်သို့ ရွေ့လျားနေရာမှ လာမည့် ၄၈ နာရီနောက်ပိုင်းတွင် အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းလိမ့်မည်ဟု ခန့်မှန်းထားပြီး၊ ဂျပန်နိုင်ငံ တောင်ဘက်မှ ဖြတ်ကျော်၍ ရေပြင် ပေါ်တွင်သာ ဆက်လက်တည်ရှိနေနိုင်ကြောင်း တွက်ချက်ခန့်မှန်းထားကြသည်ကို လေ့လာနိုင်ပါသည်။

 

(စူပါတိုင်ဖွန်းမုန်တိုင်း NIDA) နိုင်ငံတကာမိုးလေဝသကွန်ပျူတာမော်ဒယ်များ၏ လမ်းကြောင်းခန့်မှန်းချက်

3 Responses to “အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း NIDA ဖိလစ်ပိုင်ကိုဒုက္ခမပေးနိုင်”

  1. mmweather Says:

    44-foot waves, 203-mph gusts; Typhoon Nida roars
    While we watch the Atlantic hurricane season wheeze to a close, the Pacific continues to be a fearsome storm factory.

    Up next is Typhoon Nida, left, now 150 miles west southwest of the U.S. territory of Guam. The storm has reached Cat. 5 strength, a Super Typhoon. Top sustained winds are blowing at 172 mph.

    For now, no large land masses are threatened, although a number of small islands near Saipan are being affected. Here’s more on Nida from NASA

  2. mmweather Says:

    The MODIS instrument on NASA’s Aqua satellite captured a visible image of Super Typhoon Nida early on Nov. 25 that shows a perfectly symmetrical storm and a clear eye, both hallmarks of a powerful typhoon.
    Credit: NASA MODIS Rapid Response Team


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s