MMWEATHER ၏ သတင်းများနှင့် POST Update များ

MMWEATHER ၏ သတင်းများနှင့် POST Update များကို http://blog.mmweather.com သို့ ပြောင်းရွှေ့တင်ပြပေးထားပါသည်။ MMWEATHER အား FACEBOOK တွင်လည်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

MMWEATHER ADMINISTRATION TEAM

နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ခညောင်းကြပါစေ ….

တစ်ကမ္ဘာလုံးတွင် လေဖိအားနည်းရပ်ဝန်းငယ် ၂ ခုသာရှိ

မုန်တိုင်းရာသီကုန်ဆုံးတော့မည့်အချိန်သို့ချဉ်းနင်းဝင်ရောက်လာသည်နှင့်အညီ မြောက်ကမ္ဘာခြမ်းတွင် အေးမြခြောက်သွေ့သော လေထုက စိုးမိုးဝင်ရောက်လာပြီလည်း ဖြစ်ပါသည်။ လတ်တလောအချိန်တွင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း ၂ ခုသာ ရှိပါသည်။ ထိုလေဖိအားနည်းရပ်ဝန်းများမှာလည်း မုန်တိုင်းများဖြစ်လာနိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးနေပြီဖြစ်ပါသည်။  http://mmweather.ning.com တွင် အလိုအလျှောက် update ဖြစ်မည့် homepage စီစဉ်ထားပါသဖြင့် သွားရောက်လေ့လာနိုင်ပါသည်။ မိုးလေဝသသတင်းများသာမက အခြားသော သဘာဝဘေးအန္တရာယ်သတင်းများကိုလည်း ထူးခြားမှုရှိလျှင် ဆက်လက်စီစဉ်တင်ပြပေးသွားမည် ဖြစ်ပါသည်။

mmweather စာဖတ်ပိရိတ်သတ်များ နှင့် member များမှ ဓါတ်ပုံဝါသနာရှင်/ပညာရှင်များအတွက် http://mmweather.com/photographers နှင့် http://mmweather.com/gallery/ တို့တွင် photo gallery များ စီစဉ်ပေးထားပါသည်၊ ရာသီဥတုကောင်းမွန်ကြည်လင်ချိန်တွင် မိမိစိတ်ကြိုက်ရိုက်ကူးထားသောပုံများဖြင့် ပါဝင်နိုင်ပါသည်။

mmweather member များနှင့် စာဖတ်ပိရိသတ်များ  အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။

Realtime chat on mmweather-chatroll

mmweather member များအချင်းချင်းဖြစ်စေ၊ mmweather administration team နဲ့ပဲ ဖြစ်စေ real time discussion လုပ်ချင်တယ်ဆိုရင် ဆွေးနွေးနိုင်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ အခု chatroll ကို ညွှန်ပြပေးတဲ့ “နေရာ” ဘလော့ကိုကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။

http://chatroll.com/mmweather

 

အိန္ဒိယနှင့်ပစိဖိတ်သမုဒ္ဒရာ အခြေအနေများစောင့်ကြည့်နိုင်ပြီ

MMWEATHER member များနှင့် mmweather ၏ စာဖတ်ပရိသတ်များခင်ဗျား

မုန်တိုင်းများဖြစ်ပေါ်လာသည့်အခြေအနေမရှိသော်လည်း အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာများအတွင်း ထူးခြားသည့်အခြေအနေဖြစ်ပေါ်မှုများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်လေ့လာနိုင်ရန် http://mmweather.ning.com homepage တွင် အောက်ပါပုံများဖြင့် စီစဉ်ပေးထားပြီဖြစ်ပါသည်။

Post အသစ်များတင်လျှင်လည်း ဤစာမျက်နှာကို “အိန္ဒိယနှင့်ပစိဖိတ်သမုဒ္ဒရာအခြေအနေ” စာမျက်နှာအဖြစ် ဆက်လက်ထားရှိပေးသွားမည်ဖြစ်ပြီး၊ NING homepage အထက်ပိုင်းတွင်လည်း ဆက်လက်၍ တင်ထားပေးမည်ဖြစ်ပါသည်။

သတင်း update ဖြစ်/မဖြစ်  Reload(or)Refresh လုပ်၍ ကြည့်ပါရန်။

အိန္ဒိယသမုဒ္ဒရာအခြေအနေ စောင့်ကြည့်လေ့လာရန်

ပစိဖိတ်သမုဒ္ဒရာ အခြေအနေ စောင့်ကြည့်လေ့လာရန်

အရှေ့တောင်အာရှနှင့်သဘာဝဘေးအန္တရာယ်ဆိုးများ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ အာဆီယံနိုင်ငံများအနက် ၂ဝဝ၉ ခုနှစ်အတွင်း အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံရသည့် နိုင်ငံများအနက် တိုင်ဖွန်းမုန်တိုင်းများဖြစ်ပေါ်တိုက်ခတ်ခံရခြင်းနှင့် ၄င်းမုန်တိုင်းများကြောင့် ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များကို ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံတွင် မပါဝင်သော တရုတ်အရှေ့တောင်ပိုင်းဒေသများအပြင် ဂျပန်နိုင်ငံတို့ကလည်းကောင်း၊ မြေငလျှင်ဒဏ်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီးခံစားခဲ့ကြရပြီးဖြစ်ပါသည်။

အထက်ပါ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်ပေါင်းများစွာနှင့် ပိုင်ဆိုင်မှုများစွာအပြင် ကောက်ပဲသီးနှံများစိုက်ခင်းများနှင့် လမ်းတံတားများစသည့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများပါ ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရကြောင်း mmweather မှလက်လှမ်းမီသမျှ စုဆောင်းဖေါ်ပြပေးခဲ့ပြီးဖြစ်သည့် သတင်းများတွင် တွေ့မြင်ကြရပြီးဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုဖေါက်ပြန်လာခြင်း စသည့်အခြေအနေများမှ ဆက်စပ်ဖြစ်ပေါ်လာသော အောက်ပါ သဘာဝဘေးအန္တရာယ်ဆိုးများ ကြုံတွေ့ခံစားကြရမှုများမှ လုံးဝလွတ်ကင်းနိုင်ရန် ဆောင်ရွက်ခြင်းငှာ မတတ်သာသော်လည်း ကြိုတင်သတိပေးခြင်း၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာသည့်အခါ သတင်းများရေးသားတင်ပြ၍ အများပြည်သူလေ့လာမှတ်သား သင်္ခဏ်းစာယူနိုင်စေခြင်း စသည်တို့အတွက် mmweather မှ ဆက်လက်ဆောက်ရွက်လျှက်ရှိနေဆဲဖြစ်ပါသည်။

view original on mmweather forum at http://mmweather.com/forum/viewtopic.php?f=10&t=4

mmweather စိတ်ဝင်စားသူများနှင့် mmweather group member များမှ ပါဝင်ရေးသားဆွေးနွေးနိုင်ကြစေရန် Forum တစ်ခုကို http://mmweather.com/forum တွင် တည်ဆောက်ပေးထားပါသဖြင့် စိတ်ပါဝင်စားသူများမှ အကြံပြုခြင်း ပါဝင်ဆွေးနွေးခြင်းဖြင့် ကူညီပေးနိုင်ကြပါရန် တင်ပြအပ်ပါသည်။

mmweather administration team

please send email to webmaster@mmweather.com or uwinnaing@mmweather.com

တိုင်ဖွန်းမုန်တိုင်း LUPIT ၏ အခြေအနေ update

လာမည့် စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များအတွင်း တိုင်ဖွန်းမုန်တိုင်း LUPIT ၏ အခြေအနေအား ယခု post တွင် ဆက်လက်လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ WUND မှာ အောက်ပါပုံသည် update ရှိနေပါက refresh လုပ်လျှင် ပြောင်းလဲသွားမည်ဖြစ်ပါသည်။

မြေငလျှင် ပြင်းအား ၅ နှင့် အထက် လှုပ်ခတ်မှုများသည် http://mmweather.ning.com တွင် အလိုအလျှောက် update ဖြစ်နေမည်ဖြစ်ပါသည်။

mmweather group post များအခြေအနေထူးခြား၍တင်ပေးရန်လိုလျှင် ဖိလစ်ပိုင်နိုင်ငံမှာ ကိုစိုးထိုက်က ဆက်လက်တင်ပေးသွားမည် ဖြစ်ပါသည်။