သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း


သဘာဝဘေးအန္တရာယ်များနှင့်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ
သဘာဝဘေးအန္တရာယ်အမျိုးအစားများ
၁။ ရေလွှမ်းမိုးခြင်း floods,
၂။ မီေးတာင်ပေါက်ကွဲခြင်း volcanic eruptions,
၃။ မြေငလျှင်လှုပ်ခြင်း earthquakes,
၎။ ဆူနာမီရေလှိုင်းများဖြစ်ပေါ်ခြင်း tsunamis,
၅။ တောင်ပေါ်မှ နှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုးလျှောကျခြင်း avalanches,
၆။ မီးတောင်ရွှံ့/မြေပြိုခြင်း lahars (volcanic mudslides),
၇။ တောင်ပြိုခြင်း/မြေပြိုခြင်း landslides,
၈။ မြေကျွံခြင်း sinkholes,
၉။ နှင်းမုန်တိုင်း blizzards,
၁ဝ။ မိုးခေါင်ခြင်း drought,
၁၁။ မိုးသီးမုန်တိုင်း hailstorms,
၁၁။ အပူလှိုင်းကျရောက်ခြင်း heat waves,
၁၂။ ဟာရီကိန်း hurricanes,
၁၃။ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခြင်း tropical storms,
၁၄။ တိုင်ဖွန်း/ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခြင်း typhoons,
၁၅။ ရေခဲခေတ်အသွင်ကျရောက်ခြင်း Ice Ages,
၁၆။ လေဆင်နှာမောင်းတိုက်ခတ်ခြင်း tornadoes,
၁၇။ တောမီးလောင်ကျွမ်းခြင်း wildfires.
သမိုင်းမှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုသည် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှုတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၃ဝဝဝ ခန့်တွင် အင်ဒိုနီးရှားဒေသတွင် တိုဘာမီးတောင်(Mt. Toba) ပေါက်ကွဲခဲ့ပြီး ဒေသတွင်းမှ လူသားမျိုးနွယ်အားလုံးနီးပါးအသက်ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ ၁ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်သာ ကျန်ရှိကြောင်း မျိုးရိုးဇီဇဆိုင်ရာဆန်းစစ် စစ်ဆေးခြင်း ပညာရပ်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း မှတ်သားရပါသည်။
သဘာဝဘေးအန္တရာယ်အဖြစ် ရံဖန်ရံခါ သတ်မှတ်လေ့ရှိသော အဖြစ်အပျက်များတွင် ဘက်တီရီးယားနှင့် ဗိုင်းရပ်စ်များကြောင့်ဖြစ်ပေါ်တတ်သည့် ကပ်ရောဂါများလည်းပါဝင်ကြပြီး ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးအစားများနှင့်မတူညီသည့် အတန်းအစား (Category) ခွဲခြား၍ သတ်မှတ်ဖေါ်ပြကြပါသည်။ ထို့အပြင် ကျိုင်းကောင်များနှင့် အဆိပ်မှိုများကြောင့် လူတို့အတွက် ရိက္ခာပြတ်တောက်စေခြင်း/အစာအဆိပ်သင့်ခြင်းများကို ဖြစ်ပေါ်စေခြင်းတို့သည်လည်း သဘာဝဘေးအန္တရာယ် အတန်းအစားတစ်ခုအဖြစ် သတ်မှတ်ဖေါ်ပြကြပါသည်။
၁၉၁၈-၁၉၁၉ ခုနှစ်တွင် စပိန်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးကပ်ရောဂါသည် လူ့အသက်ပေါင်း သန်း ၅ဝ ကျော်ကို သေကြောပျက်စီးစေခဲ့ပြီး အဆိုပါအရေအတွက်သည် ၄င်းကပ်ရောဂါမဖြစ်ပွားမီအချိန်တိုလေး အတွင်းတွင် ပြီးစီးခဲ့သည့် ပထမကမ္ဘာစစ်အတွင်း သေကြေပျက်စီးခဲ့သည့် လူ့အသက်များထက် ပိုမိုခဲ့ပြီး သေဆုံးသူများမှာ အသက်အရွယ်ကြီးသူများနှင့် ကလေးသူငယ်များဖြစ်ကြပါသည်။
အချို့သော သဘာဝဘေးအန္တရာယ်တို့သည် သဘာဝအကြောင်းတရားနှင့် သဘာဝမဟုတ်သော အကြောင်းတရားနှစ်ခုတို့ဖြင့် ဆက်စပ်လျှက်ဖြစ်ပေါ်တတ်သည်ကိုတွေ့ရပါသည်၊ ဥပမာ-ဒုဗ္ဘိက္ခတရကပ် ခေါ် ငတ်မွတ်ခြင်းကပ်ဘေးသည် သဘာဝတရားနှင့် လူသားတို့မှားယွင်းမှုများကြောင့် ဆက်စပ်၍ဖြစ်ပေါ်လာရတတ်သော ဘေးအန္တရာယ်ကပ်ဆိုးကြီးဖြစ်ပါသည်။
၂ဝ ရစုနှစ်အတွင်း ၁၉၅၈-၁၉၆၁ ခုနှစ်တွင် တရုတ်ပြည်တွင်ဖြစ်ပွားခဲ့သော ဒုဗ္ဘိက္ခတရကပ်ကြောင့် လူဦးရေ သန်း ၃ဝ တို့အားသေလုမျောပါးခံစားစေခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ စတာလင် ၏ မူဝဒါရေးရာမှားယွင်းမှုကြောင့်ဟု လူအများအပြစ်တင်ခဲ့ကြသည့် ဆိုဗီယက်ပြည်ထောင်စုတွင် ထိုအချိန်အတွင်း ကြုံတွေ့ခဲ့ရသည့် ဒုဗ္ဘိက္ခတရကပ်သည်လည်း လူသားတို့၏ ကြမ်းကြုတ်ရက်စက်မှုနှင့်ဇတ်တူသားစားသည့်မူဝါဒ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ဒုဗ္ဘိက္ခတရကပ် တစ်ပါးအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်းတွေ့ရှိရပါသည်။
အာကာသအတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကိုအခြေခံဖြစ်ပေါ်လေ့ရှိသည့် ဥက္ကာခဲများ/ဥက္ကာပျံများ နှင့် နေပေါက်ကွဲမှုများမှဖြစ်ပေါ်သည့် အလင်းလွန်လှိုင်းများ ကမ္ဘာမြေပေါ်ကျရောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်ရေပ်များအဖြစ်သာ တွေ့မြင်ရတတ်သော်လည်း ဤဖြစ်ရပ်များကိုလည်း သဘာဝဘေးအန္တရာယ်အတန်းအစား (Category) တစ်ခုအဖြစ် သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဥက္ကာပျံများကျရောက်ခြင်းနှင့် နေပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်သည် အလွန်ကြုံတောင့်ကြုံခဲဖြစ်ရပ်များဖြစ်သော်လည်း  ကမ္ဘာမြေပေါ်ကျရောက်ခဲ့လျှင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး လူသူအသေအပျောက်နှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးနိုင်ခြေမှာလည်း ပုံမှန်သဘာဝဘေးအန္တရာယ်များကဲ့သို့ ပျက်စီးဆုံးရှုံးနိုင်စွမ်းရှိသဖြင့် ဤဖြစ်ရပ်များကို ရေရှည်အချိန်ကာလတစ်ခုအတွက် သဘာဝဘေးအန္တရာယ်အတန်းအစားတစ်ခုတွင် ထည့်သွင်းထားရန် သင့်/မသင့်ကို ကမ္ဘာပေါ်မှ သိပ္ပံပညာရှင်များ ယခုတိုင် အငြင်းပွားနေကြဆဲဖြစ်ကြောင်း သိရှိရပါသည်။
============
သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်း
သဘာဝဘေးအန္တရာယ်ဟူသည် အချိန်အခါမရွေး ကြိုတင်သတိပေးချက် မရရှိနိုင်ပဲ ဖြစ်ပွားနိုင်သည့်အတွက် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Catastrophe ခေါ် ရုတ်တရက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များတွင် သဘာဝကြောင့်လည်းကောင်း လူသားတို အမှားကြောင့်လည်းကောင်း  ဖြစ်ပွားတတ်သောကြောင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများအားစံနစ်တကျ ဆောင်ရွက်ထားရန်မှာ အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းအတွက်ကြိုတင်ပြင်ဆင်ထားရန်မှာ အမှန်စင်စစ် ခက်ခဲသော ကိစ္စမဟုတ်ပါ။ အတွေ့အကြုံနည်းသော်လည်း လေ့လာမှတ်သား၍ ဖြစ်နိုင်ခြေအားလုံးအတွက် တတ်နိုင်သမျှ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရန်သာ လိုအပ်ပါသည်။ ပထမဦးဆုံးလိုအပ်သော ဗဟုသုတမှာ သင်နေထိုင်သည့်ဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုးကျရောက်တတ်ပါသနည်း ? သို့မဟုတ် သင်နေထိုင်ရာဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်နိုင်ခြေရှိပါသနည်း ? ဟူသည့် မေးခွန်းအဖြေအတွက် မိမိဘာသာ လေ့လာဆန်းစစ်ထားရန်ဖြစ်ပါသည်။
အစားအစာ၊ ရေ နှင့် လျှပ်စစ်ဓါတ်အား၊ (အေးသောဒေသများအတွက်) အပူဓါတ် နှင့် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဘာလုပ်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန်၊ သင့်မိသားစု(သို့မဟုတ်)သင့်ပတ်ဝန်းကျင်မှ လူသားမိတ်ဆွေများအတွက် အသိပညာပေးပြောဆိုထားပြီး အရေးပေါ်အခြေအနေအတွက် အချိန်မီကြိုတင်ဇတ်တိုက် လေ့ကျင့်ထားရန်လိုအပ်ပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတင် အရေးပေါ်အခြေအနေအသုံးပြုရန် ပစ္စည်းသေတ္တာလေးများ (Disaster survival kits) ကို ဝယ်ယူရရှိနိုင်သကဲ့သို့ ဝယ်ယူမရနိုင်လျှင် မိမိပတ်ဝန်းကျင်တွင်လည်း အလားတူအရေးပေါ်ကယ်ဆယ်ရေးနှင့် အသက်ရှင်သန်ရေးအတွက် ပစ္စည်းလေးများပါဝင်သော သေတ္တာ/အထုပ် စသည်ဖြင့် ပြုလုပ်ထားရှိသင့်ပါသည်။
မိမိဘာသာပြင်ဆင်ရမည့် အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ရှင်နေနိုင်ရေး အထောက်အကူပြုပစ္စည်း သေတ္တာ/အထုပ်လေးများတွင် စည်သွတ်ဗူးအစားအစာအနည်းငယ်၊ သောက်ရေ(လိုအပ်လျှင် သောက်ရေအား လဲလှယ်ပေးနေရမည်ဖြစ်ပါသည်) အဝတ်အထည်အနည်းငယ်၊ လူသုံးကုန်ပစ္စည်းအနည်းငယ်၊ စောင်အနည်းငယ်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ ဓါတ်ခဲသုံး မီးအိမ်/ လက်နှိပ်ဓါတ်မီး နှင့် လိုအပ်လျှင် ပြင်ပသတင်းနားထောင်နိုင်သည့် ရေဒီယို စသည်ဖြင့်လိုအပ်မည်ဖြစ်ပြီး၊ လိုအပ်နိုင်မည့် အရေးကြီးစာရွက်စာတမ်း မိတ္တူများ (မြန်မာပြည်တွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အာမခံ စာရွက်စာတမ်းမိတ္တူ၊ လိုင်စင်မိတ္တူ၊ ရက်အနည်းငယ် အရေးပေါ်အချိန်အတောအတွင်းသုံးရန် ငွေအနည်းငယ် အစရှိသည်ဖြင့် ကိုယ့်အခြေအနေနှင့်ကိုယ် ပြင်ဆင်ပြီး ရေလုံသော ပလပ်စတစ်အိပ် သေတ္တာစသည်ဖြင့် ထည့်ကာ မိမိဝယ်ယူ/ပြုလုပ်ထားသောအရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) တွင် အတူထည့်သွင်းထားသင့်ပါသည်။
မှတ်ချက်။ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခြင်းဆိုင်ရာကျွမ်းကျင်သူများမှ disaster survival kit ပြင်ဆင်ရာ၌ –
– ရေကို လူတစ်ဦးလျှင် တစ်ရက် ၁ ဂါလံ နှုန်းဖြင့် ၁၄ ရက်စာအထိပြင်ဆင်သင့်သည်
– ဖြစ်နိုင်လျှင် သုံးရန် ရေကိုလည်းများများလှောင်၍ပြင်ဆင်ထားသင့်သည်
– မပုပ်မသိုးနိုင်သော အစားအစာ (စည်သွပ်ဗူး)၊ သစ်သီးခြောက်များနှင့် ရည်ရှည်ခံသော ဟင်းသီးဟင်းရွက်များ စသည်ဖြင့် ပြင်ဆင်ထားသင့်သည်
– ဆန်၊ ပဲ၊ နို့ခြောက်(ဒိန်ခဲ)၊ ကွတ်ကီးမုန့်၊ ဘီစကစ်မုန့် စသည်တို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်သည်
– ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗီတာမင် ကြွယ်ဝသည့် ဆေးဝါးအချို့၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖျားနာခြင်းတို့အတွက် ဆေးဝါးအချို့ တို့သည် ရှေးဦးသူနာပြုဆေးသေတ္တာတွင် ပါဝင်သင့်သည့်ဆေးဝါးပစ္စည်းများ အဖြစ် ပြင်ဆင်ထားသင့်သည်
– အိမ်မွေးတိရိစ္ဆာန်များရှိပါက ၄င်းတို့အတွက်လည်း အစာအချို့နှင့် ကာကွယ်ဆေး စသည်တို့ကို disaster survival kit ပြင်ဆင်ရာတွင် ထည့်သွင်းပြင်ဆင်ထားသင့်ပါသည်
– အခြေအနေကို လိုက်၍ အရေးပေါ်အစးအစာများစားသုံးခြင်းဆိုင်ရာ အသိရှိစေရန်မိသားစုဝင်များ သို့မဟုတ် မိမိရုံးဌာန အဖွဲ့ဝင်များအား ကြိုတင်မှာကြားရှင်းပြထားသင့်သည် (ဥပမာ – လျှပ်စစ်မီးရေရှည်ပျက်နိုင်သည့် အခြေအနေတွင် ရေခဲသေတ္တာတွင်းမှ စားစရာများကို ပထမယူငင်ချက်ပြုတ်စားသောက်ရန်နှင့် အအေးခန်း(Deep Freezer) မှ အစားအစာများကို နောင်မှသာ ယူ၍ စားသုံးရန်)
– အခြေအနေပေါ်မူတည်၍ စားရေရိက္ခာ စုဆောင်းထားမှုအား ချွေတာစားသုံးရန် ကြပ်မတ်ထိန်းသိမ်းထားရမည်
– အရေးပေါ်အခြေအနေဖြစ်ပေါ်လာသည့်အခါ လျှပ်စစ်မီးဖြတ်တောက်ခြင်း(Main Switch အားပိတ်ခြင်း/ဖွင့်ခြင်း)၊ ချက်ပြုတ်ရန်နှင့် အပူပေးရန် ဓါတ်ငွေ့သုံးပါက ဓါတ်ငွေ့ပိုက်လိုင်းများ ပိတ်ခြင်း/ဖွင့်ခြင်း၊ အေးခဲပိတ်ဆို့သွားသော ပိုက်များကို စံနစ်တကျ အရည်ပျော်စေခြင်း စသည့် သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ထပ်မံဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအားကာကွယ်ရန် နည်းလမ်းများကိုလည်း မိသားစုဝင်များ၊ ရုံး/ဌာန အဖွဲ့ဝင်များအား ရှင်းလင်းမှာကြားထားရမည်
ထို့နောက်ကယ်ဆယ်ရေးသေတ္တာကို မိမိနေအိမ်(သို့မဟုတ်)ရုံးအနီးတွက် အရေးပေါ်အခြေအနေအတွက် ကြိုတင် ပြင်ဆင် ဆောက်လုပ်ထားသင့်သော အဆောက်အဦ (သို့မဟုတ်) မိတ်ဆွေတစ်ဦး၏ အိမ်(သို့မဟုတ်)မိသားစု-ရုံးအဖွဲ့သားများနှင့် ကြိုတင် တိုင်ပင်အသိပေးထားသော နေရာတွင် အလွယ်တကူဖွင့်နိုင်သော သော့ခတ်လျှက်(သို့မဟုတ်) မိတ်ဆွေအားအလျက် ထားရှိရမည်ဖြစ်ပြီး မိတ်ဆွေ(သို့မဟုတ်) အခြားလူမှုအဖွဲ့အစည်းတစ်ခုခုမှ လာရောက်၍အပ်နှံထားလျှင်လည်း လက်ခံ သိမ်းဆည်းပေးထားရန်ဖြစ်ပါသည်။ ဤသို့ဖြင့် မိမိနေရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိပါက အခြားတစ်နေရာမှ သဘာဝဘေးအန္တရာယ်ကျရောက်လာသူများအတွက် အရေးပေါ်အခြေအနေကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) အဆင်သင့် ဖြစ်စေမည်ဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်လာလျှင် အသုံးပြုရန် လိုအပ်မည့် အစာရေစာနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ဝယ်ယူစုဆောင်းသိမ်းဆည်းထားသင့်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင် သတိပေးမှုမရှိပဲ (သို့မဟုတ်) ကြိုတင်သတိပေးရန် အချိန်လုံလောက်စွာ မရရှိပဲ ရုတ်တရက်လည်း ဖြစ်ပေါ်တွေ့ကြုံ ရတတ်ကြောင်း သဘောပေါက်နားလည်ထားကြရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရသည့်အခါ သင့်အိမ်၊ ရုံးဌာန တို့မှ လျှပ်စစ်မီး၊ ရေ၊ ဆက်သွယ်ရန် တယ်လီဖုန်းစသည်တို့ ပြတ်တောက်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရနိုင်ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ/ အာဏာပိုင်အဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားရသော ဒေသ/နေရာသို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးစားလာရောက်ကြမည်ဖြစ်သော်လည်း ဒေသအတွင်းမှ လူတိုင်း/နေရာတိုင်းဆီသို့ အချိန်မီရောက်ရှိလာလိမ့်မည်ဟူ၍ကား အသေအချာ မျှော်လင့်ထား၍မရပါ။
ထို့ကြောင့် အထက်ပါပြင်ဆင်မှုများပြုလုပ်ထားခြင်းသည်  သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း အာမ မခံနိုင်သော်လည်း သင်နှင့် သင့်မိသားစုဝင်များအတွက် အတိုင်းအတာတစ်ခုအထိ အသက်ဆက်လက်ရှင်သန်နိုင်သော အခွင့်အရေးကို ရရှိစေမည်ဖြစ်ပါသည်။

The United Kingdom based charity Oxfam publicly stated that the number of people hit by climate-related disasters is expected to rise by about 50%, to reach 375 million a year by 2015.

သဘာဝဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်းများ

(အပိုင်း-၁)

(လူ/ပုဂ္ဂိုလ်များနှင့် အိမ်မွေးတိရိစ္ဆာန်များအတွက်သာ)

သဘာဝဘေးအန္တရာယ်အမျိုးအစားများ

  • ရေလွှမ်းမိုးခြင်း (floods)
  • မီးတောင်ပေါက်ကွဲခြင်း (volcanic eruptions)
  • မြေငလျှင်လှုပ်ခြင်း (earthquakes)
  • ဆူနာမီရေလှိုင်းများဖြစ်ပေါ်ခြင်း (tsunamis)
  • တောင်ပေါ်မှ နှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုးလျှောကျခြင်း (avalanches)
  • မီးတောင်ရွှံ့/မြေပြိုခြင်း (lahars – volcanic mudslides)
  • တောင်ပြိုခြင်း/မြေပြိုခြင်း (landslides)
  • မြေကျွံခြင်း (sinkholes)
  • နှင်းမုန်တိုင်း (blizzards)
  • မိုးခေါင်ခြင်း (drought)
  • မိုးသီးမုန်တိုင်း (hailstorms)
  • အပူလှိုင်းကျရောက်ခြင်း (heat waves)
  • ဟာရီကိန်း (hurricanes)
  • အပူပိုင်းမုန်တိုင်းတိုက်ခတ်ခြင်း (tropical storms)
  • တိုင်ဖွန်း/ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခြင်း (typhoons)
  • ရေခဲခေတ်အသွင်ကျရောက်ခြင်း (Ice Ages)
  • လေဆင်နှာမောင်းတိုက်ခတ်ခြင်း (tornadoes)
  • တောမီးလောင်ကျွမ်းခြင်း (wildfires)

သမိုင်းမှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုသည် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှုတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၃ဝဝဝ ခန့်တွင် အင်ဒိုနီးရှားဒေသတွင် တိုဘာမီးတောင်(Mt. Toba) ပေါက်ကွဲခဲ့ပြီး ဒေသတွင်းမှ လူသားမျိုးနွယ်အားလုံးနီးပါးအသက်ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ ၁ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်သာ ကျန်ရှိကြောင်း မျိုးရိုးဇီဇဆိုင်ရာဆန်းစစ် စစ်ဆေးခြင်း ပညာရပ်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း မှတ်သားရပါသည်။

သဘာဝဘေးအန္တရာယ်အဖြစ် ရံဖန်ရံခါ သတ်မှတ်လေ့ရှိသော အဖြစ်အပျက်များတွင် ဘက်တီရီးယားနှင့် ဗိုင်းရပ်စ်များကြောင့်ဖြစ်ပေါ်တတ်သည့် ကပ်ရောဂါများလည်းပါဝင်ကြပြီး ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးအစားများနှင့်မတူညီသည့် အတန်းအစား (Category) ခွဲခြား၍ သတ်မှတ်ဖေါ်ပြကြပါသည်။

ထို့အပြင် ကျိုင်းကောင်များနှင့် အဆိပ်မှိုများကြောင့် လူတို့အတွက် ရိက္ခာပြတ်တောက်စေခြင်း/အစာအဆိပ်သင့်ခြင်းများကို ဖြစ်ပေါ်စေခြင်းတို့သည်လည်း သဘာဝဘေးအန္တရာယ် အတန်းအစားတစ်ခုအဖြစ် သတ်မှတ်ဖေါ်ပြကြပါသည်။ ၁၉၁၈-၁၉၁၉ ခုနှစ်တွင် စပိန်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးကပ်ရောဂါသည် လူ့အသက်ပေါင်း သန်း ၅ဝ ကျော်ကို သေကြောပျက်စီးစေခဲ့ပြီး အဆိုပါအရေအတွက်သည် ၄င်းကပ်ရောဂါမဖြစ်ပွားမီ အချိန်တိုလေး အတွင်းတွင် ပြီးစီးခဲ့သည့် ပထမကမ္ဘာစစ်အတွင်း သေကြေပျက်စီးခဲ့သည့် လူ့အသက်များထက် ပိုမိုခဲ့ပြီး သေဆုံးသူများမှာ  အသက်အရွယ်ကြီးသူများ နှင့် ကလေးသူငယ်များဖြစ်ကြပါသည်။

အချို့သော သဘာဝဘေးအန္တရာယ်တို့သည် သဘာဝအကြောင်းတရားနှင့် သဘာဝမဟုတ်သော အကြောင်းတရားနှစ်ခုတို့ဖြင့် ဆက်စပ်လျှက် ဖြစ်ပေါ်တတ်သည်ကိုတွေ့ရပါသည်၊ ဥပမာ-ဒုဗ္ဘိက္ခတရကပ် ခေါ် ငတ်မွတ်ခြင်းကပ်ဘေးသည် သဘာဝတရားနှင့် လူသားတို့မှားယွင်းမှုများကြောင့် ဆက်စပ်၍ဖြစ်ပေါ်လာရတတ်သော ဘေးအန္တရာယ်ကပ်ဆိုးကြီးဖြစ်ပါသည်။

၂ဝ ရစုနှစ်အတွင်း ၁၉၅၈-၁၉၆၁ ခုနှစ်တွင် တရုတ်ပြည်တွင်ဖြစ်ပွားခဲ့သော ဒုဗ္ဘိက္ခတရကပ်ကြောင့် လူဦးရေ သန်း ၃ဝ တို့အား သေလုမျောပါး ခံစားစေခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ စတာလင် ၏ မူဝဒါရေးရာမှားယွင်းမှုကြောင့်ဟု လူအများအပြစ်တင်ခဲ့ကြသည့် ဆိုဗီယက် ပြည်ထောင်စုတွင် ထိုအချိန်အတွင်း ကြုံတွေ့ခဲ့ရသည့် ဒုဗ္ဘိက္ခတရကပ်သည်လည်း လူသားတို့၏ ကြမ်းကြုတ်ရက်စက်မှုနှင့် မူဝါဒ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ဒုဗ္ဘိက္ခတရကပ် တစ်ပါးအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

အာကာသအတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကိုအခြေခံဖြစ်ပေါ်လေ့ရှိသည့် ဥက္ကာခဲများ/ဥက္ကာပျံများ နှင့် နေပေါက်ကွဲမှုများမှဖြစ်ပေါ်သည့် အလင်းလွန်လှိုင်းများ ကမ္ဘာမြေပေါ်ကျရောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်ရပ်များအဖြစ်သာ တွေ့မြင်ရတတ်သော်လည်း  ဤဖြစ်ရပ်များကိုလည်း သဘာဝဘေးအန္တရာယ်အတန်းအစား (Category) တစ်ခုအဖြစ် သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဥက္ကာပျံများ ကျရောက်ခြင်းနှင့် နေပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်သည် အလွန်ကြုံတောင့်ကြုံခဲဖြစ်ရပ်များဖြစ်သော်လည်း  ကမ္ဘာမြေပေါ်သို့ ကျရောက်ခဲ့လျှင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး လူသူအသေအပျောက်နှင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးနိုင်ခြေမှာလည်း ပုံမှန်သဘာဝဘေးအန္တရာယ်များကဲ့သို့ ပျက်စီးဆုံးရှုံးနိုင်စွမ်းရှိသဖြင့် ဤဖြစ်ရပ်များကို ရေရှည်အချိန်ကာလတစ်ခုအတွက် သဘာဝဘေးအန္တရာယ်အတန်းအစားတစ်ခုတွင် ထည့်သွင်းထားရန် သင့်/မသင့်ကို ကမ္ဘာပေါ်မှ သိပ္ပံပညာရှင်များ ယခုတိုင် အငြင်းပွားနေကြဆဲဖြစ်ကြောင်း  သိရှိရပါသည်။

သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်း

သဘာဝဘေးအန္တရာယ်ဟူသည် အချိန်အခါမရွေး ကြိုတင်သတိပေးချက် မရရှိနိုင်ပဲ ဖြစ်ပွားနိုင်သည့်အတွက် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်၍ ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Catastrophe ခေါ် ရုတ်တရက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များတွင် သဘာဝကြောင့်လည်းကောင်း လူသားတို အမှားကြောင့်လည်းကောင်း  ဖြစ်ပွားတတ်သောကြောင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများအားစံနစ်တကျ ဆောင်ရွက်ထားရန်မှာ အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းအတွက်ကြိုတင်ပြင်ဆင်ထားရန်မှာ အမှန်စင်စစ် ခက်ခဲသော ကိစ္စမဟုတ်ပါ။ အတွေ့အကြုံနည်းသော်လည်း လေ့လာမှတ်သား၍ ဖြစ်နိုင်ခြေအားလုံးအတွက် တတ်နိုင်သမျှ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရန်သာ လိုအပ်ပါသည်။ ပထမဦးဆုံးလိုအပ်သော ဗဟုသုတမှာ –

  • သင်နေထိုင်သည့်ဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုးကျရောက်တတ်ပါသနည်း ? သို့မဟုတ်
  • သင်နေထိုင်ရာဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်နိုင်ခြေရှိပါသနည်း ? ဟူသည့် မေးခွန်းများ၏ အဖြေအတွက် မိမိနေထိုင်ရာဒေသအတွက် မိမိဘာသာ လေ့လာထားရန်ဖြစ်ပါသည်။

အစားအစာ၊ ရေ နှင့် လျှပ်စစ်ဓါတ်အား၊ (အေးသောဒေသများအတွက်) အပူဓါတ် နှင့် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဘာလုပ်ရမည်ကို ကြိုတင် ပြင်ဆင်ထားရန်၊ သင့်မိသားစု(သို့မဟုတ်)သင့်ပတ်ဝန်းကျင်မှ လူသားမိတ်ဆွေများအတွက် အသိပညာပေးပြောဆိုထားပြီး အရေးပေါ်အခြေအနေ အတွက် အချိန်မီကြိုတင်ဇတ်တိုက် လေ့ကျင့်ထားရန်လိုအပ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပေါ်အခြေအနေကျရောက်လျှင် အသုံးပြုရန် ပစ္စည်းသေတ္တာလေးများ (Disaster survival kits) ကို ဝယ်ယူရရှိနိုင်သကဲ့သို့ ဝယ်ယူမရနိုင်လျှင် မိမိပတ်ဝန်းကျင်တွင်လည်း အလားတူအရေးပေါ်ကယ်ဆယ်ရေးနှင့် အသက်ရှင်သန်ရေးအတွက် ပစ္စည်းလေးများပါဝင်သော သေတ္တာ/အထုပ် စသည်ဖြင့် ပြုလုပ်ထားရှိသင့်ပါသည်။

မိမိဘာသာပြင်ဆင်ရမည့် အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ရှင်နေနိုင်ရေး အထောက်အကူပြုပစ္စည်း သေတ္တာ/အထုပ်လေးများတွင် စည်သွတ်ဗူး အစားအစာအနည်းငယ်၊ သောက်ရေ (လိုအပ်လျှင် သောက်ရေအား လဲလှယ်ပေးနေရမည် ဖြစ်ပါသည်) အဝတ်အထည်အနည်းငယ်၊ လူသုံးကုန် ပစ္စည်းအနည်းငယ်၊ စောင်အနည်းငယ်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ ဓါတ်ခဲသုံး မီးအိမ်/ လက်နှိပ်ဓါတ်မီး နှင့် လိုအပ်လျှင် ပြင်ပသတင်းများကို နားထောင်နိုင်သည့် ရေဒီယို စသည်ဖြင့်လိုအပ်မည်ဖြစ်ပြီး၊ လိုအပ်နိုင်မည့် အရေးကြီးစာရွက်စာတမ်း မိတ္တူများ (မြန်မာပြည်တွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အာမခံ စာရွက်စာတမ်းမိတ္တူ၊ လိုင်စင်မိတ္တူ၊ ရက်အနည်းငယ် အရေးပေါ်အချိန်အတောအတွင်းသုံးရန် ငွေအနည်းငယ် အစရှိသည်ဖြင့် ကိုယ့်အခြေအနေနှင့်ကိုယ် ပြင်ဆင်ပြီး ရေလုံသော ပလပ်စတစ်အိပ် သေတ္တာစသည်ဖြင့် ထည့်ကာ မိမိဝယ်ယူ/ပြုလုပ်ထားသောအရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) တွင် အတူထည့်သွင်းထားသင့်ပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့်အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း

  • ရေကို လူတစ်ဦးလျှင် တစ်ရက် ၁ ဂါလံ နှုန်းဖြင့် ၁၄ ရက်စာအထိပြင်ဆင်သင့်သည်
  • ဖြစ်နိုင်လျှင် သုံးရန် ရေကိုလည်းများများလှောင်၍ပြင်ဆင်ထားသင့်သည်
  • မပုပ်မသိုးနိုင်သော အစားအစာ (စည်သွပ်ဗူး)၊ သစ်သီးခြောက်များနှင့် ရည်ရှည်ခံသော ဟင်းသီးဟင်းရွက်များ စသည်ဖြင့် ပြင်ဆင်ထားသင့်သည်
  • ဆန်၊ ပဲ၊ နို့ခြောက်(ဒိန်ခဲ)၊ ကွတ်ကီးမုန့်၊ ဘီစကစ်မုန့် စသည်တို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်သည်
  • ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗီတာမင် ကြွယ်ဝသည့် ဆေးဝါးအချို့၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖျားနာခြင်းတို့အတွက် ဆေးဝါးအချို့ တို့သည် ရှေးဦးသူနာပြုဆေးသေတ္တာတွင် ပါဝင်သင့်သည့်ဆေးဝါးပစ္စည်းများ အဖြစ် ပြင်ဆင်ထားသင့်သည်
  • အိမ်မွေးတိရိစ္ဆာန်များရှိပါက ၄င်းတို့အတွက်လည်း အစာအချို့နှင့် ကာကွယ်ဆေး စသည်တို့ကို disaster survival kit ပြင်ဆင်ရာတွင် ထည့်သွင်း ပြင်ဆင်ထားသင့်ပါသည်
  • အခြေအနေကို လိုက်၍ အရေးပေါ်အစားအစာများစားသုံးခြင်းဆိုင်ရာ အသိရှိစေရန်မိသားစုဝင်များ သို့မဟုတ် မိမိရုံးဌာန အဖွဲ့ဝင်များအား ကြိုတင်မှာကြားရှင်းပြထားသင့်သည် (ဥပမာ – လျှပ်စစ်မီးရေရှည်ပျက်နိုင်သည့် အခြေအနေတွင် ရေခဲသေတ္တာတွင်းမှ စားစရာများကို ပထမယူငင်ချက်ပြုတ်စားသောက်ရန်နှင့် အအေးခန်း(Deep Freezer) မှ အစားအစာများကို နောင်မှသာ ယူ၍ စားသုံးရန်)

အခြေအနေပေါ်မူတည်၍ စားရေရိက္ခာ စုဆောင်းထားမှုအား ချွေတာစားသုံးရန် ကြပ်မတ်ထိန်းသိမ်းထားရမည်

အရေးပေါ်အခြေအနေဖြစ်ပေါ်လာသည့်အခါ လျှပ်စစ်မီးဖြတ်တောက်ခြင်း(Main Switch အားပိတ်ခြင်း/ဖွင့်ခြင်း)၊ ချက်ပြုတ်ရန်နှင့် အပူပေးရန် ဓါတ်ငွေ့သုံးပါက ဓါတ်ငွေ့ပိုက်လိုင်းများ ပိတ်ခြင်း/ဖွင့်ခြင်း၊ အေးခဲပိတ်ဆို့သွားသော ပိုက်များကို စံနစ်တကျ အရည်ပျော်စေခြင်း စသည့် သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ထပ်မံဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအား ကာကွယ်ရန် နည်းလမ်းများကိုလည်း မိသားစုဝင်များ၊ ရုံး/ဌာန အဖွဲ့ဝင်များအား ရှင်းလင်းမှာကြားထားရပါမည်။

ထို့နောက်ကယ်ဆယ်ရေးသေတ္တာကို မိမိနေအိမ်(သို့မဟုတ်)ရုံးအနီးတွက် အရေးပေါ်အခြေအနေအတွက် ကြိုတင်၍ ပြင်ဆင် ဆောက်လုပ်ထားသင့်သော အဆောက်အဦ (သို့မဟုတ်) မိတ်ဆွေတစ်ဦး၏ အိမ်(သို့မဟုတ်)မိသားစု/ရုံးအဖွဲ့သားများနှင့် ကြိုတင်တိုင်ပင်ပြီး အသိပေးထားသော နေရာတွင် အလွယ်တကူဖွင့်နိုင်သော သော့ခတ်လျှက် ထားရှိရမည်ဖြစ်ပြီး မိတ်ဆွေ(သို့မဟုတ်) အခြားလူမှုအဖွဲ့အစည်းတစ်ခုခုမှ လာရောက်၍အပ်နှံထားလျှင်လည်း လက်ခံ သိမ်းဆည်းပေးထားရန်ဖြစ်ပါသည်။ ဤသို့ဖြင့် မိမိနေရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိပါက အခြားတစ်နေရာမှသဘာဝဘေးအန္တရာယ် ကျရောက်လာသူများအတွက် အရေးပေါ်အခြေအနေကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) အဆင်သင့် ဖြစ်စေရပါမည်။

ငွေကြေးတတ်နိုင်သူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်လာလျှင် အသုံးပြုရန် လိုအပ်မည့် အစာရေစာနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ဝယ်ယူစုဆောင်းသိမ်းဆည်းထားသင့်ပါသည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်သတိပေးမှုမရှိပဲ (သို့မဟုတ်) ကြိုတင်သတိပေးရန် အချိန်လုံလောက်စွာ မရရှိပဲ ရုတ်တရက်လည်း ဖြစ်ပေါ် ကြုံတွေ့ရတတ်ကြောင်း သဘောပေါက်နားလည်ထားကြရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရသည့်အခါ သင့်အိမ်၊ ရုံးဌာန တို့မှ လျှပ်စစ်မီး၊ ရေ၊ ဆက်သွယ်ရန် တယ်လီဖုန်းစသည်တို့ ပြတ်တောက်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရနိုင်ပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ/အာဏာပိုင် အဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခံစားရသော ဒေသ/ နေရာသို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးစား၍ လာရောက်ကြမည်ဖြစ်သော်လည်း ဒေသအတွင်းမှလူတိုင်း၊ နေရာတိုင်းဆီသို့ အချိန်မီရောက်ရှိလာလိမ့်မည်ဟူ၍ကား အသေအချာ မျှော်လင့်ထား၍မရပါ။

ထို့ကြောင့် အထက်ပါပြင်ဆင်မှုများပြုလုပ်ထားခြင်းသည်  သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း အာမ မခံနိုင်သော်လည်း သင်နှင့် သင့်မိသားစုဝင် များအတွက် အတိုင်းအတာတစ်ခုအထိ အသက်ဆက်လက်ရှင်သန်နိုင်သော အခွင့်အရေးကို ရရှိစေမည်ဖြစ်ပါသည်။

MMWEATHER သည် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ ထိခိုက်ပျက်စီးမှုအန္တရာယ် နည်းနိုင်သမျှနည်းအောင်  ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များကို အင်တာနက်စာမျက်နှာများပေါ်မှ လက်လှမ်းမီရာ ရှာဖွေစုဆောင်း၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေဖြစ်စေရန် ဘာသာပြန်ဆိုတင်ပြထားခြင်းဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ် လုပ်ဆောင်ရန်များနှင့် ကြိုတင်ပြင်ဆင်သင့်သည်များကို မည်သူမဆို ပါဝင်ဆွေးနွေး အကြံပြုပေးကြခြင်းဖြင့်  “သဘာဝဘေးအန္တရာယ်များမှ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ခြင်းများ” post အား ပိုမိုပြည့်စုံလာစေရေး အတွက် ဝိုင်းဝန်း ကူညီပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

ဦးဝင်းနိုင်

MMWEATHER ADMINISTRATION TEAM



References :

International Federation of Red Cross and Red Crescent Societies Disaster Preparedness Training Manual
Disaster response and contingency planning guide Emergency response unit 2008

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s