ဖိလစ်ပိုင်ပင်လယ်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာပြီ

ဖိလစ်ပိုင်ပင်လယ်က လေဖိအားနည်းရပ်ဝန်း 93W (LABUYO) ဟာ အခု အပူပိုင်းမုန်တိုင်းအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်းတွေ့ရပါတယ်။ သူ့ကို DUJUAN လို့ အပြည်ပြည်ဆိုင်ရာ အမည်ပေးလိုက်ပြီး တည်နေရာနဲ့ အခြေအနေကို အောက်ပါပုံမှာ တွေ့မြင်နိုင်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဖိလစ်ပိုင်နိုင်ငံနဲ့တရုတ်ပြည်ဘက်ကို မုန်တိုင်းဦးတည်တိုက်ခတ်မှာမဟုတ်တော့ကြောင်း လက်ရှိခန့်မှန်းချက်တွေမှာတွေ့မြင်နိုင်ပါတယ်၊ အဲဒီဒေသတွေမှာ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ဖျားဒေသတွေနဲ့ ထိုင်ဝမ်ကျွန်း အတွက်တော့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေ (မိုးကြီးတာ၊ ရေလွှမ်းတာ နဲ့ မြေပြိုတာ) အခုရက်သတ္တပတ်အကုန် (weekend) မှာ ဖြစ်လာနိုင်တယ်လို့ ဒေသ မိုးလေဝသဌာနတွေက ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်

picture updated here on 2:30 pm Sep-4 (Myanmar Time)