လေဖိအားနည်းရပ်ဝန်း “Fifteen”

လေဖိအားနည်းရပ်ဝန်း MUJIGAE ကတော့ ဗီယက်နမ်ကမ်းခြေပေါ်ကဖြတ်ပြီး ကုန်းတွင်းရောက်ရှိသွားတဲ့အခါ နောက်ဆုံးအားပျော့ပျက်သွားတော့မှာ လို့ ခန့်မှန်းထားကြပြီးဖြစ်ပါတယ်။

အခု ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း Saipan ကျွန်းရဲ့ အရှေ့ဘက် မိုင် ၄ဝဝ ကျော်လောက်မှာ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်း FIFTEEN ကတော့ အရှေ့တောင်အာရှဒေသကိုရောက်နိုင်ဘို့ တော်တော်လေးကို ဝေးသေးပေမဲ့ သူ့ရဲ့ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေက လာမဲ့ အင်္ဂါနေ့ လောက်မှာ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်လာနိုင်တာကြောင့် ဆက်လက်စောင့်ကြည့်လျှက်ရှိနေပါတယ်။

FIFTEEN-01
တည်နေရာကြည့်ရှုရန် ပုံပေါ်တွင် click လုပ်ပါ

ဒီ လေဖိအားနည်းရပ်ဝန်း FIFTEEN ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အရှေ့ဘက် မိုင် ၂ဝဝဝ ကျော်လောက်မှာ ရှိနေပါတယ်၊ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်ပင်လယ်ထဲအထိ ဝင်ရောက်လာရင်တော့ ဖိလစ်ပိုင်၊ ဂျပန် စတဲ့ နိုင်ငံများအတွက် စိုးရိမ်စရာ တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ပါတယ်။