အဆိုးထဲက-အကောင်းကိုလေ့လာခြင်း

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်တဲ့အခါ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန်လက်မများစွာရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။
ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWAHRA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။ အဲဒီလို effect တွေကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။
PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။
အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကိုဖြတ်တိုက်ပြီးအပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ နောက်တော့ အနောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကိုခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။
တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီးမိုးများများရွာခဲ့တာတွေ့ရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့်  လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊ ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWAHRA EFFECT ကြောင့် ပုံမှန်လမ်းကြောင်းသွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန် လက်မများစွာကို ရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။

နှစ် ၄ဝ အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း KETSANA ဖြစ်ပေါ်ခဲ့ရာလမ်းကြောင်း

ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWHARA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။

“The Fujiwhara effect or Fujiwara interaction is a type of interaction between two nearby cyclonic vortices, causing them to appear to “orbit” each other.” (Wiki)

FUJIWHARA EFFECT ကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။

PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။

အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်တိုက်ပြီး အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ပြီးတော့မှ နောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကို ခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။

တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိန်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီး မိုးများများရွာခဲ့ကာ ဒေသအလိုက် တချို့နေရာတွေမှာ ရေကြီးတာတွေတွေ့ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ခဲ့သမျှ မုန်တိုင်းများ၏လမ်းကြောင်းပြပုံ

စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့် –

  • လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊
  • မုန်တိုင်းတစ်ခုရယ်လို့ ဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊
  • ပြီးတော့ – ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWHARA EFFECT ကြောင့် ပုံမှန်လမ်းကြောင်း သွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရခဲ့ပါတယ်၊

ဒါကြောင့် “အဆိုးထဲကအကောင်း” လို့ ရှုမြင်မှတ်ယူပြီး ဒီလေ့လာတွေ့ရှိချက်များကို mmweather ပရိသတ်များ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတပွားများစေဘို့ ရည်ရွယ်ရေးသားလိုက်ကြောင်းပါခင်ဗျား ….

ဦးဝင်းနိုင် (mmweather administration team)

တိုင်ဖွန်း၊ အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများ ..

စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီ ရှိသော WUND ပုံတွင် တိုင်ဖွန်းမုန်တိုင်း KETSANA  ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်လျှက်သည့် အခြေအနေနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လျက်ရှိနေကြသော 18W, အပူပိုင်းမုန်တိုင်း PARMA(19W) နှင့် 20W တို့အား အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။

ယခုသတင်းရေးချိန်တွင် တိုင်ဖွန်းမုန်တိုင်း KETSANA သည် တစ်နာရီလျှင် ၁ဝ၅ မိုင်မှ ၁၂၅ မိုင် နှုန်း – TYPHOON CAT-2 အဆင့်ဖြင့် ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်နေဆဲဖြစ်ပြီး ၊ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်  အပူပိုင်းမုန်တိုင်း PARMA သည် ဖိလစ်ပိုင်နိုင်ငံနှင့် အနီးဆုံးနေရာတွင်၎င်း၊ 18W သည် အလယ်မှ၎င်း၊ 20W သည် နောက်ဆုံးမှ၎င်း အသီးသီး ဆက်လက်ဖြစ်ပေါ် ရွေ့လျားနေကြကြောင်း ဆက်လက် လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။

KETSANA-18W-PARMA-20W

တိုင်ဖွန်း KETSANA ကုန်းတွင်းသို့ ဝင်ရောက်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း KETSANA သည် ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းကို ပြင်းအား CAT-2 ဖြင့် စတင်ဝင်ရောက်တိုက်ခတ်နေပြီဖြစ်ရာ မြန်မာစံတော်ချိန်ဖြင့် နေ့လည် ၁၂း၃ဝ နာရီခန့်(0600GMT)တွင် မုန်တိုင်းမျက်စေ့ ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီဖြစ်ပါသည်။

မြန်မာစံတော်ချိန် ၁၂း၄၅ နာရီတွင် ရရှိသော ဂြိုလ်တုဓါတ်ပုံအရ မုန်တိုင်းမျက်စေ့ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။ မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်တွင် တိမ်တိုက်ကြီးများဖြစ်ပေါ်လျှက် ရှိနေသည်ကိုတွေ့ရပါသည်။

fy2d2906

အောက်တွင်ဖေါ်ပြထားသည့် ဒုတိယပုံသည် မုန်တိုင်းမျက်စေ့ ဖြတ်ကျော်ဝင်ရောက်ရန် ၃ မိုင်ခန့်တွင် တိုင်းထွာရရှိသော လမ်းကြောင်း ခန့်မှန်းချက်ဖြစ်ပြီး Chu Lai လေယာဉ်ကွင်းကိုတွေ့မြင်နိုင်ပါသည်။

KETSANA-1400Local

တိုင်ဖွန်းမုန်တိုင်း KETSANA ဗီယက်နမ်သို့ဝင်လုနီးပြီ

ယနေ့နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲ TSR ထုတ်ပြန်ချက်အရ –

တိုင်ဖွန်းမုန်တိုင်း KETSANA သည် တိုင်ဖွန်းမုန်တိုင်း အဆင့်-၂ (CATAGORY-2 TYPHOON) အဖြစ်သို့ ရောက်ရှိနေပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့တောင်ဘက် မိုင် ၉ဝ ခန့်၊ှQuang Ngai မြို့ အရှေ့ဘက် မိုင် ၅ဝ ခန့် သို့ ရောက်ရှိဗဟိုပြုနေပါသည်။ တိုင်ဖွန်း KETSANA သည် အနောက်ဘက်သို့ ၁၇ ကီလိုမီတာ (၉ နော်တီကယ်မိုင်နှုန်း) ဖြင့် ရွေ့လျားနေပြီး အရွယ်အစားပမာဏ ပြောင်းလဲခြင်းမရှိပဲ ကြီးမားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်တွင် ဆက်လက်တည်ရှိနေပါသည်။

မုန်တိုင်း၏ လမ်းကြောင်းမှာ အောက်ဘက်(တောင်ဘက်သို့) အနီးငယ် ကျသွားခြင်းကြောင့် ဒါနန်းမြို့၏ တောင်ဘက် ၅၅ မိုင် ခန့် နှင့် Quang Ngai မြို့တောင်ဘက် ၁၄ မိုင်ခန့်မှ နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။

ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၁ဝ၅ မိုင်မှ ၁၂၅ မိုင် အထိရှိနိုင်မည်ဖြစ်ပြီး မုန်တိုင်းဒီရေ အမြင့် ၂၆ ပေအထိ ရှိမည်ဖြစ်ကြောင်း JTWC ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

29sep-01-wp200917

တိုင်ဖွန်းမုန်တိုင်း KETSANA CAT-2 ဖြစ်လာမည်

တိုင်ဖွန်းမုန်တိုင်း KETSANA သည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအင်အားကောင်းလာပြီး အဆင့်-၂ (CAT-2 Typhoon) အဖြစ်သို့ ရောက်ရှိလာကာ လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မြောက်ဘက် ၇ မိုင်ခန့်မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းကုန်းတွင်းသို့ မဝင်ရောက်မီ အဆင့်-၁ Typhoon CAT-1 သို့ ပြန်လည်၍အားလျော့သွားနိုင်ကြောင်း TSR ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

တိုင်ဖွန်းမုန်တိုင်း KETSANA နှင့်ပတ်သက်၍ TSR မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် Quang Ngai မြို့များအတွက် အနီရောင်အဆင့် သတိပေးချက် ကိုလည်းကောင်း၊ လာအို/တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ မြို့ကြီးအချို့အား အဝါရောင်အဆင့် သတိပေးချက် ကိုလည်းကောင်း ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။

သတိပေးချက်မူရင်းအား အောက်တွင်ကူးယူဖေါ်ပြထားပါသည် –

Storm Alert issued at 28 Sep, 2009 6:00 GMT

Typhoon KETSANA is forecast to strike land to the following likelihood(s) at the given lead time(s):

Red Alert Country(s) or Province(s)
Vietnam
probability for CAT 1 or above is 50% in about 24 hours
probability for TS is 95% in about 24 hours
Red Alert City(s) and Town(s)
Da Nang (16.1 N, 108.2 E)
probability for CAT 1 or above is 50% in about 36 hours
probability for TS is 95% in about 24 hours
Quang Ngai (15.1 N, 108.8 E)
probability for CAT 1 or above is 45% in about 24 hours
probability for TS is 95% in about 24 hours

Yellow Alert Country(s) or Province(s)
Laos
probability for CAT 1 or above is 15% in about 24 hours
probability for TS is 85% in about 24 hours
China
probability for TS is 65% in about 24 hours
Cambodia
probability for TS is 65% in about 24 hours
Yellow Alert City(s) and Town(s)
Dong Ha (16.8 N, 107.1 E)
probability for TS is 75% in about 24 hours
Kon Tum (14.4 N, 108.0 E)
probability for TS is 70% in about 24 hours
Qui Nhon (13.8 N, 109.2 E)
probability for TS is 65% in about 24 hours
Yaxian (18.4 N, 109.4 E)
probability for TS is 55% in about 24 hours
Dong Hoi (17.5 N, 106.6 E)
probability for TS is 55% in about 48 hours

Note that
Red Alert (Severe) is CAT 1 or above to between 31% and 100% probability.
Yellow Alert (Elevated) is CAT 1 or above to between 10% and 30% probability, or TS to above 50% probability.
CAT 1 means Typhoon strength winds of at least 74 mph, 119 km/h or 64 knots 1-min sustained.
TS means Tropical Storm strength winds of at least 39 mph, 63 km/h or 34 knots 1-min sustained.

Table relating the forecast probability values of being struck by hurricane (74 mph) and/or by tropical storm strength (39mph) winds to an equivalent simple description that the event will happen.
Probability Scale
Chance of Happening Value Chance of Happening Value
Extremely Low 10% Medium-High 60%
Very Low 20% High 70%
Low 30% Very High 80%
Medium-Low 40% Extremely High 90%
Medium 50% Certain 100%

ဗီယက်နမ်နိုင်ငံ ဒါနန်းအနီးမှ တိုင်ဖွန်းမုန်တိုင်း KETSANA ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသော လမ်းကြောင်းပြပုံ

KETSANA-plot-1500mmtime

KETSANA-plot-1500mmtime_close

တိုင်ဖွန်းမုန်တိုင်း KETSANA update

တိုင်ဖွန်းမုန်တိုင်း KETSANA ဟာ ဗီယက်နမ်နိုင်ငံ HUE City နဲ့ DANANG City တို့ကြားကနေ ၃၆ နာရီအတွင်း (မြန်မာစံတော်ချိန် မနက်ဖန် ၂၉ ရက်နေ့ မွန်းလွဲပြီးချိန်လောက်မှာ) ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်တဲ့အကြောင်း TSR မှ ခန့်မှန်းချက်တွေအရ အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၁း၃ဝ နာရီမှာ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံမှာ မုန်တိုင်းမျက်စေ့ကို ထင်ရှားစွာတွေ့မြင်နေရပြီဖြစ်ပါတယ်။ မုန်တိုင်ဗဟိုမှာ လေတိုက်နှုန်း တစ်နာရီကို ၇၅ မိုင်မှ ၉၅ မိုင်အထိ ရှိနေပါတယ်။ ပုံမှာမြင်ရတဲ့ အတိုင်း မုန်တိုင်းရဲ့ ပမာဏဟာ ၁၃၉ဝ ကီလိုမီတာ (၇၅ဝ နော်တီကယ်မိုင်) – ၈၆၃ မိုင်ခန့် အထိကြီးမားတာကြောင့် ဗီယက်နမ်နိုင်ငံ တောင်ဘက် အစွန်းနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တောင်ပိုင်း ကမ်းရိုးတမ်းတွေအထိ ကျယ်ပြန့်တာကို တွေ့မြင်နိုင်ပါတယ်။

KETSANA ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးမကြာခင်မှာဘဲ အပူပိုင်းမုန်တိုင်း – လေဖိအားနည်းရပ်ဝန်း စသည်ဖြင့် အဆင့်ဆင့် အားပျော့ပျက်ပျယ်သွားမယ်လို့ ခန့်မှန်းထားပေမဲ့ သူ့ရဲ့ မိုးတိမ်တိုက်ကြီးများ (rain-band) တွေကြောင်း မိုးရေချိန်တော်တော်များများ ရွာနိုင်ခြေရှိတာကို သတိထားရပါမယ်။ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ဖြတ်ကျော်ခဲ့စဉ်က KETSANA ဟာ လေဖိအားနည်းရပ်ဝန်းအဆင့်မှာသာရှိနေခဲ့ပေမဲ့ မနီလာမြို့တော်မှာ မိုးရေချိန် ၁၆.၇ လက်မ အထိ စံချိန်တင်ရွာသွန်းခဲ့တာကြောင့် မနီလာမြို့တော်ရဲ့ ၁ဝဝ % ရေလွှမ်းမိုးခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းရဲ့ လေတိုက်နှုန်းမြင့်မားမှုနဲ့ မုန်တိုင်းဒီရေရိုက်ခတ်မှုတွေကို ကာကွယ်နိုင်ဖို့ ပြင်ရတဲ့အပြင် မိုးရေချိန်စံချိန်တင်ကရွာတဲ့အခါ ရေလွှမ်းမိုးမှု (FLOOD) အန္တရာယ်မှ လွတ်မြောက်နိုင်ရန်အတွက်လည်းဘဲ ကြိုတင်ပြင်ဆင်ထားကြဖို့လဲဘဲ လိုအပ်တယ် ဆိုတာ အခု မုန်တိုင်း KETSANA မှ  သင်္ခဏ်းစာ ကောင်းကောင်းပေးသွားခဲ့တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

fcc092805

KETSANA တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ရောက်ရှိ

အပူပိုင်းမုန်တိုင်း KETSANA သည် ယနေ့နံနက်ပိုင်းတွင် အင်အားပိုမိုကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ KETSANA သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၂၉၅ မိုင်ခန့်တွင် ဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၆ မိုင်နှုန်းဖြင့်ရွေ့လျှားလျှက်ရှိပါသည်။ လာမည့် ၃၆ နာရီအတွင်း ဒါနန်းမြို့နှင့် HUE မြို့ အကြားမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေပြောင်းလဲ မှု မရှိသေးပါ။

လေတိုက်နှုန်းမှာ မုန်တိုင်းဗဟိုတွင် တစ်နာရီ ၇၅ မိုင်မှ မိုင် ၉ဝ အထိရှိမည်ဖြစ်ပြီး မုန်တိုင်းဒီရေအမြင့် ၂၃ ပေအထိရှိမည်ဖြစ်ကြောင်း WUND ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

=======================================================================

လာမည့် ၃၆ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်းအခြေအနေပြပုံ
(ဤပုံသည် TSR မှ update ပြုလုပ်လျှင်ပြောင်းလဲနေမည်ဖြစ်ပါသည်)