WARD လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး အားပျော့ပျက်ပျယ်သွားတော့မည်

အပူပိုင်းမုန်တိုင်းမှ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည့် WARD သည် ယနေ့နံနက် ဝဝး၃ဝ နာရီ JTWC ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့သွားပြီဖြစ်ပြီး နောက် ၁၂  နာရီအတွင်း လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း သိရပါသည်။

Advertisements

အပူပိုင်းမုန်တိုင်း WARD လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့

အပူပိုင်းမုန်တိုင်း WARD သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ သီရိလင်္ကာကျွန်း မြောက်ပိုင်းကို လေဖိအားနည်းရပ်ဝန်း အဖြစ်သာ ဖြတ်ကျော်မည်ဟု JTWC data များအရသိရပါသည်။

ယနေ့ နံနက် မြန်မာစံတော်ချိန် ၉း၃ဝ နာရီ ရရှိသော အချက်အလက်များအရ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်ဟု သိရပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှလေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှလေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနေပြီး သီရိလင်္ကာနိုင်ငံ အရှေ့-အရှေ့မြောက်ဘက် ၂၈၅ မိုင်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိနေပါသည်။ လေဖိအားနည်းရပ်ဝန်း သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်လာနိုင်ကြောင်း JTWC ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

လေဖိအားနည်းရပ်ဝန်း၏ ဗဟိုတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မှ ၃ဝ နော်တီကယ်မိုင် (တစ်နာရီ ၃၅ မိုင်နှုန်းခန့်အထိ) ရှိမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

လေဖိအားနည်းရပ်ဝန်း၏ အခြေအနေအားဆက်လက်စောင့်ကြည့်လေ့လာနိုင်ရန် ဤနေရာတွင် ကလစ်လုပ်ပါ။

  • THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 6.5N 84.1E, IS NOW LOCATED NEAR 9.4N 83.8E, APPROXIMATELY 285 NM EAST-NORTHEAST OF COLOMBO, SRI LANKA.
  • RECENT ANIMATED MULTISPECTRAL SATELLITE IMAGERY INDICATES CONTINUED CONSOLIDATION OF DEEP CONVECTION ABOUT AN AREA OF STRENGTHENED LOW LEVEL TURNING.
  • THERE IS SIGNIFICANT UNCERTAINTY IN THE LOCATION OF THE LOW LEVEL CIRCULATION CENTER (LLCC) GIVEN THAT IT IS NOT YET FULLY CONSOLIDATED AND IT IS OBSCURED BY HIGH CLOUDS.
  • A 111530Z ASCAT IMAGE CONFIRMS A NORTH-SOUTH ELONGATION OF THE LLCC WITH 20 TO 30 KNOT NORTHEASTERLY FLOW POSITIONED TO SUPPORT FURTHER CONSOLIDATION OF THE LLCC.
  • DEEP CONVECTION CONTINUES TO BE FUELED BY STRONG RADIAL AND POLEWARD OUTFLOW MECHANISMS.
  • VERTICAL WIND SHEAR IS ALSO ASSESSED AS LOW. MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 25 TO 30 KNOTS.
  • MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1001 MB.
  • THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS UPGRADED TO GOOD.

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အားကောင်းလာ

ဆက်လက်၍တည်ရှိနေသော ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့ဘက် ၂၅၅ မိုင်ခန့်တွင် ဗဟိုပြုနေကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း JTWC data များအရ သိရပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်းမုန်တိုင်းတစ်ခုဖြစ်လာနိုင်ချေ အသင့်အတင့်(င်္FAIR)  ဖြစ်လာကြောင်းသိရပါသည်။

လေဖိအားနည်းရပ်ဝန်း၏ အခြေအနေအားဆက်လက်စောင့်ကြည့်လေ့လာနိုင်ရန် ဤနေရာတွင် ကလစ်လုပ်ပါ။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

ယနေ့နံနက် ဝဝး၃ဝ နာရီ JTWC ထုတ်ပြန်ချက်အရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဖြေးညှင်းစွာ ဆက်လက်ရွေ့လျားနေပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့မြောက်ယွန်းယွန်း ၄၄၅ ခန့်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့အနောက်ဘက် ၈၂၅ မိုင် ခန့် နှင့် ပို့ဘလဲယားကျွန်းအနောက်ဘက် မိုင် ၄၅ဝ ခန့်တွင် တည်ရှိနေကြောင်း JTWC data များအရ သိရပါသည်။

လေဖိအားနည်းရပ်ဝန်း၏ ဗဟိုတွင် လေတိုက်နှုန်းမှာ ယမန်နေ့ကအတိုင်း တစ်နာရီလျှင် ၁၇ မိုင် မှ ၂၃ မိုင် အထိ မပြောင်းလဲပဲ ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းတစ်ခု အဖြစ်သို့ရောက်ရှိလာနိုင်ချေမှာလည်း အားနည်းလျှက်ပင်ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့ဘက် ၆၈၅ မိုင်ခန့်၊ ပို့ဘလဲယားအနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့ အရှေ့ဘက် မိုင် ၆ဝဝ ခန့်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လွန်ခဲ့သော ၆ နာရီ ခန့်က တိုင်းထွာချက်များအရ  လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း JTWC data များတွင် ဖေါ်ပြထားပါသည်။

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့် နေရာတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇ မိုင် မှ ၂၃ မိုင်နှုန်းအထိ ရှိနိုင်သော်လည်း လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲ ရောက်ရှိရန် အလားအလာ အလွန်နည်းပါးကြောင်း ဖေါ်ပြထားပါသည်။