Taiwan confirms 543 dead, 117 missing after typhoon

အေအက်ဖ်ပီ ထိုင်ပေ သတင်းတပုဒ်ရဲ့ ဖေါ်ပြချက်အရ ကြာသပတေးနေ့က ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း Morakot ကြောင့် သေဆုံးသူဦးရေဟာ ၅၄၃ ယောက်အထိရှိသွားပြီဖြစ်ပြီး ၁၁၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့သမိုင်းမှာ အဆိုးရွားဆုံး ရေကြီးမှုတွေဖြစ်ခဲ့ရတဲ့အကြောင်း၊ ကျွန်းတောင်ဘက်ပိုင်းမှာရှိတဲ့ Hsiaolin တစ်ခုထဲမှာဘဲ ၃၉၇ ယောက်သေဆုံးခဲ့ကြရပြီး ၅၃ ယောက်ကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

Morakot တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့စဉ် သြဂုတ်လ ၈ ရက်နေ့ တစ်ရက်ထဲမှာဘဲ မိုးရေချိန် ၃ မီတာ (၁၁၈ လက်မ) ရွာသွန်းခဲ့တာကြောင့်အိမ်ပေါင်းများစွာ၊ တံတားကြီး ဒါဇင်နဲ့ချိန်ပြီး ပျက်စီးခဲ့ရသလို လမ်းမကြီးတွေလဲ ရာနဲ့ချီပြီး ပျက်စီးခဲ့ရကြောင်းသိရပါတယ်။

ထိုင်ဝမ်သမ္မတ Ma Ying-jeou က ၊ တိုင်ဖွန်းမုန်တိုင်း Morakot ဟာ ၁၉၅၉ ခုနှစ်က တိုက်ခတ်ခဲ့ပြီး လူပေါင်း ၆၆၇ ယောက်အသက်ဆုံးရှုံးခဲ့ရကာ ၁ဝဝဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ခဲ့ရတဲ့ တိုင်ဖွန်းမုန်တိုင်း ထက် ပိုမိုနိုင်ကြောင်း ခန့်မှန်းပြောကြာခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ ၁၉၉၉ ခုနှစ်က ရစ်ခ်ျတာစကေး ၇.၆ ပြင်းအားရှိတဲ့ ငလျှင်ကြီးကြောင့် လူပေါင်း ၂၄ဝဝ ကျော် သေဆုံးခဲ့ရဘူးပါတယ်။ အခုတိုင်ဖွန်း morakot ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတာတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲဘို့ အမေရိကန်ဒေါ်လာ ၃.၆၅ ဘီလီယံ ခန့်(ထိုင်ဝမ်ဒေါ်လာ – ၁၂ဝ ဘီလီယံ) ကုန်ကျနိုင်ကြောင်းအတည်ပြုခဲ့တယ်လို့ ကြားသိရကြောင်း တင်ပြလိုက်ရပါတယ်။