ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့ဘက် ၆၈၅ မိုင်ခန့်၊ ပို့ဘလဲယားအနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့ အရှေ့ဘက် မိုင် ၆ဝဝ ခန့်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လွန်ခဲ့သော ၆ နာရီ ခန့်က တိုင်းထွာချက်များအရ  လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း JTWC data များတွင် ဖေါ်ပြထားပါသည်။

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့် နေရာတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇ မိုင် မှ ၂၃ မိုင်နှုန်းအထိ ရှိနိုင်သော်လည်း လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲ ရောက်ရှိရန် အလားအလာ အလွန်နည်းပါးကြောင်း ဖေါ်ပြထားပါသည်။

Leave a comment