တိုင်ဖွန်းမုန်တိုင်း NIDA(26W)နှင့်လေဖိအားနည်းရပ်ဝန်း(27W)

ယနေ့နံနက် မြန်မာစံတော်ချိန် ၉ နာရီ ၄၃ မိနစ် (03:13 UTC) တွင် ရရှိသည့် ဂြိုလ်တုမြေပုံတွင် တိုင်ဖွန်းမုန်တိုင်း NIDA ၏ လက်ရှိအခြေအနေနှင့် လေဖိအားနည်းရပ်ဝန်း 27W တို့၏ အခြေအနေအား အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။

View update sat-picture from WUND

အပူပိုင်းမုန်တိုင်း NIDA အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းဖြစ်လာ

အပူပိုင်းမုန်တိုင်း NIDA သည် နိုဝင်ဘာလ ၂၅ ရက် 00:00 UTC အချိန်တွင် မနီလာမြို့ အရှေ့ဘက် မိုင် ၁၅ဝဝ ခန့် ၊ ထိုင်ဝမ်ကျွန်း-ထိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၇ဝဝ ခန့် နှင့် ဂျပန်နိုင်ငံတောင်ဘက် မိုင် ၁၆၆ဝ ခန့်တွင် ဆက်လက်တည်ရှိနေပါသည်။ တိုင်ဖွန်းမုန်တိုင်း NIDA သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိ၍ ဖိလစ်ပိုင်ပင်လယ်သို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

လာမည့် ၇၂ နာရီ နိုဝင်ဘာလ ၂၈ ရက် 00:00 UTC တွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပြန်လည်အားလျော့လာပြီး မနီလာမြို့ အရှေ့ဘက် မိုင် ၁၁ဝဝ၊ ထိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၁၅ဝ သို့ ရောက်ရှိဗဟိုပြုနိုင်မည်ဟု TSR နှင့် JTWC ခန့်မှန်းချက်များမှ ပုံဖေါ်ရရှိပါသည်။

လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်မှ ၁၄၅ မိုင်အထိရှိကြောင်း WUND မှ လာမည့် ၅ ရက်အတွက် ကြိုတင်ခန့်မှန်းထားသည့် ပုံတွင် လေ့လာနိုင်ပါသည်။

စင်္ကာပူနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်သည့် သတိပေးချက် Cyclone Formation Alert မှာလည်း ဆက်လက်တည်ရှိနေပါသည်။

လေဖိအားနည်းရပ်ဝန်း 27W မှာလည်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေအနီးတွင်ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ၄င်းမှာ နောက် ၂၄ နာရီအတွင်း အားပျော့ပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း JTWC ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

မုန်တိုင်း ၃ လုံး အပြိုင်ဖြစ်လာမည်လော?

စင်္ကာပူအနီးနှင့် ဖိလစ်ပိုင်ပင်လယ်(ပစိဖိတ် အနောက်ဘက်ပိုင်း)တွင်ဖြစ်ပေါ်လျှက်ရှိသော လေဖိအားနည်းရပ်ဝန်း ၂ ခုနှင့် အပူပိုင်းမုန်တိုင်း NIDA တို့ ပိုမိုအားကောင်းလာပြီး မုန်တိုင်း ၃ လုံး ပြိုင်၍ ဖြစ်လာနိုင်မည့်အခြေအနေသို့ ရောက်ရှိနေပါသည်။

စင်္ကာပူ၏ မြောက်-အရှေ့မြောက်ဘက် ၃၅၅ မိုင် ခန့်တွင် ယမန်နေ့က ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး မုန်တိုင်းဖြစ်လာနိုင်ရန် အခွင့်အလမ်းကောင်းနေဆဲဖြစ်သည်ဟု JTWC ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။

အပူပိုင်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာသော NIDA (26W) သည်လည်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားပြီး လာမည့်စနေနေ့ ဂျပန်စံတော်ချိန် နံနက် ၉ နာရီတွင်  အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ အရှေ့မြောက်ဘက် မိုင် ၈၉ဝ ခန့်၊ ဖိလစ်ပိုင်ပင်လယ်အတွင်းသို့ ရောက်ရှိဗဟိုပြုလာမည်ဟု ခန့်မှန်းထားပါသည်။ (အောက်ပုံ)

 

လေဖိအားနည်းရပ်ဝန်း 27W (အောက်ပုံ) မှာလည်း ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိအချိန်တွင် ဖိလစ်ပိုင်ကမ်းခြေနှင့် အနီးဆုံးတည်ရှိနေကာ နိုဝင်ဘာလ ၂၅ ရက်၊ 1200 UTC တွင် မနီလာမြို့တော် အရှေ့တောင်ဘက် မိုင် ၅၅ဝ ခန့် (Tangag Airport) မှ မိုင် ၇ဝ ခန့်သို့ အပူပိုင်းမုန်တိုင်းအဆင့်ဖြင့်ရောက်ရှိဗဟိုပြုလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

 

အပူပိုင်းမုန်တိုင်းဖြစ်လာမည့် 27W နှင့် အပူပိုင်းမုန်တိုင်း NIDA အဖြစ်သို့ရောက်ရှိသွားပြီးဖြစ်သည့် 26W တို့၏ ဦးတည်ရာလမ်းကြောင်းများမှာ ဖိလစ်ပိုင်ပင်လယ်တွင် ဆုံတွေ့ပူးပေါင်းသွားနိုင်မည်ဟု ခန့်မှန်းထားပြီး ထိုသို့ ပူးပေါင်းသွားလျှင် မုန်တိုင်းများ၏ လားရာဘက်နှင့် အင်အားအခြေအနေမည်သို့ ပြောင်းလဲ သွားနိုင်မည်ကို ဆက်လက်လေ့လာစောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။ (အောက်ပုံ)