လေဖိအားနည်းရပ်ဝန်း 17W (ONDOY) 5days forecast

လေဖိအားနည်းရပ်ဝန်း ONDOY (SEVENTEEN) ကို JTWC က ၅ ၇က်စာ ကြိုတင်ခန့်မှန်းချက် ထွက်လာပါပြီ။

လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အရှေ့ဘက် မိုင် ၄ဝဝ လောက်မှာ ဗဟိုပြုနေပြီး စက်တင်ဘာလ ၉ ရက်နေ့က ဖိလစ်ပိုင်ပင်လယ်ထဲမှာ အပူပိုင်းမုန်တိုင်း ဖြစ်လာနိုင်ခြေရှိတယ် ဆိုတဲ့ သတိပေးချက်ကို JTWC က ပယ်ဖျက်ခဲ့ပါတယ်။ ဒီကနေ့မှာ အဲဒီ မုန်တိုင်းဖြစ်လာနိုင်ခြေသတိပေးချက် ပယ်ဖျက်ခဲ့တဲ့အတိုင်းပဲ လေဖိအားနည်းရပ်ဝန်း အဆင့်နဲ့ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်သွားမှာဖြစ်ပြီး လာမဲ့ တနင်္ဂနွေနေ့ နေ့လည်(သို့မဟုတ်)ညနေပိုင်းလောက်မှာ တောင်တရုတ်ပင်လယ်ထဲကို လေဖိအားနည်းရပ်ဝန်း အနေနဲ့ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက် – လာမဲ့ ၉၆ နာရီမှာတော့ တောင်တရုတ်ပင်လယ်ထဲမှာ အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၃၇ဝ လောက်မှာ ဗဟိုပြုလိမ့်မယ်လို့ TSR က ကြိုတင်ခန့်မှန်းထားပါတယ်။

ကျနော်တို့ mmweather မှ တစ်နှစ်ကျော်အချိန်အတွင်း တကမ္ဘာလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေအပေါ် ကြိုတင်ခန့်မှန်းချက်တွေကို လေ့လာ သုံးသပ်ကြည့်တဲ့အခါမှာ အတိအကျမဟုတ်တောင်မှ တော်တော်လေးကို မှန်ကန်ပြီး နာရီအလိုက် ခန့်မှန်းချက်/ပြင်ဆင်ချက်တွေ ထုတ်ပြန်ပေးနေတာကြောင့် အခု လေဖိအားနည်းရပ်ဝန်း 17(ONDOY) ရဲ့ ကြိုတင်ခန့်မှန်းမှုကိုလဲ ဆက်လက်စောင့်ကြည့်သွားဦးမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

WUND မှ လာမည့် အင်္ဂါနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ကြိုတင်ခန့်မှန်းချက် နှင့် TSR ၏ လာမည့် ၉၆ နာရီ အပူပိုင်းမုန်တိုင်းဖြစ်လာပြီးနောက် တည်ရှိနိုင်သည့်နေရာ ကြိုတင်ခန့်မှန်းချက်ပြ ပုံများကို အောက်မှာ ဖေါ်ပြထားပါတယ်။

wp200917_5day_2

200917W_6