JTWC ၏ မုန်တိုင်းဖြစ်ပေါ်မှု ပုံပြအညွှန်း

MMWEATHER ၏ သတင်းများနှင့် POST Update များ

MMWEATHER ၏ သတင်းများနှင့် POST Update များကို http://blog.mmweather.com သို့ ပြောင်းရွှေ့တင်ပြပေးထားပါသည်။ MMWEATHER အား FACEBOOK တွင်လည်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

MMWEATHER ADMINISTRATION TEAM

ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများစာမျက်နှာ

ပြီးခဲ့သည့် (၁)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၂.၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများနှင့် ပြီးခဲ့သည့် (၇)ရက်အတွင်း၊ ကမ္ဘာတစ်လွှားမှ ပြင်းအား ၅ နှင့် အထက်ရှိ မြေငလျှင်လှုပ်ခတ်ခြင်းများကို USGS website မှ တိုက်ရိုက် ရယူ၍ Widget များဖြင့် mmweather ၏ ကမ္ဘာ့မြေငလျှင်လှုပ်ခတ်မှုဆိုင်ရာသတင်းများ စာမျက်နှာ တွင် တင်ပြထားပါသည်။

မြေငလျှင်လှုပ်ခြင်းအား ယနေ့ထက်တိုင် နေရာအတိအကျ၊ မြေပြင်/ရေပြင်အောက် အနက် အတိအကျ၊ အချိန်အတိအကျနှင့် ပြင်းအားအတိအကျ တို့ကို ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသေးပါ။ သို့သော် လူသားတို့၏ အသက်ပေါင်းများစွာကို ရုတ်တရက် နှုတ်ယူသွားတတ်သည့်အပြင် အိုးအိမ်စည်းစိမ် အမြောက်အများကိုလည်း ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် ငလျှင်လှုပ်ခတ်မှု သဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုထား၍လည်းမရနိုင်ပါ။

နိုင်ငံတကာရှိမြေငလျှင်လှုပ်ခတ်မှုများ၊ မြေငလျှင်လှုပ်ခတ်မှုပြင်းထန်သော/မကြာခဏလှုပ်တတ်သော ဒေသများတွင် ငလျှင်လှုပ်ခတ်လာပါက ပျက်စီးဆုံးရှုံးမှုဒဏ်ကို နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၊ NGO များက မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မျက်ချေမပြတ်လေ့လာနေကြရန်လိုအပ်ပါသည်။

ထိုသို့လေ့လာတွေ့ရှိချက်များအပေါ်အခြေခံပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အလားတူ ငလျှင်ပြင်းများလှုပ်ခတ်သည့် သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့လာရလျှင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်၊ ကာကွယ်မှုများကို မည်သို့မည်ပုံ ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် ဗဟုသုတ ရှာမှီးနိုင်ကြစေရန်ရည်ရွယ်ရေးသားလိုက်ရပါသည်။

mmweather administration team