တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်ကိုဝင်ရောက်တိုက်ခတ်ရန်သေချာနေပြီ

မုန်တိုင်းအဆင့် ၂ (CAT-2) ရှိနေသော တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) – 23W သည် အောက်တိုဘာ ၃၁ ရက်  စနေနေ့နံနက်ပိုင်းတွင် Aurora ပြည်နယ် Casiguran ကိုဖြတ်ကျော်၍ ကုန်းတွင်းသို့ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ တိုင်ဖွန်းမုန်တိုင်း MIRINAE မှ ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်တော့မည့် ခန့်မှန်းချက်မှာ သေချာနေပြီဖြစ်ပါသည်။ တိုင်ဖွန်းမုန်တိုင်းသည် ဆက်လက်၍ Quirino, Nueva Vizcaya, Benguet, Northern Pangasinan, La Union တို့ကို ကျော်ဖြတ်ပြီး Pangasinan ပြည်နယ်မြောက်ပိုင်း Lingayen Gulf-Cape Bolinao Area မှ ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းချက်များကို T2K မှ ထုတ်ပြန်ထားပါသည်။

တိုင်းဖွန်းမုန်တိုင်း MIRINAE သည်နိုင်ဝင်ဘာလ ၂ ရက် တနင်္လာနေ့တွင် တောင်တရုတ်ပင်လယ် အလယ်ပိုင်းဆီသို့ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့လျှက် ရောက်ရှိလာမည်ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အားပျော့ပျက်ပျယ် သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE သည် အောက်တိုဘာလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ (0300 UTC) တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့ဘက် ၆၂၅ မိုင်အကွာအဝေးသို့ ရောက်ရှိလာပြီး၊ အနောက်ဘက်သို့ တစ်နာရီလျှင် ၁၅ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေမည်ဖြစ်ကာ မုန်တိုင်းဗဟို၌ မုန်တိုင်းဒီရေအမြင့် ပေ ၃ဝ အထိရှိနေမှာဖြစ်ကြောင်းနှင့် လေတိုက်နှုန်း တစ်နာရီ ၁ဝ၄ မိုင်မှ ၁၂၇ မိုင်အထိရှိနိုင်ကြောင်း ယနေ့နံနက်ပိုင်းတွင်ရရှိသည့် data များအရ သိရပါသည်။

မုန်တိုင်း၏ လမ်းကြောင်းအား လာမည့် ၅ ရက်အတွက် WUND မှ ကြိုတင်ခန့်မှန်းပုံဖေါ်ထားခြင်းအား အောက်ပုံတွင်လေ့လာနိုင်ပါသည်။ mmweather မှ တိုင်ဖွန်းမုန်တိုင်း MIRINAE ဆက်လက် ဖြစ်ပေါ်ပြောင်းလဲနေဦးမည့်အခြေအနေအားစောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါသည်။

NING Community Network ပေါ်ရှိ http://mmweather.ning.com တွင်လည်း အခြေအနေပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် တင်ပြပေးလျှက်ရှိပါသည်။

click on pictures to view original size

13-wp2309 29OCT-0000UTC-track-update