အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း LAURENCE

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း LAURENCE ဟာ အင်အားပိုမိုကောင်းလာပြီး သြစတေးလျှတိုက် မြောက်ပိုင်း PORT HEDLAND ရဲ့ အရှေ့မြောက်ဘက် ၁၄၅ မိုင်ခန့်မှာ ဗဟိုပြုကာ တောင်-အရှေ့တောင်ဘက်ကို တစ်နာရီလျှင် ၃.၄၅ မိုင်နှုန်းနဲ့ ရွေ့လျားနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ မုန်တိုင်းဟာ အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ရောက်ရှိနေပြီး၊ သြစတေးလျှမြောက်ပိုင်း ကမ်းခြေကို WALLAL DOWN မြို့အနီးမှ နောက် ၁၂ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်တဲ့အခါ အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာမယ်လို့ TSR ခန့်မှန်းထားပုံကို အောာက်ပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၉ဝ မှ ၁၁၅ မိုင် အထိ ရှိတဲ့  ဆိုင်ကလုန်းမုန်တိုင်း LAURENCE ရဲ့ မုန်တိုင်း မျက်စေ့ဟာ ၁၇ မိုင်ကျော် ကျယ်ဝန်းတယ် လို့လဲ JTWC data တွေမှာ ဖေါ်ပြထားပါတယ်။ အနောက်ပိုင်း သြစတေးလျှတိုက်ရဲ့ မြို့လေးဖြစ်တဲ့ Port Hedland ကိုတော့ ပိတ်ထားပြီဖြစ်ကြောင်း Bloomberg သတင်းမှာ ဖေါ်ပြထားပါတယ်။ link

Dec. 21 (Bloomberg) — Port Hedland, a town in Western Australia’s Pilbara region used by BHP Billiton Ltd. to export its iron ore, has had its port operations suspended due to Severe Tropical Cyclone Laurence, Harbor Master Lindsay Copeman said in a phone interview today. The port was closed at 1 a.m. today and there are no immediate plans to reopen it, Copeman said. He said he didn’t know how many ships were affected.

WARD လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး အားပျော့ပျက်ပျယ်သွားတော့မည်

အပူပိုင်းမုန်တိုင်းမှ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည့် WARD သည် ယနေ့နံနက် ဝဝး၃ဝ နာရီ JTWC ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့သွားပြီဖြစ်ပြီး နောက် ၁၂  နာရီအတွင်း လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း သိရပါသည်။

အပူပိုင်းမုန်တိုင်း WARD လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့

အပူပိုင်းမုန်တိုင်း WARD သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ သီရိလင်္ကာကျွန်း မြောက်ပိုင်းကို လေဖိအားနည်းရပ်ဝန်း အဖြစ်သာ ဖြတ်ကျော်မည်ဟု JTWC data များအရသိရပါသည်။

ယနေ့ နံနက် မြန်မာစံတော်ချိန် ၉း၃ဝ နာရီ ရရှိသော အချက်အလက်များအရ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်ဟု သိရပါသည်။