တစ်ကမ္ဘာလုံးတွင် လေဖိအားနည်းရပ်ဝန်းငယ် ၂ ခုသာရှိ

မုန်တိုင်းရာသီကုန်ဆုံးတော့မည့်အချိန်သို့ချဉ်းနင်းဝင်ရောက်လာသည်နှင့်အညီ မြောက်ကမ္ဘာခြမ်းတွင် အေးမြခြောက်သွေ့သော လေထုက စိုးမိုးဝင်ရောက်လာပြီလည်း ဖြစ်ပါသည်။ လတ်တလောအချိန်တွင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း ၂ ခုသာ ရှိပါသည်။ ထိုလေဖိအားနည်းရပ်ဝန်းများမှာလည်း မုန်တိုင်းများဖြစ်လာနိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးနေပြီဖြစ်ပါသည်။  http://mmweather.ning.com တွင် အလိုအလျှောက် update ဖြစ်မည့် homepage စီစဉ်ထားပါသဖြင့် သွားရောက်လေ့လာနိုင်ပါသည်။ မိုးလေဝသသတင်းများသာမက အခြားသော သဘာဝဘေးအန္တရာယ်သတင်းများကိုလည်း ထူးခြားမှုရှိလျှင် ဆက်လက်စီစဉ်တင်ပြပေးသွားမည် ဖြစ်ပါသည်။

mmweather စာဖတ်ပိရိတ်သတ်များ နှင့် member များမှ ဓါတ်ပုံဝါသနာရှင်/ပညာရှင်များအတွက် http://mmweather.com/photographers နှင့် http://mmweather.com/gallery/ တို့တွင် photo gallery များ စီစဉ်ပေးထားပါသည်၊ ရာသီဥတုကောင်းမွန်ကြည်လင်ချိန်တွင် မိမိစိတ်ကြိုက်ရိုက်ကူးထားသောပုံများဖြင့် ပါဝင်နိုင်ပါသည်။

mmweather member များနှင့် စာဖတ်ပိရိသတ်များ  အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။

Leave a comment