တိုင်ဖွန်းမုန်တိုင်း KETSANA update

တိုင်ဖွန်းမုန်တိုင်း KETSANA ဟာ ဗီယက်နမ်နိုင်ငံ HUE City နဲ့ DANANG City တို့ကြားကနေ ၃၆ နာရီအတွင်း (မြန်မာစံတော်ချိန် မနက်ဖန် ၂၉ ရက်နေ့ မွန်းလွဲပြီးချိန်လောက်မှာ) ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်တဲ့အကြောင်း TSR မှ ခန့်မှန်းချက်တွေအရ အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၁း၃ဝ နာရီမှာ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံမှာ မုန်တိုင်းမျက်စေ့ကို ထင်ရှားစွာတွေ့မြင်နေရပြီဖြစ်ပါတယ်။ မုန်တိုင်ဗဟိုမှာ လေတိုက်နှုန်း တစ်နာရီကို ၇၅ မိုင်မှ ၉၅ မိုင်အထိ ရှိနေပါတယ်။ ပုံမှာမြင်ရတဲ့ အတိုင်း မုန်တိုင်းရဲ့ ပမာဏဟာ ၁၃၉ဝ ကီလိုမီတာ (၇၅ဝ နော်တီကယ်မိုင်) – ၈၆၃ မိုင်ခန့် အထိကြီးမားတာကြောင့် ဗီယက်နမ်နိုင်ငံ တောင်ဘက် အစွန်းနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တောင်ပိုင်း ကမ်းရိုးတမ်းတွေအထိ ကျယ်ပြန့်တာကို တွေ့မြင်နိုင်ပါတယ်။

KETSANA ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးမကြာခင်မှာဘဲ အပူပိုင်းမုန်တိုင်း – လေဖိအားနည်းရပ်ဝန်း စသည်ဖြင့် အဆင့်ဆင့် အားပျော့ပျက်ပျယ်သွားမယ်လို့ ခန့်မှန်းထားပေမဲ့ သူ့ရဲ့ မိုးတိမ်တိုက်ကြီးများ (rain-band) တွေကြောင်း မိုးရေချိန်တော်တော်များများ ရွာနိုင်ခြေရှိတာကို သတိထားရပါမယ်။ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ဖြတ်ကျော်ခဲ့စဉ်က KETSANA ဟာ လေဖိအားနည်းရပ်ဝန်းအဆင့်မှာသာရှိနေခဲ့ပေမဲ့ မနီလာမြို့တော်မှာ မိုးရေချိန် ၁၆.၇ လက်မ အထိ စံချိန်တင်ရွာသွန်းခဲ့တာကြောင့် မနီလာမြို့တော်ရဲ့ ၁ဝဝ % ရေလွှမ်းမိုးခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းရဲ့ လေတိုက်နှုန်းမြင့်မားမှုနဲ့ မုန်တိုင်းဒီရေရိုက်ခတ်မှုတွေကို ကာကွယ်နိုင်ဖို့ ပြင်ရတဲ့အပြင် မိုးရေချိန်စံချိန်တင်ကရွာတဲ့အခါ ရေလွှမ်းမိုးမှု (FLOOD) အန္တရာယ်မှ လွတ်မြောက်နိုင်ရန်အတွက်လည်းဘဲ ကြိုတင်ပြင်ဆင်ထားကြဖို့လဲဘဲ လိုအပ်တယ် ဆိုတာ အခု မုန်တိုင်း KETSANA မှ  သင်္ခဏ်းစာ ကောင်းကောင်းပေးသွားခဲ့တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

fcc092805