အဆိုးထဲက-အကောင်းကိုလေ့လာခြင်း

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်တဲ့အခါ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန်လက်မများစွာရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။
ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWAHRA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။ အဲဒီလို effect တွေကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။
PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။
အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကိုဖြတ်တိုက်ပြီးအပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ နောက်တော့ အနောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကိုခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။
တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီးမိုးများများရွာခဲ့တာတွေ့ရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့်  လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊ ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWAHRA EFFECT ကြောင့် ပုံမှန်လမ်းကြောင်းသွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတွေလို အင်အားအလွန်ပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဖြစ်ပေါ်ခဲ့တဲ့အနက် MORAKOT, KOPPU, CHOIWAN, KETSANA(ONDOY), PARMA(PEPENG)နဲ့ MELOR တို့ဟာ ထင်ရှားခဲ့ပြီး MORAKOT ကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံး၊ KETSANA(ONDOY)နဲ့ PARMA(PEPENG) တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေပျောက်မှုမြင့်မားခဲ့တဲ့အပြင် MELOR က ဂျပန်နိုင်ငံ တောင်ပိုင်းဒေသအချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးများနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို KETSANA(ONDOY) ဖြတ်ကျော်ဝင်ရောက်စဉ်က လေဖိအားနည်းရပ်ဝန်းသာသာလောက် အင်အားလေးနဲ့ဆိုပြီး လျှော့တွက်ခဲ့မိလို့ မုန်တိုင်းပြင်းပြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မထင်မှတ်ပဲ များများရွာလိုက်တဲ့မိုးကြောင့် လုံးဝထင်မှတ်မထားတဲ့ ရုတ်တရက် ရေကြီးခြင်းအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

လေပြင်းပြင်းတိုက်တာကိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများပိုင်ဆိုင်တဲ့ ဖိလစ်ပိုင်လို တစ်နှစ်မှာ မုန်တိုင်း အလုံး ၃ဝ လောက်အတိုက်ခံနေရတဲ့ နိုင်ငံရဲ့ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဘာမဟုတ်တဲ့ လေဖိအားနည်းရပ်ဝန်းသာသာလောက်အင်အားနဲ့ ဝင်ရောက်ပြီး မိုးရေချိန် လက်မများစွာကို ရွာသွန်းစေခဲ့တဲ့ KETSANA မုန်တိုင်းအပြီး – ရေကြီးလို့မှမဆုံးသေးခင်မှာ ဆက်ပြီး PARMA(PEPENG) က ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြန်ပါတယ်။

နှစ် ၄ဝ အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း KETSANA ဖြစ်ပေါ်ခဲ့ရာလမ်းကြောင်း

ကံဆိုးချင်တော့ ပစိဖိတ်အနောက်မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြီး MELOR ပေါ်လာပြီး ဂျပန်နိုင်ငံဘက်ကိုရွေ့လျားနေစဉ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ကျော်ဖြတ်သွားခဲ့တဲ့ KETSANA(PEPENG) ကို FUJIWHARA EFFECT နဲ့ လှမ်းဆွဲထားသလိုဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အနောက်မှအရှေ့ ၊ အရှေ့မြောက်မှ အနောက်တောင် ၊ အနောက်မှအရှေ့ ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်လိုက်တာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂ဝဝ၉ ခုနှစ် မုန်တိုင်းဒဏ်ခံရမှုကို အဆိုးဆုံးဖြစ်စေခဲ့ပါတယ်။

“The Fujiwhara effect or Fujiwara interaction is a type of interaction between two nearby cyclonic vortices, causing them to appear to “orbit” each other.” (Wiki)

FUJIWHARA EFFECT ကြောင့် စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ခဲ့တဲ့ PARMA(PEPENG) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ GMT 1800HR က စလိုက်တာ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ သက်တမ်းမပြီးဆုံးသေးဘဲ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ပါတယ်။

PARMA(PEPENG) ရဲ့ ဖြစ်ပေါ်ခဲ့မှုအခြေအနေအစက အခုအချိန်အထိကို ပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့ 1800GMT မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းလေးအနေနဲ့ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အင်အားပိုကောင်းလာကာ ၂၈ ရက်နေ့ 1200GMT မှာ အပူပိုင်းမုန်တိုင်းအဆင့်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၃ဝ ရက် 0000GMT မှာ CAT-1 အဆင့် မုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး အဲဒီနေ့ 1800GMT မှာ အဆင့်-၃ CAT-3 တိုင်ဖွန်းမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက် 0000GMT မှာတော့ အဆင့်-၄ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ရောက်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံအနီးကို တဖြည်းဖြည်းချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက် 0600GMT အချိန်အထိ CAT-4 စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်တည်ရှိနေခဲ့ပြီး ရှေ့ကမုန်တိုင်း KETSANA ကြောင့် မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရဆဲဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို သိသိသာသာခြိမ်းခြောက်လာပါတယ်။

အဲဒီလိုနဲ့ ဖိလစ်ပိုင်နိုင်ငံအနီးထပ်မံချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဟာ အားလျော့လာပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ CAT-3 အဆင့်၊ အောက်တိုဘာလ ၃ ရက် 00GMT မှာ CAT-2 အဆင့်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်လိုက်တာ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲထွက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်တိုက်ပြီး အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA ဟာ ၆ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သူ စတင်ဝင်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုငငငံ အရှေ့ဘက်ကမ်းရိုးတန်းဆီပြန်ရောက်သွားပြန်ပါတယ်၊ပြီးတော့မှ နောက်ဘက်ကို ပြန်ရွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံပေါ်က တတိယအကြိမ်ဖြတ်သန်းကာ အောက်တိုဘာလ ၉ ရက်နေ့မှာမှ တောင်တရုတ်ပင်လယ်ထဲကို အပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က အောက်တိုဘာလ ၉ ရက်နေ့အထိ ၆ ရက်တိုင်တိုင် အရှေ့အနောက် ၃ ကြိမ်ဖြတ်သန်းတိုက်ခတ်တာကို ခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်အတွက် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှု/မြေပြိုမှု ဒဏ်တွေကို ခံလိုက်ရတာပါ။

တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းတိုက်ခတ်မှုဒဏ်အခံရဆုံးနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တရုတ်ပြည်တောင်ပိုင်းက ဟိုင်နန် ၊ ဟောင်ကောင် ၊ မကာအိုတို့လဲ မလွတ်ပါဘူး ဖိလစ်ပိုင်ကျွန်းအပြီး တောင်တရုတ်ပင်လယ်ထဲ ဆက်ထွက်လာနေကျ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အနည်းနဲ့အများတော့ ခံကြရတာပါဘဲ။ အဲဒီမုန်တိုင်းတွေရဲ့ အရှိန်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာပါ ဒေသအလိုက်ကွက်ပြီး မိုးများများရွာခဲ့ကာ ဒေသအလိုက် တချို့နေရာတွေမှာ ရေကြီးတာတွေတွေ့ရပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ခဲ့သမျှ မုန်တိုင်းများ၏လမ်းကြောင်းပြပုံ

စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ KETSANA(ONDOY) နဲ့ PARMA(PEPENG) ကြောင့် –

  • လေဖိအားနည်းရပ်ဝန်းသာသာအဆင့်လောက်သာ ရှိခဲ့ပေမဲ့ မိုးရေချိန် ၁၇ လက်မ နီးပါးရွာခဲ့လို့ မနီလာမြို့တော်မှာ အနှစ် ၄ဝ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာလေ့လာခွင့်ရခဲ့ပါတယ်၊
  • မုန်တိုင်းတစ်ခုရယ်လို့ ဖြစ်ပေါ်လာရင် လေတိုက်နှုန်းပြင်းမှ ကြောက်စရာကောင်းတာမဟုတ်ပဲ မိုးရေချိန်များများရွာသွန်းတဲ့အခါမှာလဲ ကြောက်စရာကောင်းတယ်ဆိုတာ သိခွင့်ရပါတယ်၊
  • ပြီးတော့ – ကျနော်တို့ FUJIWAHRA EFFECT အကြောင်းသိခွင့်ရခဲ့ပါတယ်၊ FUJIWHARA EFFECT ကြောင့် ပုံမှန်လမ်းကြောင်း သွားနေတဲ့ မုန်တိုင်းတစ်ခုဟာ ဦးတည်ရာတွေပြောင်းသွားပြီး ဝင်ပြီးသားနေရာကို ထပ်ခါတလဲလဲဝင်ရောက်တိုက်ခတ်တတ်တယ် ဆိုတာလေ့လာခွင့်ရခဲ့ပါတယ်၊

ဒါကြောင့် “အဆိုးထဲကအကောင်း” လို့ ရှုမြင်မှတ်ယူပြီး ဒီလေ့လာတွေ့ရှိချက်များကို mmweather ပရိသတ်များ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတပွားများစေဘို့ ရည်ရွယ်ရေးသားလိုက်ကြောင်းပါခင်ဗျား ….

ဦးဝင်းနိုင် (mmweather administration team)

Advertisements

တိုင်ဖွန်း CHOI-WAN ဖြတ်တိုက်နေတဲ့ ကျွန်းငယ်လေးများ

ဒီနေ့နံနက် မြန်မာစံတော်ချိန်နဲ့ ၁၁နာရီမှာရိုက်ထားတဲ့ ဂြိုလ်တု ဓါတ်ပုံအရ စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN ရဲ့ အဖျားပိုင်းတိမ်တိုက်တွေဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို အကျိုးသက်ရောက်မှုစတင်နေပြီဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။ ပုံမှာ အစက်လေးတွေအဖြစ်သာတွေ့မြင်ရတဲ့ Iwo To, Haha Jima နဲ့ Chichi Jima ကျွန်းလေးတွေကတော့ မုန်တိုင်းရဲ့ တိုက်ရိုက်နီးပါးဖြတ်သန်းတိုက်ခိုက်တာကို ခံရမှာဖြစ်ပါတယ်။ အချင်းမီတာ ၁ဝဝဝ (မိုင်အားဖြင့် ၅၄ဝ လောက်) ရှိတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု ဒီကျွန်းလေးတွေရဲ့ ဘေး မိုင်၁၅၆ မိုင် အကွာလောက်က ဖြတ်သွားမှာဆိုတော့ လေတိုက်ခတ်မှုနဲ့ မုန်တိုင်းဒီရေလွှမ်းမိုးမှု ပြင်းပြင်းထန်ထန်ခံရဘွယ်ရှိကြောင်း သတိပေးချက်တွေလဲ ထုတ်ပြန်ထားပါတယ်။

အခုမုန်တိုင်းတိုက်ခတ်ရာလမ်းကြောင်းမှာ ဆိုးဆိုးရွားရွားထိခိုက်မှာကတော့ Iwo To, Haha Jima နဲ့ Chichi Jima လို့ခေါ်တဲ့ Ogasawara မီးတောင်ကျွန်းစုလေးက ကျွန်းလေးတွေဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့အတွက် စောစောစီးစီးဘဲ မုန်တိုင်းဒဏ်က လွတ်ကင်းရာကို  ရွှေ့ပြောင်းထားခဲ့ကြပြီ လို့ သိရပါတယ်။ ဒီကျွန်းလေးတွေထဲမှာ Iwo To ကျွန်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလမှ မတ်လအတွင်း ဖြစ်ခဲ့တဲ့ Battle of Iwo Jima စစ်ပွဲကြောင့် လူသိများပြီး လေယာဉ်ကွင်းတွေနဲ့ အဆောက်အဦတချို့ ရှိပါတယ်။
Iwo-To-Island

760px-Ogasawara_islands

စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update#4

စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN ဟာ အင်အားလျော့လာပြီး မုန်တိုင်း အဆင့်-၄ CAT-4 သို့ ရောက်ရှိလာကြောင်း Typhoon2000(T2K) မှသတိပေးချက်တွင် ဖေါ်ပြထားပါသည်။ နောက်လာမဲ့ ၂၄ နာရီအတွင်းမှာ မြောက်-အနောက်မြာက်ဘက်သို့ လမ်းကြောင်းပြောင်း ရွေ့လျားပြီးတဲ့နောက် အင်အားထပ်ပြီးလျော့ကျလာမှာဖြစ်ကြောင်း၊ ဒါဟာ စနေနေ့ မြန်မာစံတော်ချိန်နဲ့ ည ၇နာရီခွဲ နောက်ပိုင်းမှာဖြစ်လာမှာလို့ ခန့်မှန်းထားပြီး – လာမဲ့တနင်္လာနေ့ စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲနောက်ပိုင်းမှာတော့ အပူပိုင်းမုန်တိုင်း အဆင့်အထိလျော့ကျသွားမှာဖြစ်တဲ့အကြောင်း ခန့်မှန်းတွက်ချက်ထားတာကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံတောင်ဘက်က Iwo To ကျွန်းရဲ့ အနောက်တောင်ဘက် ၁၇၅ မိုင်လောက်မှာ ဗဟိုပြုနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီလျှင် ၁ဝ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။ ပြီးတော့ မုန်တိုင်းဗဟိုမှာ ဒီလှိုင်းအမြင့် ၃၉ ပေအထိရှိကြောင်း JTWC သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အခုအချိန်အထိ ပင်ရေပြင်ပေါ်မှာသာ ရွေ့လျားနေဆဲဖြစ်ပြီးတော့ ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်မဲ့အခြေအနေလဲမရှိတာကြောင့် TSR သတိပေးချက်တွေထုတ်ပြန်ခြင်းမရှိပါဘူး။ လာမဲ့ ၄၈ နာရီခန့်မှန်းချက်အနေနဲ့တော့ ဂျပန်နိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်း တိုကျိုပတ်ဝန်းကျင်ဒေသတွေမှာမုန်တိုင်းအဖျားခတ်တာရှိမှာဖြစ်ကြောင်း အောက်ပါပုံမှာတွေ့မြင်နိုင်ပါတယ်။

အခုအချိန်အထိ ပင်ရေပြင်ပေါ်မှာသာ ရွေ့လျားနေဆဲဖြစ်ပြီးတော့ ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်မဲ့အခြေအနေလဲမရှိတာကြောင့် TSR သတိပေးချက်တွေထုတ်ပြန်ခြင်းမရှိပါဘူး။ လာမဲ့ ၄၈ နာရီခန့်မှန်းချက်အနေနဲ့တော့ ဂျပန်နိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်း တိုကျိုပတ်ဝန်းကျင်ဒေသတွေမှာမုန်တိုင်းအဖျားခတ်တာရှိမှာဖြစ်ကြောင်း အောက်ပါပုံမှာတွေ့မြင်နိုင်ပါတယ်။

လာမည့် ၄၈ နာရီခန့်မှန်းချက်ပြ ပုံ (TSR)


လာမည့် ၅ ရက်အတွက် မုန်တိုင်းလမ်းကြောင်းနှင့် အင်အားပြ ပုံ

ဂျပန်နိုင်ငံသို့ ချဉ်းကပ်လာနေသော Super Typhoon Choi-Wan

0914-00

Super Typhoon Choi-Wan ဟာ အခုဆိုရင် ဂျပန်နိုင်ငံကို ခြိမ်းခြောက်စပြုလာတာတွေ့ရပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ဂျပန်မိုးလေဝသဌာနက တိုင်းထွာခန့်မှန်းချက်အရ ၁၉ ရက်နဲ့ ၂ဝရက်နေ့တွေမှာ ဂျပန်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ခြိမ်းခြောက်လာနိုင်တဲ့အနေအထားကို တည့်တည့်ကြီး မဟုတ်ရင်တောင်မှ အဖျားခတ်တိုက်ခံရမဲ့ အန္တရာယ်ရှိနေတဲ့အကြောင်း အခုလိုမြင်ရမှာဖြစ်ပါတယ်။

ChoiWan-0140-2km

ဂျပန်မိုးလေဝသဌာနမှ ထုတ်ပြန်သော ကြေငြာချက်

စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update#3

စူပါတိုင်ဖွန်းမုန်တိုင်း Choi-wan သည် မြောက်ပိုင်းသို့ရောက်ရှိလာလျှင် သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်ကျဆင်းလာမှုကြောင့် အင်အားလျော့လာနိုင်ကြောင်း ခန့်မှန်းပြီးဖြစ်ရာ မြောက်ပစိဖိတ်သမုဒ္ဒရာသို့ ဝင်ရောက်မည့် စက်တင်ဘာလ ၁၉ ရက် (စနေနေ့)နှင့် နောက်ပိုင်းတွင် တဖြည်းဖြည်းအင်အားလျော့ကျလာနိုင်ကြောင်း ထပ်မံအတည်ပြုထုတ်ပြန်ချက်များကို တွေ့ရပါသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် မြန်မာစံတော်ချိန်ဖြင့် ၆ နာရီခွဲအချိန် TSR ထုတ်ပြန်ချက်အရ စူပါတိုင်ဖွန်းမုန်တိုင်း အဆင့်-၅ CAT-5 မှ အဆင့်-၄ CAT-4 သို့ လျော့ကျသွားကြောင်း သိရပါသည်။ လာမည့် ၄၈ နာရီနောက်ပိုင်း စက်တင်ဘာလ ၁၉ ရက်နေ့ နောက်ပိုင်းတွင် အင်အား အဆင့်-၃ မှထပ်မံအားလျော့သွားပြီး စက်တင်ဘာလ ၂၁ ရက် နံနက် တွင် အပူပိုင်းမုန်တိုင်းအဆင့်သို့ရောက်ရှိသွားနိုင်ကြောင်း ကြိုတင်ခန့်မှန်း ထုတ်ပြန်ထားပါသည်။

Super Typhoon ChoiWan ၏ မုန်တိုင်းမျက်စေ့သည် ယခုအချိန်ထိ ထင်ရှားစွာတွေ့နေရဆဲဖြစ်ပြီး ၄၁ ပေ မြင့်သည့်  မုန်တိုင်းဒီလှိုင်းများသည် Iwo To နှင့် Chichi Jima ကျွန်းများတစ်လျောက်ကျရောက်အန္တရာယ်ပေးနိုင်ကြောင်း သတိပေးထုတ်ပြန်ထားပါသည်။

=======================================================================

Reference Information from Typhoon 2000 update#14

CHOI-WAN (15W) MAX WIND SPEED PER AGENCY:

+ USA (JTWC/1-min avg): 260 km/hr
+ Beijing (NMC/2-min avg): 230 km/hr
+ Taiwan (CWB/10-min avg): 200 km/hr
+ Korea (KMA/10-min avg): 185 km/hr
+ Japan (JMA/10-min avg): 185 km/hr

Time/Date: 6:00 AM PST Thu September 17 2009
Location of Eye: 20.1 N Lat 141.1 E Lon
Distance 1: 525 km (283 nm) South of Iwo To
Distance 2: 635 km (345 nm) East of P.A.R.
Distance 3: 710 km (383 nm) South of Chichi Jima
Distance 4: 1,990 km (1,075 nm) East of Batanes, PH
MaxWinds (1-min avg):
260 kph (140 kts) near the center
Peak Wind Gusts: 315 kph (170 kts)
Saffir-Simpson Scale: Category 5
Coastal Storm Surge Height: >18 feet [>5.5 m]
Central Pressure: 918 millibars (hPa)
Recent Movement: NW @ 11 kph (06 kts)
General Direction: Iwo To-Chichi Jima Islands
Size (in Diameter): 1,000 km (540 nm) / Very Large
Max Sea Wave Height (near center): 41 ft (12.4 m)
NWS-Guam TrackMap (for Public): 7 AM PST Thu Sep 17
JTWC Ship Avoidance TrackMap:
18Z Wed Sep 16
Multi-Agency Forecast TrackMap: 2 AM Thu Sep 17
TSR Wind Probabilities: Current to 5-days Ahead
Zoomed Satellite Pic:
Near Real-Time
Wunderground Animation: 6-12 hr. GIF Loop

  • Forecast Outlook: CHOI-WAN is expected to continue moving NW to NNW within the next 12 to 24 hours. The 2 to 5-day Long-Range Forecast shows the howler recurving Northward to NNE-ward, passing about 135 km to the west of Iwo To tomorrow aftermoon Sep 18 and about 130 km to the west of Chichi Jima on early Saturday morning, Sep 19. CHOI-WAN shall start to weaken as it accelerates further to the NE across a slightly cooler Northwestern Pacific Ocean, just south of Kuril Islands and shall become Extratropical by early Tuesday morning Sep 22.Effects: CHOI-WAN’s dangerous main core (eye & eyewall) remains over warm open seas…with its outer bands now spreading across Iwo To…and across Chichi Jima later today. 1-day rainfall accumulations of 50 up to 250 mm can be expected along CHOI-WAN’s rainbands…with isolated accumulations of up to 400 mm near the center of CHOI-WAN or along its Eyewall. Possible coastal Storm Surge flooding of more than 18 feet above normal tide levels…accompanied by large and dangerous battering waves…is possible along the coastal areas of Iwo To and Chichi Jima. Catastrophic damage is likely on this type of storm surge.

  • စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update#2

    Distance 1: 510 km (275 nm) NNW of Saipan, CNMI
    Distance 2: 675 km (365 nm) SSE of Iwo To
    Distance 3: 830 km (450 nm) East of P.A.R. ဖိလစ်ပိုင် ပိုင်နက်မိုးလေဝသတိုင်းထွာရေးပိုင်နက်မှ မိုင် ၄၅ဝ
    Distance 4: 865 km (468 nm) SE of Chichi Jima
    Distance 5: 2,195 km (1,185 nm) ESE of Batanes, PH
    MaxWinds (1-min avg):
    260 kph (140 kts) near the center
    Peak Wind Gusts: 315 kph (170 kts)
    Saffir-Simpson Scale: Category 5
    Coastal Storm Surge Height: >18 feet [>5.5 m]
    Central Pressure: 918 millibars (hPa)
    Recent Movement: WNW @ 17 kph (09 kts)
    General Direction: Iwo To-Chichi Jima Islands များသို့ဦးတည်ရွေ့လျားလျှက်ရှိ
    Size (in Diameter): 1,155 km (625 nm) / Very Large မုန်တိုင်းအချင်း ၁၁၅၅ ကီလိုမီတာ(၆၂၅ နော်တီကယ်မိုင် – ၇၂ဝ မိုင်) “အလွန်ကြီးမား
    Max Sea Wave Height (near center): 39 ft (11.8 m) ဗဟိုချက်၌ မုန်တိုင်းဒီရေ ၃၉ ပေ (၁၁.၈ မီတာ)
    NWS-Guam TrackMap (for Public): 1 PM PST Wed Sep 16
    JTWC Ship Avoidance TrackMap:
    00Z Wed Sep 16
    Multi-Agency Forecast TrackMap: 8 AM Wed Sep 16
    TSR Wind Probabilities: Current to 5-days Ahead
    Zoomed Satellite Pic:
    Near Real-Time
    Wunderground Animation: 6-12 hr. GIF Loop

    Super Typhoon CHOI-WAN (15W) သည် အဆင့်-၅ CAT – 5 ဖြင့် မာရီယားနားကျွန်းစုမှ ထွက်ခွာပြီဖြစ်ပါသည်။

    *Kindly refer to your local warnings & bulletins issued by your country’s official weather agency. This advisory is intended for additional information purposes only.
    Forecast Outlook: CHOI-WAN is expected to begin turning to the NW within the next 12 to 24 hours and may reach its peak wind speed of 270 kph before starting to lose strength. The 2 to 5-day Long-Range Forecast shows the howler recurving Northward to NNE-ward, passing about 110 km to the west of Iwo To on early Friday morning Sep 18 and about 170 km to the west of Chichi Jima on late Friday afternoon. CHOI-WAN shall continue to weaken as it accelerate further to the NE across a slightly cooler Northwestern Pacific Ocean.
    Effects: CHOI-WAN’s dangerous main core (eye & eyewall) remains over warm open seas…its inner bands no longer affecting Agrihan and Alamagan Islands…Outer bands still hovering across the rest of Northern Marianas – bringing rains and winds not in excess of 60 kph. Typhoon conditions w/ winds of more than 200 kph can be felt along the path of CHOI-WAN. 1-day rainfall accumulations of 50 up to 250 mm can be expected along CHOI-WAN’s rainbands…with isolated accumulations of up to 400 mm near the center of CHOI-WAN or along its Eyewall. Residents in low-lying areas & steep slopes must remain alert & seek evacuation for possible life-threatening flash floods, mudslides & landslides due to the anticipated heavy rains brought about by this system. Precautionary measures must be initiated if necessary. Possible coastal Storm Surge flooding of more than 18 feet above normal tide levels…accompanied by large and dangerous battering waves…is possible along the coastal areas of Northern Marianas. Catastrophic damage is likely on this type of storm surge.

    စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN update

    တစ်ကမ္ဘာလုံးမှာ အခု စူပါတိုင်ဖွန်းမုန်တိုင်း CHOI-WAN ပဲ ကျန်ပါတော့တယ်။ CHOI-WAN က အခုဆိုရင် အဆင့်-၅ – အဆင့်အမြင့်ဆုံး စူပါတိုင်ဖွန်းမုန်တိုင်းကြီး အဖြစ်သို့ရောက်ရှိပြီး တစ်နာရီကို မိုင် ၁၆ဝ မှ ၁၉၅ မိုင်အထိ ပြင်းထန်တဲ့ လေတိုက်နှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီ ၁၁ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းအရှေ့ဘက် မိုင် ၁၃ဝဝ ကျော် (ကီလိုမီတာ ၂၆ဝဝ ခန့်)မှာ ရောက်နေတဲ့ ဒီစူပါတိုင်ဖွန်းမုန်တိုင်းဟာ သောကြာနေ့ GMT 0900PM မြန်မာစံတော်ချိန်နဲ့ စနေနေ့ မနက် ၁ နာရီခွဲလောက်ကျရင်တော့ အားပြန်ပျော့သွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထား ကြတာကို တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာတော့ အဆင့်-၅ CAT-5 Super Typhoon အဖြစ်နဲ့ Alamagan-Agrihan Islands ကို ဖြတ်ကျော်တိုက်နေပြီလို့ သိရပါတယ်။

    စူပါတိုင်ဖွန်းမုန်တိုင်းကြီးရဲ့ အချင်းပမာဏဟာ ၉၂၅ ကီလိုမီတာ – (၅၇၅ မိုင် – ၅ဝဝ နော်တီကယ်မိုင်) အထိရှိနေပြီး အလွန်ကြီးမားတဲ့ အရွယ်အစားဖြစ်ပါတယ်။

    ကမ္ဘာ့မိုးလေဝသ ခန့်မှန်းတိုင်းတာရေးအဖွဲ့တွေက တိုင်းတာရရှိတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့  လေတိုက်နှုန်းတွေကို  အောက်မှာ  ဖေါ်ပြပေးလိုက်ပါတယ်။

    CHOI-WAN (15W) MAX WIND SPEED PER AGENCY:
    (will be updated here as soon as mmweather gets info)


    + USA (JTWC/1-min avg): 260 km/hr
    + Beijing (NMC/2-min avg): 230 km/hr
    + Korea (KMA/10-min avg): 195 km/hr
    + Taiwan (CWB/10-min avg): 195 km/hr
    + Japan (JMA/10-min avg): 185 km/hr

    ChoiWan-0140-2km

    click on picture to view original size 222 KB

    တစ်ကမ္ဘာလုံးတွင် တစ်ခုသာကျန်တော့သော Super Typhoo Choiwan

    5 Days – forecast map