Watch LUPIT here

အပူပိုင်းမုန်တိုင်း LUPIT အားဆက်လက်လေ့လာလိုပါက ဤစာမျက်နှာတွင် ဆက်လက် ကြည့်ရှုပေးပါရန်။

ကျေးဇူးတင်ပါသည်။

mmweather administration team

တိုင်ဖွန်းမုန်တိုင်း LUPIT နောက်ကြောင်းပြန်လှည့်ဦးမည်လော?

တိုင်ဖွန်းမုန်တိုင်း LUPIT ၏ လမ်းကြောင်းအခြေအနေမှာ ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်း PARMA ကဲ့သို့ မရေမရာ အခြေအနေသို့ ဖြစ်လာနေကြောင်း တွေ့ရပြန်ပါသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ မုန်တိုင်း LUPIT သည် မြောက်ဘက်မှာ အရှေ့-အရှေ့မြောက်ဘက် သို့ ပြန်လည်ဦးလှည့်ကာ ဂျပန်နိုင်ငံတောင်ဘက်ဆီသို့ ဦးတည်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနမှ လာမည့် ၅ ရက်ကြိုတင် ခန့်မှန်းချက်ပြပုံတွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။ ယခုတစ်ကြိမ်တွင် Fujiwhara effect ကဲ့သို့ အင်အားပြင်း သည့် စူပါတိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု အနီးတွင် ရှိနေ၍ နောက်ကြောင်းပြန်လှည့်ခြင်းကား မဟုတ်ပါ။ ဒေသအတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်း/များမှု အခြေအနေများကြောင့်သာ ဖြစ်ကြောင်း ဂျပန်မိုးလေဝသဌာန ကြိုတင်ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။ ထို့ပြင် ခြောက်သွေ့အေးမြသောလေများ မုန်တိုင်းဗဟိုသို့ စီးဝင်မှုကလည်း မုန်တိုင်းကို အားလျော့စေပါသည်။ တောင်ဘက်သို့ ဦးတည်ရာလမ်းကြောင်းပြောင်းလာပြီး ပူနွေး၍စိုထိုင်းဆများသည့် လေများနှင့် ထိတွေ့မှု မရှိမချင်း မုန်တိုင်းမှာ အားပြန်ကောင်းလာလိမ့်မည်မဟုတ်ဟု WUND မှ မိုးလေဝသပညာရှင် တစ်ဦး၏ ဆောင်းပါး၌ ရေးသားဖေါ်ပြထားသည်ကို မှတ်သားရပါသည်။

ဖိလစ်ပိုင်နိုင်ငံအတွက် စိတ်အေးရမည့်အခြေအနေဖြစ်လာသည်ဟု ဆိုနိုင်ပါသည်၊ လုံးဝစိတ်ချရသော အနေအထားကား မဖြစ်သေးပါ၊ လာမည့် ၄၈ နာရီ – အောက်တိုဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီ 00:00 UTC အထိစောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။ ဖြစ်ပေါ်ခဲ့ပြီးသော အခြေအနေများအရ မုန်တိုင်း၏ လမ်းကြောင်းမှ မူလ ခန့်မှန်းထားသည့် လမ်းကြောင်းမှ မြောက်ဘက်သို့ သိသိသာသာ ပြောင်းလဲ ရွေ့လျားနေကြောင်း တွေ့မြင်ခဲ့ပြီးဖြစ်ပါသည်။

ဂျပန်မိုးလေဝသ-၅ရက်-ကြိုတင်ခန့်မှန်းပုံ

မိုးလေဝသဌာန ၆ ခုမှ ခန့်မှန်းလမ်းကြောင်းများတွင် JTWC မှ အပ ကျန်နိုင်ငံများက အရှေ့-အရှေ့မြောက်ဘက်သို့ ပြန်လည်ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည့်ပုံ ကို ယခုလိုတွေ့မြင်နိုင်ပါသည်။

23OCT-တိုင်ဖွန်းမုန်တိုင်း LUPIT update-01

တိုင်ဖွန်းမုန်တိုင်း LUPIT သည် အပူပိုင်းမုန်တိုင်းအဆင့်အထိ လျော့ကျသွားပြီဖြစ်ပြီး အရွယ်အစားမှာလည်း အချင်း ၄၈ဝ နော်တီကယ်မိုင်(၅၅၂ မိုင်) သို့ အနည်းငယ်လျော့သွားကြောင်း T2K Storm Track #024 တွင်ဖေါ်ပြပါရှိပါသည်။

အောက်တိုဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၆း၃ဝ တွင်ရရှိသော TSR data အရ အပူပိုင်းမုန်တိုင်း LUPIT သည် ထိုင်ဝမ်ကျွန်း တောင်ဘက်စွန်းရှိ HENGCHUN နှင့် MANJHOU မြို့များ၏ အရှေ့တောင်ဘက် မိုင် ၂၇ဝ ခန့်သို့ ရောက်ရှိဗဟိုပြုကာ အနောက်ဘက်သို့ တစ်နာရီလျှင် ၉ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိကြောင်းသိရပါသည်။

၎င်းသည် လာမည့် ၄၈ နာရီနောက်ပိုင်းတွင် မြောက်ဘက်သို့ဦးတည်ရွေ့လျားနိုင်ဘွယ်ရှိပြီး ထိုင်ဝမ်ကျွန်းတောင်ဘက်ပိုင်းသို့ ဦးတည်နိုင်ကြောင်း သိရပါသည်။

ယနေ့နံနက် ဝ၉း၃ဝ နာရီတွင် ရရှိသော ဂြိုလ်တုဓါတ်ပုံ