မုန်တိုင်း NIDA လေဖိအားနည်းရပ်ဝန်းအဆင့်သို့လျော့ကျ

လေဖိအားနည်းရပ်ဝန်းအဆင့်သို့လျော့ကျသွားပြီဖြစ်သော မုန်တိုင်း NIDA သည် ယနေ့နံနက် 0300 GMT check time တွင် မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့်ဆက်လက်ရွေ့လျားနေပြီး ယမန်နေ့က ခန့်မှန်းထားသည့်အတိုင်း ပိုမိုအေးမြပြီး ခြောက်သွေ့သော လေထု အခြေအနေကြောင့် လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း လုံးဝ အားပျော့ပျက်ပျယ်သွားတော့မည် ဖြစ်ကြောင်း JTWC data များအရ သိရပါသည်။ NIDA နှင့် ပတ်သက်၍ JTWC ၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပါသည်။

ပစိဖိတ်အနောက်ပိုင်းတွင် ထပ်မံဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း

ဂူအမ်ကျွန်း အနောက်ဘက် ၁၁ဝ နော်တီကယ်မိုင် (၁၂၇ မိုင်ခန့်) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး  နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်မည့် အလားအလာကောင်းလျှက်ရှိကြောင်း ဂူအမ်ကျွန်း၏ မိုးလေဝသ ရေဒါတွင် တွေ့မြင်နေရကြောင်း JTWC ခန့်မှန်းချက်တွင်ဖေါ်ပြထားပါသည်။ mmweather မှ ရရှိမည့် သတင်းများကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားမည်ဖြစ်ပါသည်။

တိုင်ဖွန်းမုန်တိုင်း NIDA ဂျပန်ပင်လယ်သို့ ဆက်လက်ရွေ့လျားနေ

ယနေ့နံနက် ဖိလစ်ပိုင်နိုင်ငံစံတော်ချိန် ၆းဝဝ နာရီ T2K မှ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ရာတွင် တိုင်ဖွန်းမုန်တိုင်း NIDA သည် အဆင့်-၁ မှ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ဆက်လက်၍အားလျော့လာနေပြီး မြောက်-အနောက်မြောက်ဘက်သို့ လမ်းကြောင်းပြောင်းရွေ့လျားနေသည်ဟု ဖေါ်ပြပါရှိပါသည်။

မုန်တိုင်း NIDA ၏ ဖြစ်ပေါ်ပြောင်းလဲ မှု အခြေအနေများကို ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည်။

မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေခြင်းကြောင့် အမြင့်ပိုင်းတွင်တိုက်ခတ်နေသော လေစီးကြောင်းအရှိန်မြင့်တက်လာကာ မုန်တိုင်း၏ အပေါ်ပိုင်းအစိတ်အပိုင်းများသို့ အေးမြခြောက်သွေ့သော လေများစီးဝင်လာစေခြင်း၊ ပင်လယ်ရေမျက်နှာပြင်အေးလာခြင်းနှင့် လေထုစိုထိုင်းဆ ကျဆင်းလာခြင်းတို့သည် မုန်တိုင်း NIDA ကို အားလျော့လာစေသည့် အချက်များဖြစ်ကြောင်း လေ့လာနိုင်ပါသည်။

လက်ရှိအချိန်တွင် မုန်တိုင်း NIDA သည် ဖိလစ်ပိုင် မိုးလေဝသပိုင်နက်၏ အရှေ့ဘက် ၁ဝ၅ မိုင်ခန့်တွင် ဗဟိုပြုနေပြီး၊ မြောက်/အနောက်မြောက်ဘက် သို့ တစ်နာရီလျှင် ၁၁ ကီလိုမီတာနှုန်း( တစ်နာရီလျှင် ၇ မိုင်နှုန်းခန့်) ဖြင့် ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်းရွေ့လျားနေမှုအခြေအနေအရ ပင်လယ်ပြင်တွင်သာရှိနေပြီး ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်နိုင်မည့်အခြေအနေမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

အောက်ဖေါ်ပြပါပုံတွင် ဒီဇင်ဘာလ ၂ ရက် 0000 UTC အချိန် နိုင်ငံ ၆ နိုင်ငံမှ မုန်တိုင်းလမ်းကြောင်းခန့်မှန်းပုံဖေါ်ထားမှု ကိုတွေ့မြင်နိုင်ပါသည်။

လမ်းကြောင်းပြောင်းသည့် တိုင်ဖွန်းမုန်တိုင်း NIDA

ယနေ့ ဂျပန်စံတော်ချိန် ညနေ ၃ နာရီအချိန်ရရှိသော WUND ပုံတွင် တိုင်ဖွန်းမုန်တိုင်း NIDA သည် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ဆက်လက်အားလျော့ကာ မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားလျှက်ရှိရာ ယမန်နေ့က ခန့်မှန်းထားသော လမ်းကြောင်းမှ ပြောင်းလဲသွားပြန်ကြောင်း တွေ့မြင်ရပါသည်။ လေတိုက်နှုန်း တစ်နာရီလျှင် ၈၅ မိုင်မှ ၁ဝ၅ မိုင်နှုန်းအထိရှိပြီး ဂျပန်နိုင်ငံ တောင်ဘက် ပင်လယ်အတွင်းရှိ Iwo Two ကျွန်းငယ်လေး၏ အနောက်တောင်ဘက် မိုင် ၃၅ဝ ခန့်တွင် ဗဟိုပြုနေကြောင်း သိရပါသည်။

လာမည့် ၂၄ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းမှ အပူပိုင်းမုန်တိုင်းအဆင့်သို့ ဆက်လက်၍ အားလျော့သွားမည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်တွင်ဖေါ်ပြထားပါသည်။ မုန်တိုင်း၏ လမ်းကြောင်းကြိုတင်တွက်ချက်မှုများအရ ပင်လယ်ပြင်တွင်သာ ဆင်လက်ရွေ့လျားနေမည်ဖြစ်ပြီး ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်မည့် အခြေအနေရှိမည်မဟုတ်ကြောင်းလည်း သိရပါသည်။

  • မုန်တိုင်းအခြေအနေနှင့် ပြင်းအားအဆင့်တို့ကို ဤနေရာတွင် လေ့လာစောင့်ကြည့်နိုင်ပါသည်။
  • မုန်တိုင်း၏ လမ်းကြောင်းပြောင်းလဲ မှု အခြေအနေကို ၆ နိုင်ငံ မိုးလေဝသဌာန တို့မှ ခန့်မှန်းတွက်ချက်ပုံအား ဤနေရာတွင် လေ့လာစောင့်ကြည့် နိုင်ပါသည်။