လေဖိအားနည်းရပ်ဝန်းအဆင့်သို့လျော့ကျသွားပြီဖြစ်သော မုန်တိုင်း NIDA သည် ယနေ့နံနက် 0300 GMT check time တွင် မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့်ဆက်လက်ရွေ့လျားနေပြီး ယမန်နေ့က ခန့်မှန်းထားသည့်အတိုင်း ပိုမိုအေးမြပြီး ခြောက်သွေ့သော လေထု အခြေအနေကြောင့် လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း လုံးဝ အားပျော့ပျက်ပျယ်သွားတော့မည် ဖြစ်ကြောင်း JTWC data များအရ သိရပါသည်။ NIDA နှင့် ပတ်သက်၍ JTWC ၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပါသည်။
ပစိဖိတ်အနောက်ပိုင်းတွင် ထပ်မံဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း
ဂူအမ်ကျွန်း အနောက်ဘက် ၁၁ဝ နော်တီကယ်မိုင် (၁၂၇ မိုင်ခန့်) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်မည့် အလားအလာကောင်းလျှက်ရှိကြောင်း ဂူအမ်ကျွန်း၏ မိုးလေဝသ ရေဒါတွင် တွေ့မြင်နေရကြောင်း JTWC ခန့်မှန်းချက်တွင်ဖေါ်ပြထားပါသည်။ mmweather မှ ရရှိမည့် သတင်းများကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားမည်ဖြစ်ပါသည်။