ဘင်္ဂလားပင်လယ်အော်မှ အပူပိုင်းမုန်တိုင်း WARD

အပူပိုင်းမုန်တိုင်း WARD အခြေအနေ update

အပူပိုင်းမုန်တိုင်း WARD ၏ လက်ရှိအခြေအနေ – Current probability of tropical storm winds – auto update

One Response to “ဘင်္ဂလားပင်လယ်အော်မှ အပူပိုင်းမုန်တိုင်း WARD”

  1. YoungGun Says:

    တခါတုန်းက နေပေါ်မှာ Sunspot တွေ ဖြစ်တိုင်း ကမ္ဘာမှာ ငလျင်နဲ့ မုန်တိုင်းတွေ သိသိသာသာ ဖြစ်တတ်တယ်လို့ သိသမျှ ရေးချသွားဖူးတဲ့ Young Gun ပါ.။ အခု ကျနော့်ဘလော့ဂ်လေးမှာ ရေးထားတဲ့ အကြောင်းအရာက ဒီဆိုဒ်နဲ့ ဆက်နွယ်မယ်ထင်လို့ ဒီမှာ နည်းနည်းလာတင်ပါတယ်။

    လွန်ခဲ့တဲ့ သြဂုတ်လဝန်းကျင်လောက်က လနှစ်စင်းထွန်းလင်းသလို တောက်ပလာမယ်လို့ ကမ္ဘာနဲ့ အဝှမ်းမှာ ကောလာဟလတွေ ဖြစ်ပွားခဲ့တဲ့ အင်္ဂါဂြိုဟ်ဟာ မကြာခင် ၁၉.၁.၂ဝ၁ဝ ရက်နေ့ကနေ လကုန်အထိ ကမ္ဘာနဲ့ အတန်ငယ် နီးကပ်လာမယ်လို့ လေ့လာသိရှိရပါတယ်။

    အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့ မြန်မာနဲ့ အရှေ့တိုင်းအိန္ဒိယက သုံးတဲ့ နိရာယနစနစ်အရ ၇.၁ဝ.၂ဝဝ၉ ရက်နေ့မှာ ကရကဋ်ရာသီကို စတင်ဝင်ရောက်ပြီး ၂၂.၁၂.၂ဝဝ၉ ရက်နေ့မှာ စတင်နောက်ပြန် (ဝကြ) သွားခဲ့ပါတယ်။ အဲဒီကရကဋ် ရာသီမှာပဲ ၂၆.၅.၂ဝ၁ဝ အထိ ၇ လကျော်ကျော် ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အားဖြင့် တစ်ရာသီမှာ တစ်လခွဲလောက်သာ ရပ်လေ့ရှိတဲ့ အင်္ဂါဂြိုဟ်ရဲ့ ဖောက်ပြန်မှု တစ်ရပ်ပါပဲ။

    ကရကဋ်ရာသီမှာ ရပ်တည်ရင်းက အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ နီးလာပြီး တစ်တန်းတည်း ကျနေတာ၊ နိယတုံဆိုတဲ့ တန့်ခနဲဖြစ်မှာတွေကြောင့် ဟောဒီကျွန်တော်တို့ ကမ္ဘာပေါ်မှာ အင်အားပြင်းတဲ့ ငလျင်လှိုင်းတွေ ဖြစ်ပွားလာနိုင်တယ်လို့ မြန်မာပြည်က နှစ်စဉ်သံဒိဌထုတ်ဝေနေတဲ့ ပုဏ္ဍားနက္ခတ်ဆရာကြီး ကာလာစန်က ဟောကြားထားပါတယ်။

    ဒေသအနေနဲ့ကတော့ တရုတ်၊ ဂျပန်၊ ပီရူး၊ ချီလီနဲ့ ပစိဖိတ်အနားပတ် နိုင်ငံတွေရယ်၊ အိန္ဒိယသမုဒ္ဒရာနဲ့ အင်ဒိုနီးရှား၊ ဟိမဝန္တာတောင်ကြောဆက် ဒေသတွေမှာ ငလျင်ပြင်း လှုပ်နိုင်တယ်လို့ ဆိုပါတယ်။

    ဖြစ်ပွားမယ့် အချိန်ဟာ ဖော်ပြပါ ကရကဋ်ရာသီမှာ အင်္ဂါဂြိုဟ်တည်နေတဲ့ ၇ လကျော်အတွင်း ပျမ်းမျှ ခန့်မှန်းထားပေမယ့် ၂ဝ၁ဝ၊ ဇန်နဝါရီမှာ ဖြစ်ကိန်း ပိုများတယ်လို့ သံဒိဌမှာ ဖော်ပြထားပါတယ်။


Leave a comment