တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) တောင်ဘက်ထပ်ဆင်း

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) 23W သည် ယနေ့ 0600 GMT တွင် ရရှိသော အချက်အလက်များအရ လမ်းကြောင်း ခန့်မှန်းချက်မှာ တောင်ဘက်သို့ ၂၅ မိုင်ခန့် ထပ်မံကျဆင်းကြောင်းတွေ့ရပါသည်။

MIRINAE သည် မနီလာမြို့၏ အရှေ့ဘက် ၅၆ဝ နော်တီကယ်မိုင် (၆၂၅ မိုင်ခန့်)တွင်ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် မိုင် ၂ဝ နှုန်းဖြင့် ရွေ့လျားနေပါသည်။ ရွေ့လျားနှုန်းပိုမို မြန်လာသည့်အတွက် ဖိလစ်ပိုင် အရှေ့ဘက်ကမ်းခြေအနီးသို့ ပိုမိုစောစီးစွာ ရောက်လာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁ဝ၅ မိုင်မှ ၁၂၅ မိုင်နှုန်း အထိရှိသော လေပြင်းများသည် လာမည့် ၃၆ နာရီ အတွင်း ၄င်းနိုင်ငံ၏ အရှေ့ဘက် ကမ်းခြေသို့ စတင် တိုက်ခတ်လာနိုင်ဘွယ်ရှိနေပါသည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဆူးဘစ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှ ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်မည့် MIRINAE သည် နိုဝင်ဘာလ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီမတိုင်မီမှာပင် ဗီယက်နမ်ကမ်းခြေကို ဆက်လက် ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

လမ်းကြောင်းပုံဖေါ်နှိုင်းယှဉ်တင်ပြခြင်း ပုံကို click လုပ်၍ ကြည့်ပေးပါရန်

290600GMT-track

 

 

 

 

 

 

29OCT-track

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI)(23W) update#3

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) ဟာ လာမဲ့ ၄၈ နာရီအတွင်း ဖိလစ်ပိုင်အရေ့ဘက်ကမ်းရိုးတန်းနဲ့ ၂၁၅ မိုင်ကွာဝေးတဲ့ နေရာကို အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ချဉ်းကပ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
click on picture to view original size
48hr-28MIRINAE
မုန်တိုင်းဖြတ်သန်းမဲ့လမ်းကြောင်းဟာ ယခင် အောက်တိုဘာလ ၂၇ ရက်နေ့က     ခန့်မှန်းထားတဲ့ လမ်းကြောင်းရဲ့ မြောက်ဘက် မိုင် ၅ဝ ခန့်ကို ရောက်သွားတာ တွေ့ရပါတယ်။ လက်ရှိလမ်းကြောင်း ခန့်မှန်းချက်အရ Santiago မြို့ အနီးမှ ကပ်ပြီးဖြတ်ကျော်မယ်လို့လဲ data ပုံဖေါ်ရရှိချက်တွေအရသိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) ဟာ လာမဲ့ ၄၈ နာရီအတွင်း ဖိလစ်ပိုင်အရေ့ဘက်ကမ်းရိုးတန်းနဲ့ ၂၁၅ မိုင်ကွာဝေးတဲ့ နေရာကို အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ချဉ်းကပ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။မုန်တိုင်းဖြတ်သန်းမဲ့လမ်းကြောင်းဟာ ယခင် အောက်တိုဘာလ ၂၇ ရက်နေ့က ခန့်မှန်းထားတဲ့ လမ်းကြောင်းရဲ့ မြောက်ဘက် မိုင် ၅ဝ ခန့်ကို ရောက်သွားတာတွေ့ရပါတယ်။ လက်ရှိလမ်းကြောင်း ခန့်မှန်းချက်အရ Santiago မြို့ အနီးမှ ကပ်ပြီးဖြတ်ကျော်မယ်လို့လဲ data ပုံဖေါ်ရရှိချက်တွေအရသိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း MIRINAE ဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ လေတိုက်နှုန်း တစ်နာရီကို ၉၅ မှ ၁၂ဝ မိုင်နှုန်းအထိရှိတဲ့ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းဖြစ်နေပြီး ကြာသပတေးနေ့ ဂျပန်စံတော်ချိန် ညနေ ၃ နာရီမှာ အားပိုကောင်းလာပြီး အဆင့်-၃ တိထရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်၊ ရွေ့လျားနေတဲ့ ဦးတည်ရာလမ်းကြောင်းအနေနဲ့လဲ အနောက်ဘက်သို့ ဆက်လက်ကာ တစ်နာရီကို ၁၉ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။